change life

Words
59
Reading
1 min
Listen
Play
8y

ဘဝ တစ်ဆစ်ချိုး
ကျွန်တော် အသက်က အခုချိန်မှာ ၃၈ ကျော်လာပါပီ ၁၉၉၇ မှာ ကျွန်တော်မြိတ်ကို စရောက်ပါတယ် အခုဆိုရင် ၁၀ ကျော်သွားပါပီ။ကျွန်တော် မော်လမြိင်မှာ tv ပြင်တဲ့ ပညာကို ဆရာသိန်းထွေး ဆီက သင်ကြားတက်မြောက် လာခဲ့ပါတယ်။
မိဘတွေက ဝန်ထမ်းဆိုတော့ သူတို့တာဝန်ကျရာ လိုက်ခဲ့ရပါတယ်။ဆရာဆီက ပညာအမွေ ထိုက်သင့်သလောက်ရခဲ့ပါတယ် ။ဆရာက သူတက်သလောက် သိသလောက် ဆရာစားမချ န်သင်ပေးပေမဲ့ ကျွန်တော်မော်လမြိုင်ကနေ မြိတ်ကိုပြောင်းတော့ ပညာ အပြည့်အဝမရခဲ့ရပါဘူး ။ဘယ်တက်နိုင်မလဲ ကံတရားဘဲပေါ့ ဒီလိုနဲ့ မြိတ်ရောက်လာတော့ အခြေအနေက ရွာပါလည်သွားတယ်။မြိတ် ဒေသ စကားအပြော အခေါ်အဝေါ်တွေက ကျွန်တော့်အနေနဲ့ တအားစိမ်းနေပါတယ်။သူတို့ပြောတာ ကျွန်တော် သိပ်နားမလည်ပါဘူး ကျွန်တော်တို့ပြောတာတော့ သူတို့ အကုန်နားလည်ပါတယ်။ကျွန်တော်ကို အရှေ့မှာထားပီး အတင်းတုတ်တာတောင် မသိနားမလည်တဲ့ ဘဝပါ။ MSU. 032
image

change life | Ecency