Onions , Covid-19 And Stay Home

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ခုဆိုရင် ရွာပြန်ပြီး Home Stay နေတာ ၂၃ ရက်တောင်
ရှိပါပြီ။
ဒီလ ဝင်ငွေကတော့ မရှိသလောက်ပဲ ဆိုပါတော့။
ရွာမှာ ဆေးကုတဲ့အလုပ်လေး ဆက်လုပ်မယ်ဆိုရင်တော့လည်း
စားရိတ်လေးတော့ ကာမိနိုင်တာပေါ့။
သို့ပေသော်ငြား မမြင်ရတဲ့ ရောဂါပိုးကို မိသားစုဆီ
မကူးစက်တာ သေချာရလေအောင် ဆေးခန်းပိတ်လက်စတူတူ
ရွာလည်း လက်ခံမကုပေးဖြစ်တော့ပါဘူး။
ဆွေမျိုးညာတိတွေတော့ မနေသာ ကုပေးရတာပေါ့ဗျာ။

ဒီရက်ပိုင်းတော့ ရွာမှာ ကြက်သွန်တူးပြီးကြလို့
အိမ်မှာ သိုလှောင်ထားကြပါပြီ။
ဒီပုံကတော့ ယောက္ခမအိမ်က ကြက်သွန်နီပုံကြီးပါပဲ။
ပိဿာချိန်တစ်ထောင်ကျော်လောက်ရယ်ပါ။
r2oe53.jpg
ဒါနဲ့ စကားမစပ် ကြက်သွန်စားရင် ကိုရိုနာ ကာကွယ်နိုင်တယ်
ဆိုပြီး ပြောကြလို့ ယခင်သုံးပတ်လောက်က ဈေးလေး လှုပ်ခဲ့
ပါသေးတယ်။
သို့သော် ‌သယ်ယူပို့ဆောင်ရေး၊ ရောင်းဝယ်ရေး မကောင်းတာ
ကြောင့်နှင့် ခုခါက ကြက်သွန်ပေါ်ချိန် ဖြစ်လေတော့
ဈေးက ၅၀၀ လောက်သာမို့ မကောင်းလှပါဘူး။

ဒါနဲ့ ဆက်လို့ မေးရဦးမယ်ဗျ။
ကြက်သွန်နီ လှောင်ထားရင် ကောင်မလားလို့။
ဈေးတတ်မှ ရောင်းရအောင်လေ။ မိတ်ဆွေတို့ရော
ဝယ်ကြဦးမလားဗျ။

ကြက်သွန်စားလို့ ဘေးဘရာ ဝေးကွာကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center