ဘုန်းဘုန်းနှင့်ခဏတာ -အပိုင်း -( ၁ )

imageဘုန်းဘုန်းနှင့်ခဏတာ -အပိုင်း -( ၁ )

အာရုံတက်ချိန် အမေ့ရဲ့ကြေးစီသံ ၊မေတ္တာပို့ အမျှဝေသံနှင့်အတူ ကျွန်တော့ရဲ့မင်္ဂလာရှိတဲ့ နံနက်ခင်းလေးစတင်ခဲ့တယ်ပေါ့ဗျာ..။ဒီနေ့ကကျွန်တော်တို့အိမ်က ဆွမ်းဝတ်ပို့ရမယ့်အလှည့်ဗျ..။ကျွန်တော်တို့ရွာကျောင်းမှာက ကိုရင်လဲမရှိ ဘုန်းကြီးဆိုလို့ ကျောင်းထိုင်ဘုန်းကြီးရယ် ခန်းနေဦးစဉ်းနှစ်ပါးရယ်ပဲရှိတာဆိုတော့ ရွာကပဲ မနက်စောတိုင်း ဆွမ်းပို့ဖို့အတွက် ဆယ်အိမ်တစ်ဖွဲ့ ပို့ရမယ်ဆိုပြီး အဖွဲတွေခွဲထားတာဗျ..။အခုမနက်ဆွမ်းပို့ရမှာဆိုတော့ အမေက ”သား..ဘုနိးကြီးကျောင်းကို ဆွမ်းပို့သွားပါအုံး အမေမအားလို့..”ဟုတ်ကဲ့အမေ သားလဲ ကျောင်းကပြန်လာကတည်းက ဘုန်းဘုန်းဆီမရောက်သေးဘူး ဆိုပြီး ဆွမ်းအုပ်လေးလက်ကပိုက်ကာ ကျွန်တော်တို့အိမ်နဲ့အတူ ဆွမ်းအလှည့်ကျတဲ့ ကျန်တဲ့ကိုးအိမ်ကို ”ဆွမ်းပို့သွားရအောင်” လို့ဆော်သြပြီး အခြားသူတွေနဲ့အတူ အေးချမ်းလှတဲ့ သာသနာလွှမ်းခြုံရာ ဘုန်းကြီးကျောင်းဆီသို့ သွားခဲ့ကြတယ်ပေါ့ဗျာ…။

ဘုန်းတော်ကြီးကျောင်းက ရွာရဲ့အရှေ့စူးစူး မှာဗျ။ ကျောင်းဝန်းကြီးတခုလုံးက သစ်ပင်တွေနဲ့ စိမ်းစိုအုပ်မှိုင်းနေပြီး ကျောင်းဝန်းထဲရောက်တာနဲ့ သိပ်ကို တိတ်ဆိတ်အေးချမ်း တာဗျ..။ကျောင်းကြီးရဲ့ဘေးပတ်လည်မှာက သရက်ပင်တွေ ၊မာလကာပင်တွေ ၊သျောက်ပင် ၊လိမ္မော်ပင်အစုံနဲ့ အေးအေးချမ်းချမ်းနေချင်သူအဖို့တော့ သိပ်ကောင်းတဲ့နေရာလေးတခုပေါ့…။ကျောင်းကြီးပေါ်ရောက်တော့ ဘုန်းဘုန်းက ဘုရားခန်းရှေ့မှာ ကျောပေးပြီး ပုတီးစိတ်နေတယ်ဗျ…။ကျွန်တော်တို့လဲခြေလှမ်းကို ညင်ညင်သာသာလှမ်းကာ ဆွမ်းတွေလှယ်ပြီးတော့ ဘုန်းဘုန်းကပုတီးစိတ်ပြီးသွားတယ်ဗျ...။ပုတီးကိုဘုရားစင်ချိတ်ပြီး ကျွန်တော့ကိုစိုက်ကြည့်ကာ ”ဟာ..ဘယ်သူများလဲလို့ ..ကိုထက် ကိုကွ”တင်ပါ့ဘုရား..အေးကွာ..မင်းမပြန်နဲ့အုံး ဘုန်းဘုန်းနဲ့စကားပြောရအောင်ကွာ..တင်ပါ့ဘုရား..အဲဒါဆိုတပည့်တော် ကွပ်ပျစ်ပေါ်ပဲသွားထိုင်နေတော့မယ်ဘုရား..အေးအေး..။”အခြားလူတွေကတော့ အလုပ်ကိုယ်စီနဲ့မို့ ပြန်သွားကြတာပေါ့..ကျွန်တော်ကတော့ ဘုန်းဘုန်းဆွမ်းစားပြီးတဲ့အထိ ကွပ်ပျစ်ပေါ်ထိုင်ကာဘုန်းဘုန်းဆွမ်းဘုန်းပေးပြီးတဲ့အထိ စောင့်နေတာပေါ့ဗျာ...။

