ယဉ်ကျေးမှုဆိုသည်မှာ သိမ့်မွေ့ ပြေပြစ်သော တက်သိလိမ္မာမှ

ယဉ်ကျေးမှုဆိုသည်မှာ သိမ့်မွေ့ ပြေပြစ်သော တက်သိလိမ္မာမှု တိုးတက်ထွန်းကားလာသော
လူမှုအဆင့်အတန်း အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ ထုံးတမ်းဟု ဆိုကြသည်။ မြန်မာတို့သည် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ ထိုအစဉ်အလာကို လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသဖြင့် မြန်မာယဉ်ကျေးမှုသည် ယနေ့ တိုင်ပင် တည်တံနေခဲ့ပေသည်။
ရှေးယခင် လူတို့ သည် ရေကြည်ရာ မြက်နုရာ ဒေသများတွင် ကိုယ့်အစုအဝေးနှင့်ကိုယ် စုစည်းနေထိုင်ခဲ့ကြသည်။ ထိုမှလူအဖွဲ့ အစည်းကောင်းများဖြစ်ပေါ်လာကြသည်။ ထိုမှ တဆင့် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်အနုပညာ စသဖြင့် အသီးသီးပေါ်ပေါက်လာကြသည်။မြန်မာတို့ ၏ယဉ်ကျေးမှုစိတ်ဓါတ်သည် ယခုမှေါ်ပေါက်လာသည် မဟုတ်ပေ။
image
မြန်မာဟူ၍ စတင်ပေါ်ပေါက်ခါစ တကောင်း ပျူ ပုဂံ ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့သည်။ အမိမြေကို ချစ်ခင် ခဲ့ကြသည်။ ရင်ဝယ်ထာဝရ ငြိမ်းချမ်းစွာ ထွေးပိုက်ထားချင်ကြသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသော စကားအတိုင်း လူငယ်တို့ သည် တစ်ချိန် အနာဂတ်တွင် တိုင်းပြည်၏အမွေကို ခံယူကြရမည့် သူများဖြစ်သည်။ လူငယ်တို့ တိုင်းချစ်စိတ် ပြည်ချစ်စိတ် အမျိုးဘာသာ သာသနာ စာပေ ယဉ်ကျေးမှု ချစ်စိတ်ရှိမှသာ အနာဂတ်သာယာပေမည်။ အနာဂတ်များကို လူငယ်တို့ ကျော်ဖြတ်ကြရပေမည်။ ကိုယ့်တိုင်းပြည် မျက်နှာမငယ်ရအောင် လူငယ်တို့ ယဉ်ကျေးမှုစိတ်ဓါတ် အပြည့် အဝရှိရပေမည်။ ယဉ်ကျေးမှုရှိခြင်းကြောင့် အများသူငါ၏ လေးစားခြင်းကို ခံရသည်။ အသွားအလာ အစားအသောက် အပြောအဆို အနေအထိုင် လိမ္မာယဉ်ကျေးမှု ရှိခြင်းသည် လူမျိုးတစ်မျိုး ၏ ဂုဏ်ပင်ဖြစ်ပါသည်။ထို့ ကြောင့်မြန်မာတို့ သည်
ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ယဉ်ကျေးသည်သာမကဘဲ မြန်မာယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေး လက္ခဏာရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်ပေသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now