ဂြိုလ်သားများ အကြောင်း တွေးမိတွေးရာ ( အပိုင်း -၁ )

ဟုတ်ကဲ့ ပြောရရင်တော့ နည်းနည်းရှက်စရာကြီးပါ။
ဒါမဲ့ ကျွန်တော့် အတွေးလေးတွေ မျှဝေချင်လို့ပါ။
ဘယ်ကနေ စပြောရမလဲ မသိဘူးဗျာ။
image
ပထမဆုံး အနေနဲ့ ဂြိုလ်သားဆိုတာ တကယ်ရှိပါသလား ?
ဟုတ်ကဲ့ ကျွန်တော် လက်တွေ့မမြင်ဖူးပေမဲ့
ကမ္ဘာအရပ်ရပ်က ဓာတ်ပုံမှတ်တမ်း နဲ့ စာပေမှတ်တမ်းအရကြည့်ရင်
တကယ်ရှိခဲ့ပါတယ်။ အခုလက်ရှိလဲရှိနေနိုင်ပါသေးတယ်။
ဂြိုလ်သား ဆိုတာ အားလုံးသိထားတဲ့အတိုင်း
စကြာဝဋ္ဌာရဲ့ အခြားဂြိုလ်ပေါ်က သက်ရှိတွေပေါ့ဗျာ။
ဒါတော့ ခုလက်ရှိလူတွေ လက်ခံထားတာတွေပေါ့။
ဒါမဲ့ ကျွန်တော်က အဲ့လိုမမြင်ဘူးဗျ။
ကျွန်တော်အမြင်မှာ ဂြိုလ်သားဆိုတာတွေကို
ကျွန်တော်တို့လူ နဲ့ ပတ်သက်နေတယ်လို့မြင်ပါတယ်။
ကျွန်တော့် အတွေးလေးပါ ဝေဖန်လို့ရပါတယ်။
image
နောက်ပြီး ကျွန်တော် တစ်ခုသတိထားမိတာ
ရှုပ်ရှင်တွေထဲမှာတော့ ဂြိုလ်သားတွေက
အာကာသကို နယ်ချဲ့ပြီး ကြီးစိုးနိုင်ဖို့အတွက်
ကျွန်တော်တို့ ကမ္ဘာမြေကိုလာတယ်လို့ ပုံဖော်ထားပါတယ်။
ဒါမဲ့ တကယ့်လက်တွေ့မှာတော့
ဂြိုလ်သားတွေက လူနဲ့ ကမ္ဘာမြေကိုဒုက္ခပေးတဲ့သတင်းတွေ
မတွေ့ဖူးသလောက်ကို နည်းလွန်းတယ်ဗျ။
ဒီအချက်ကြောင့်လဲ ဂြိုလ်သားတွေက
လူတွေနဲ့ဆက်စပ်မှုရှိမယ်လို့ယူဆမိတာပါ။

သူတို့လို ကျွန်တော်တို့ လူသားတွေ မထွင်နိုင်တဲ့
ခေတ်မှီတဲ့ အာကာသ ယာဉ်ပျံတွေတောင်တီထွင်နိုင်တာ
လူတွေနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အန္တရာယ်ပြုဖို့ဆိုတာ
မခက်ခဲလောက်ဘူးလို့လဲ ကျွန်တော်စဉ်းစားမိပါတယ်။
ခုက အဲ့လိုမလုပ်တော့ သူတို့ဘာအတွက် ကမ္ဘာမြေပေါ်လာရတာလဲ?
image
မေးစရာမေးခွန်းတွေ ရှိလာပါပြီ ။

လေ့လာချင်ရုံသက်သက်လား ?
လမ်းမှားပြီး ရောက်လာတာလား ?
ဒါမှမဟုတ် ကျွန်တော်တို့ကို အန္တရာယ်တစ်ခုခုအတွက်
အကြောင်းကြားဖို့ ရောက်လာတာလား ?
သူတို့ဘာကြောင့် အာကာသ ထဲကလာပါသလဲ ?
သူတို့တွေ ဘာကြောင့် လူသားတွေနဲ့
ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံတွေ တူနေရတာလဲ ??

ဒီအချက်တွေ ကျွန်တော် ဘယ်လိုတွေးလဲဆိုတာ
နောက်ပိုင်းကျရင် ဖြည်းဖြည်းချင်းပြန်ရှင်းပြပါမယ်ဗျ။
သူငယ်ချင်းတို့လဲ စိတ်ဝင်စားမယ်လို့ မျှော်လင့်မိပါတယ်။
အပိုင်း ၁ တော့ ဒီမှာနားပါရစေဗျာ။

ရေးသားသူ Kyaw Kyaw Naing
Photos Credit to Google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now