ဘုန်းဘုန်းကကျွန်တော့ဆို အရမ်းချစ်တာဗျ..။ကျွန်တော်ငယ်ငယ် ကတည်းက ခုချိန်ထိပဲ ကျောင်းရောက်ရင် မုန့်တွေကျွေးလိုက် အချိုရည်တွေတိုက်လိုက် ဘုန်းဘုန်းနဲ့ စကားတွေပြောလိုက်နဲ့ ကျောင်ရောက်မိရင် အိမ်ကတောင် လူလွှတ်ခေါ်ခိုင်းရတယ်ဗျို..။အခြားရွာကအလှူတွေဆိုရင်လဲ ဘုန်းဘုန်းကိုလိုက်ပို့ရတယ်ဗျ..။ကျွန်တော့ဆို ဘယ်တော့မှ မငေါက်ဘူးဗျ..။အမြဲတမ်းလဲ ဘုရားကြောင်း တရားကြောင်းတွေ ရာဇဝင်အကြောင်းတွေပြောပြလေ့ရှိတယ်ဗျ..။ကျွန်တော်ကျောင်းကပြန်ရောက်ရင် ဘုန်ဘုန်းဆီမရောက်ဖြစ်ရင် လူလွှတ်ပြီးတောင်ခေါ်ခိုင်းတယ်ဗျ..။ကျွန်တော်ကလဲ ဘုန်းဘုန်းဘာပဲခိုင်းခိုင်းမငြင်းဘူးဗျ..ကျောင်းဝန်းထဲ အမှိုက်လှဲတာတို့ ၊သောက်ရေအိုးတွေထဲရေဖြည့်တာတို့ ကျောင်းရောက်တဲ့အခါတိုင်း ခိုင်းခိုင်းမခိုင်းခိုင်း ကျွန်တော်အမြဲလုပ်ပေးနေကျဗျ..။အဲဒါတွေကြောင့်လဲ ဘုန်းဘုန်းက ကျွန်တော်ဆို သိပ်ချစ်တာပေါ့ဗျာ...။အခုလည်း ဘုန်းဘုန်းက ဘာများပြောစရာ ရှိလို့လဲဆိုပြီးစောင့်နေတာပေါ့ဗျာ...။

ခနကြာတော့ ဘုန်းဘုန်းတို့ဆွမ်းစားပြီး ကျောင်းပေါ်မှဆင်းလာကာ ကျွန်တော်ရှိရာ ကွတ်ပျစ်လေးပေါ်သို့ ရောက်လာပြီး တင်ပျင်လင်ချိတ်ထိုင်လိုက်တယ်ဗျ..။လက်ထဲမှာလဲ ရွှေဥဒေါင်း ဆေးလိပ်ကြီးညှပ်ကာ တဖွားဖွားနဲ့ပေါ့ဗျာ...။ဘုန်းဘုန်းက အသက် ၄၅နှစ်ခန့် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း မျက်နှာဝိုင်းဝိုင်း နဲ့ အမြဲတမ်းပြုံးချိုနေတဲ့ မျက်နှာကိုပိုင်ဆိုင်ထားပြီး ကြည့်လိုက်တာနဲ့ သိပ်ကိုကြည်ညိုဖွယ်ကောင်းတာဗျ..။ကျွန်တော်လဲ ဘုန်းဘုန်းဘာများသတင်းထူးရှိလို့လဲဆိုပြီး ကြည့်နေတာပေါ့ဗျာ..။ဘုန်းဘုန်းက ဆေးလိပ်တိုကြီးကို တရှိုက် နှစ်ရှိုက်ဖွာပြီး ”မင်းကျောင်းကို ဘယ်တော့ပြန်သွားရ မှာလဲ...ဘုန်းဘုန်းမင်းအတွက်လက်ဖွဲကြိုးလေး လုပ်ပေးလိုက်မလို့...ဘုန်းဘုန်းကလဲ တပည့်တော်ကျောင်းပြီးပြီလေ... အခုဟာ အပြီးပြန်လာတာဘုန်းဘုန်းရဲ့..။ဟေ..ဟုတ်လားဟ..တင်ပါ့ဘုရား..။အေးအေးကောင်းတယ် ..ကောင်းတယ်..။အခုခေတ်ကြီးက ပညာတတ်မှလူရာဝင်တာကွဲ့..။အိမ်ပြန်လာသခိုက် မိဘအလုပ်လေးတွေကူ လုပ်ပေါ့ကွာ..။ဘာလိုလိုနဲ့ မင်းတောင် အရွယ်ရောက်နေပြီပဲကိုကွ...တင်ပါ့ဘုရား။ ဘုန်းဘုန်းတပည့်တော်ကိုပြောစရာရှိလို့ဆို ဘာများလဲ ဘုန်းဘုန်းရဲ့..။ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူးကွာ...မင်းကျောင်းကိုသွားကတည်းက မင်းနဲ့မတွေ့ရလို့ဟေ..အခုလိုတွေ့တုန်းလေး မင်းလဲအရွယ်ရောက်ပြီဆိုတော့ ဘဝမှာ ဆောင်ရန် ရှောင်ရန်လေးတွေ သင်ပြခြင်လို့ကွဲ့..တင်ပါ့ဘုရား..။

