ပုဂံမြို့သရပါ တံခါးသို့

image

ပုဂံမြို့ သရပါ တံခါးသို့
•••••••••••••••••••••••••

မြားနှင့် လွှားနှင့်၊ လှံ ဓားဝင့်၍
မင်းမင့် ဦးဆောင်း၊ ရန်အပေါင်းကို
နှင်မောင်းရာကား၊ သင်တံခါးတည့်။ ။

ကျိုင်းနှင့် သိုင်းနှင့်၊ ရွှေထီးဖွင့်၍
မင်းမင့်သခင်၊ အောင်ပွဲရွှင်လျက်
ပြည်ဝင်ရာကား၊ သင်တံခါးတည့်။ ။

ဆွမ်းနှင့် ကွမ်းနှင့်၊ ဆီမီးဆင့်၍
မင်းမင့် ခေါင်ထွတ်၊ စည်းခုံမြတ်သို့
ထွက်လတ်ရာကား၊ သင်တံခါးတည့်။ ။

ထီးသုဉ်း နန်းသုဉ်း
မြို့သုဉ်း သုည၊ သုဉ်းသုံးဝနှင့်
ကြုံရသည့်ပြင်၊ သင့်ကိုယ်ပင်လျက်
မရွှင်ဂုဏ်ညှိုး၊ အထွတ်ကျိုး၍
မုဆိုးမနှယ်၊ မျက်နှာငယ်လည်း
မဖွယ်လူ့ရွာ၊ ဖြစ်ခြင်းရာကို
ရဲစွာဆိုင်လျက်၊ တည်ငြိမ် သက်သော်
တက်သည် မိုးမျှ၊ ငါ့မာနလည်း
လျှောကျမြေဆီ၊ လက်အုပ်ချီသည်
ခန္တီဝင်စား၊ ရှင်တံခါးတည့်။ ။

Credit,google photo

H2
H3
H4
3 columns
2 columns
1 column
Join the conversation now