နွေးထွေးမှု

Words
34
Reading
1 min
Listen
Play
9y

တစ်ဦးတစ်ယောက်တည်း ရပ်တည်ဖို့ မဖြစ်နိုင်တဲ့ လောကကြီးမှာ အများနဲ့ သဟဇာတ ဖြစ်အောင်နေတတ်ဖို့ အင်မတန်ကို အရေးကြီးလှပါတယ်။ လူရယ်လို့ ဖြစ်လာရင် imageအဖော်ရယ်လို့ပါမှ ပြည့်စုံတာမျိုး။ တစ်ဦးနဲ့ တစ်ဦး ကိုယ်ချင်းစာစိတ်ကလေးကို အခြေခံပြီး မေတ္တာရှေ့ထားတတ်မှ တော်ရာကျပါလိမ့်မယ်။ မေတ္တာဆိုတာမျိုးက လုပ်ယူလို့မရပေမယ့် ရယူတတ်ရင် မိုးရာသီမှာ အနွေးထည်ကလေး တစ်ထည်လိုပဲ့ အသုံးဝင်ပါတယ်။ မေတ္တာအနွေးဓာတ်ဆိုတာ ပေးနိုင်လေ ရလေဖြစ်တာမို့ ပေးဆပ်ခြင်းတွေနဲ့ပဲ့ ရှေ့ဆက်ကြပါစို့။

htoo kyaw win

နွေးထွေးမှု | Ecency