ဒါနဲ့မင်းအသက်ဘယ်လောက်ရှိပြီလဲ..နှစ်ဆယ်ပါဘုရား..အေး...မင်းတောင်ပထမအရွယ် ကုန်ပြီပဲကွဲ့..မင်းတို့ကျောင်းသားတွေအတွက်တော့ ဘွဲ့ရပြီးရင် ပထမအရွယ်ကုန်သလိုပါပဲကွာ...မင်လဲဘွဲ့ရပြီးရင် အလုပ်လုပ်မယ်မလား..တင်ပါ့ဘုရား..စီးပွားရှာရတော့မယ်ပေါ့..တင်ပါ့..အေး..လူတွေရဲ့အသက်ကိုသတ်မှတ်ထားတာ ရှိတယ်ကွဲ့ ”ပထမအရွယ်ပညာရှာ ဒုတိယအရွယ် စီးပွားရှာ တတိယအရွယ်ဘာဝနာ”တဲ့.. ဒါတော့မင်းကြားဘူးမှာပါ...။ငယ်တုန်းရွယ်တုန်းမှာ ပညာသင်ယူထားရမယ်..။ငယ်ရွယ်တဲ့အချိန်မှာပညာသင်မထားရင် ကြီးလာကာကျမှ နောင်တတွေရလိမ့်မယ်..။နောင်တ လို့ဘာလို့ခေါ်လဲဆိုတော့ ကိုယ်လုပ်သင့်တဲ့အရာတခုကို မလုပ်ခဲ့မိလို့ နောင်အခါကျမှ သတတနဲ့ ပူပင်သောကရောက်ရလို့ ”နောင်တ” လို့ခေါ်တယ်ကွဲ့...။တင်ပါ့ဘုရား..။

နေအုံး...ဘုန်းဘုန်းမှတ်မိသေးတယ် ။လွန်ခဲ့တဲ့ သုံးနှစ်လောက်ကကွဲ့... ဘုန်းဘုန်းတို့ဆွမ်းခံကြွပြီးပြန်လာတဲ့ အခါ ဒကာကြီးတယောက်ပြောတာကို ခုထိကြားယောင်မိနေဆဲကွ..အဲဒိတကာကြီးက လမ်းဘေးနားကလယ်ကွက်ငယ်လေးထဲမှာ နွားတယှဉ်းနဲ့ ထွန်နေတာကွ..ကိုရင်လေးတွေက အနားကနေဆွမ်းခံကြွဖြက်သွားတော့ ”ကိုရင်လေးတို့ လူမထွက်ကြနဲ့နော် ပညာတတ်အောင်ကြိုးစားသင်ကြ..။တပည့်တော်တောင် ကိုရင်လေးတို့အရွယ်က ပညာတတ်အောင်မသင်ခဲ့မိလို့ အခုလိုလယ်ထွန်နေရတာ” ဆိုပြီး နောင်တလေသံနဲ့ ပြောနေတာကို အခုထိကြားယောင်မိနေဆဲကွဲ့...။အေးကွာ မင်းကတော့ပညာ စုံပြီးဆိုတော့ ကြင်ယာနဲ့လဲစုံခဲ့ပြီနေမှာပေါ့..ဟုတ်လား..ဟား.ဟား.ဟား.။ဘုန်းဘုန်းကအဲလိုပဲဗျ..တခါတလေကျတော့လဲ ခက်တည်တည်ကြီးနဲ့နောက်တတ်တယ်ဗျ...။အဲလိုနဲ့ ဘုန်းဘုန်းက ”နေအုံးကွဲ့ မင်းကကျောင်းပြီးပြီဆိုတော့ ရှေ့ဆက်ပြီး မင်းဘဝအတွက်ဘာလုပ်ဖို့ စဉ်းစားထားလဲ..။ဘုန်းဘုန်းရယ် အခုလောလောဆယ်တော့ အိမ်မှာပဲကူလုပ်နေတာပေါ့...တလလောက်နေပြီးရင်တော့ ရန်ကုန်ကိုတက်ပြီး အလုပ်လုပ်ရမလားလို့...ရရာအလုပ်လုပ်ရင်းနဲ့ လိုအပ်တဲ့သင်တန်းတွေထပ်တက်ပြီး လစာကောင်းကောင်းရမယ့် အလုပ်မျိုးကိုရှာရမှာပေါ့ ဘုန်းဘုန်းရယ်..။အေးအေး...ကောင်းတယ်ကောင်းတယ်...။ဂရုစိုက်တော့လုပ်ပေါ့ကွာ...။တင်ပါ့ဘုရား...။

