ဘာမှမရှိတဲ့ ချမ်းသာမှု့

image

ကမ္ဘာပေါ်က လူတွေကတော့ ရုပ်ဝတ္တု ဇိမ်ခံ
ပစ္စည်းတွေကို ပြည့်စုံအောင်ရှာဖွေကြပြီးတော့
လူချမ်းသာဆိုတဲ့ ဘွဲကို ရယူဖို့  ကြိုးစားကြတယ်

ဘယ်သူက ဘီလီယံ ဘယ်လောက်ချမ်းသာတာ

ဘယ်ပုဂ္ဂိလ် ကြီးက ဘယ်ပစ္စည်းကို ဘယ်လို
ဝယ်ပြီးသုံးတာ ဘယ်ဇိမ်ခံအိမ်ကြီးက ဘယ်လို
နေလို့ ထိုင်လို့ ကောင်းပြီး ဘယ်လောက်တောင်
တန်ကြေးရှိတာ ဘယ်ကမ်းခြေကိုသွားပြီး
ဘယ်လောက်အကုန်အကျခံကာ အနာယူတာ
စတဲ့ မိမိတို့ ရဲ့ ဇိမ်ခံပုံ ချမ်းသာပုံတွေကို
တင်ပြပြီး အပြိုင်အဆိုင် ဂုဏ်ယူနေကြတယ်

ကဲ

ဗုဒ္ဓရဲ့ ချမ်းသာမှု့ဆိုတာ ဘာလည်းဆိုတဲ့
အယူအဆကို လေ့လာကြည့်ကြရအောင်ပါ
ဗုဒ္ဓရဲ့ တရားတေိာအတိုင်းနေသူတွေ မြန်မာ
နိုင်ငံမှာ အများကြီးရှိပါတယ်

လူသူအရောက်အပေါက်နည်းပြီး
ဘာဇိမ်ခံပစ္စည်းမှ မသုံပဲနဲ့ 
တောနက်ထဲမှာ သပိတ်တလုံး သင်္ကန်းသုံးထည်
(လူတွေနားလည်လွယ်အောင်ပြောရရင်
ပုဆိုးတထည် အကျီ င်္တထည် စောင်တထည်
စားစရာပုဂံတချက် ) အဲဒါပဲရှိတယ် သောက်ဖို့ 
ရေအိုးတလုံးပဲရှိတယ်
ခေါင်းအုံးမရှိဘူး ဝါးဆစ်ပိတ်ဝါးတခုကို ခေါင်းအုံးတယ် ဒီနေ့ စားစရာရှာတယ် ဒီနေ့ ပဲ
ကုန်အောင်စားတယ် မနက်ဖန်အတွက်ချန်ထား
တာမရှိဘူး အပိုပစ္စည်းဆိုလို့  ဘာတခုမှမရှိဘူး
တနေ့ ကို ထမင်းတနပ်ပဲစားတယ်

အလှအပပစ္စည်း အမွေးအကြိုင်ပစ္စည်း ဇိမ်ခံ
ပစ္စည်း ဆိုလို့  ဘာတခုမှမရှိဘူး

တယောက်တည်းနေတယ် နေမကောင်းလည်း
ပြုစုမဲ့သူမရှိဘူး ဆေးဝါးဆိုတာ သူများလှူမှ
သောက်သုံးရတာ

သူများလှူတာပဲစားရတယ် ဟင်းမျိုးစုံကို
ခွက်တခုတည်းမှာ ရောပြီးစားရတာ ဘာအရသာ
ဆိုတာတောင် မခံစားဘူး

ကဲ

ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတယောက်ကို
အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဘယ်ဘိုထင်မလဲလို့ 
မေးမယ်ဆိုရင်
အင်မတန်သနားစရာကောင်းပြီး ဆင်းရဲဒုက္ခ
အကြီးကြီးရောက်နေသူလို့  ထင်မှာ ပဲနော်

ဗုဒ္ဓက

ချစ်သားတို့  အဲဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စည်းဇိမ်ချမ်းသာဟာ လူ့ ပြည်မှာ အချမ်းသာဆုံး
ခံစားတတ်တဲ့ ဘုရင်စည်းဇိမ်လောက်ကိုမပြောနဲ့ 
သာမန် နတ်တွေ ဗြဟ္မာတွေတောင် အဲဒီပုဂ္ဂိုလ်ရဲ့
စည်းဇိမ်းကို ခံစားနိုင်စွမ်းမရှိဘူး တဲ့

အဲဒီလို ခံစားနိုင်ဖို့ နည်းစနစ်ကို
သာမန်လူတွေတောင်မရနိုင်ဘူးတဲ့
အင်မတန်ကံကောင်းမှ ရနိုင်တာ တဲ့

ကဲ

မိတ်ဆွေတို့ ရော
ယုံကြည်ကြါရဲ့လား

မယုံရင်
သွားရောက်လေ့လာကြည့်ကြပေါ့

မြန်မာနိုင်ငံက
တောတွေ တောင်တွေမှာ
အများကြီး ရှိပါတယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center