လူငယ် နှင့်ငွေကြေး

image

လူငယ်​၊​ငွေ​ကြေးနဲ့ ​နေရာ
^^^^^^^^^^^^^

လူငယ်​​တွေအ​နေနဲ့ ​ကျောင်းပြီးလို့ပညာစုံသည်​ဖြစ်​​စေ၊အ​ကြောင်း​ကြောင်း ​ကြောင့်​ပညာမစုံခဲ့သည်​ဖြစ်​​စေ၊အသက်​၁၈ ၀န်းကျင်​မှာ​တော့လူငယ်​အများစုဟာ အလုပ်​နယ်​ပယ်​​ပေါင်းစုံကို ပုံစံမျိုးစုံနဲ့ ၀င်​​ရောက်​ကြရပါတယ်​။ဒီလိုဝင်​​ရောက်​လုပ်​ကိုင်​ကြကျရာမှာ တချို့ကမိမိဝါသနာပါရာအလုပ်​ကို​ရွေးချယ်​ကြသလို၊တချို့က​တော့ ရရာအလုပ်​ကို ၀င်​​ရောက်​လုပ်​ကိုင်​ကြပါတယ်​။အလုပ်​တစ်​ခုကို စတင်​ပြီးဆိုတာနဲ့ ဒါဟာမိမိနဲ့​ရေရှည်​ အဆင်​​ပြေနိုင်​သလား၊အဆင်​မ​ပြေနိုင်​ဘူးလားဆိုတာကို​တော့ ကိုယ်​တိုင်​အလျင်​အမြန်​ဆုံးဖြတ်​သင့်​ပါတယ်​။မိမိရဲ့ အ​ရေအ​သွေး(ပညာအ​ရေအချင်း)နဲ့ သင့်​​တော်​သလို ​ရွေးချယ်​ကြရပါမယ်​။အဓိက က​တော့ ကိုယ်​​ရွေးချယ်​တဲ့အလုပ်​ဟာ ကိုယ့်​ရဲ့ဝါသနာ နဲ့ ကိုက်​ညီသလား စဉ်းစားသင့်​ပါတယ်​။ကိုယ့်​ဝါသနာမပါတဲ့အရာဟာ ကိုယ့်​ကို အမြင့်​ကို​ရောက်​ဖို့ တွန်းပို့နိုင်​မှာမဟုတ်​ပါဘူး​။ငွေ​ကြေးအတွက်​ လူ​တွေဟာအလုပ်​လုပ်​ကြတာမှန်​​ပေမဲ့ ​အသက်​ငယ်​ရွယ်​ချိန်​မှာ​တော့​ငွေ​ကြေး​နောက်​ကို လိုအပ်​တာထပ်​ပိုပြီး မလိုက်​သင့်​ပါဘူး။ငယ်​ရွယ်​ချိန်​မှာ ပညာရှာ ဆိုသလိုပဲ မိမိဘ၀အတွက်​ ​မိမိေိ​ရွးချယ်​ထားတဲ့​အလုပ်မှာ​​နေရါတစ်​ခုရဖို့ အရင်​ကြိုးစားပါ။အတတ်​ပညာတခုကိုမိမိကကျွမ်းကျင်​လာတာနဲ့အမျှ ​ငွေ​ကြေးဟာ ​နောက်​က သူ့အလိုလို လိုက်​လာပါလိမ့်​မယ်​။အသက်​အရွယ်​ကြီးရင့်​လာချိန်​မှာမှ အလုပ်​အကိုင်​အသစ်​ နယ်​ပယ်​အသစ်​ကို ​ရွှေ့​ပြောင်းတဲ့အခါမှာ ငယ်​ရွယ်​ချိန်​ကထက်​ များစွာပင်​ပန်းပါလိမ့်​မယ်​။မိမိထက်​ ငယ်​ရွယ်​သူတို့ရဲ့​နောက်​မှာ ​နောက်​လိုက်​ အဖြစ်​လုပ်​ကိုင်​​ကောင်း လုပ်​ကိုင်​ရနိုင်​ပါတယ်​။ငယ်​ရွယ်​သူ​တွေနဲ့တူတူလုပ်​ကိုင်​ရပြန်​ရင်​လဲ သူတို့တက်​ကြွမှုမျိုးရှိမ​နေနိုင်​​တော့ပါဘူး။ဒါ​ကြောင့်​ အသက်​အရွယ်​ငယ်​တုန်းမှာ အတတ်​ပညာတစ်​ခုကို​သေချာ​လေ့လာပြီး အသက်​(၃၀)၀န်းကျင်​မှာ​ ​နေရာတခုမှာ အထိုင်​ကျဖို့အ​ရေကြီးတယ်​ဆိုတာကို ဂရုပြုမိဖို့ ​ရေးသားလိုက်​ပါတယ်​။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now