ဒါနဲ့..စီပွားရေးရှာတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဘုန်းဘုန်း မင်းကိုပြောပြချင်သေးတယ်ကွဲ့...”အလုပ်မှန်သမျှ ဂုဏ်ရှိစွတဲ့ ”ဘယ်လိုအလုပ်မျိုးပဲ ဖြစ်နေပါစေ ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို မထိခိုက်ဘူး ဆိုရင် အဲဒိအလုပ်လုပ်ရတာ ဂုဏ်ရှိပါတယ်ကွယ်...တစ်ခုတော့မှတ်ထား...”စီပွားရေးဆိုတာ ဖြတ်လမ်းကမလိုက်ရဘူး”ကွဲ့... စီးပွားရေးကိုဖြတ်လမ်းကလိုက်တယ်ဆိုတာ မြန်မြန်ချမ်းသာချင်တဲ့ လောဘစိတ်တွေနဲ့ အလောင်ကစားလုပ်တာတွေပေါ့ကွာ..။ငါ့မြေးမြင်သာအောင်ပြောရရင် နှစ်လုံးထိုးတာတို့၊ ဘောလုံးပွဲလောင်းတာတို့၊ သုံးလုံးထီထိုးတာတို့ပေါ့ကွာ...။ရွာထဲက ဦးစိန်မောင်တို့ ၊ဒေါ်အေးငြိမ်း တို့ကိုကြည့်ကြည့်လိုက်ပေါ့ကွာ..။သူတို့ဆိုရင် အရင်က လယ်ပိုင် ၊ယာပိုင်၊နွားတွေ ၊ကျွဲတွေနဲ့ ကျိကျိတက်ချမ်းသာတဲ့လူတွေလေ..။လွန်ခဲ့တဲ့ ငါးနှစ်လောက်က နှစ်လုံးထီတွေထိုးတာ အခုတော့သူတို့မှာ လယ်ပိုင် ယာပိုင်ဆိုလို့ မဖြစ်စလောက်ပဲကျန်တော့တာကွဲ့...။လူတွေမှာ ချမ်းသာတဲ့သူတွေက ပိုပြီးချမ်းသာချင်ကြတယ်၊ မရှိတဲ့သူတွေက ချမ်းသာချင်ကြတယ်...လူတိုင်းလူတိုင်းမှာ လောဘစိတ်တွေနဲ့ပဲ ဖုံးလွှမ်းနေကြတယ်...။လောဘ မရှိရဘူးလို့ မဆိုလိုပါဘူး...လောဘဆိုတာလဲ ရှိသင့်သလောက်ရှိရမယ်..။ပိုက်ဆံလိုချင်စောနဲ့ စီးပွားရေးကို ဖြတ်လမ်းကမလိုက်နဲ့ကွဲ့..စီပွားရေးကိုဖျက်လမ်းကလိုက်လို့ လုံးပါးပါးသွားကြတဲ့ ခုနပြောတဲ့ ဦးစိန်မောင်နဲ့ ဒေါ်အေးငြိမ်း တို့ကိုမြင်ကြည့်လိုက်ပေါ့ကွာ...။သူတို့တွေဟာ စီးပွားရေးကိုဖြတ်လမ်းကလိုက်လို့ အခုလိုမဖြစ်သင့်တာတွေ ဖြစ်ရတာကွဲ့....တင်ပါ့ဘုရား...။

written by htetlinaungg
အပိုင်း (၂ )ဆက်ရန်...

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center