တစ်ရက်နည်းနည်းချင်းရှာနေရပါသည် အဆင်ပြေသလိုလေး ကစားရသည် လုပ်တိုင်းဖြစ်သည်မဟုတ် ရချင်တာတွေရတက်သည် သူက ပေးချင်သလိုပေးသည် စိတ်မထင်ရင် မထင်သလို ကောင်းတာတွေပေးတက်သည် တစ်ခါတရံမှသာ ရတက်သည် အများအားဖြင့်တော့ ရိုးရိုးလေးတွေသာ ပေးလေသည်
ဘာပေးပေးစိတ်မဆိုးပါ အားလုံးက အလကားရတာတွေချည့်ဖြစ်သည်
နည်းသည်များသည် ပြောနေလို့မကောင်း သူပေးတာတွေက မယူချင်စရာတစ်ခုမှမရှိပါ သူ့ဟာနှင့်သူက တန်ဖိုးတွေရှိလေသည်
အရင်က ဘာမှမတန်ဘူးထင်ထားတာတွေက အခုရွှေထက်တောင် တန်ဖိုးတက်နေသည်မှာ လက်တွေ့ဖြစ်သည်
အခုဘာမှတန်ဖိုးမရှိတာတွေလည်း နောင်တစ်ချိန် တစ်ခုခု ဖြစ်လာနိုင်သည်
အခု အရမ်းတန်ဖိုးရှိနေတာတွေလည်း သိပ်မကြာခင် ဘာမှ မတန်တော့တာတွေ ဖြစ်လာတက်သေးသည်
သတိချပ်သင့်သည့် သဘောတရားဖြစ်သည် အယုံလွန်ခြင်းသည် ပျက်စီးမှုကို ဖြစ်စေနိုင်သည် ယုံကြည်မှုမရှိခြင်းသည်လည်း အောင်မြင်မှုနှင့်ဝေးကွာစေနိုင်သည်
မယုတ်မလွန် အနေအထားနှင့် ကစားသင့်သည်ဟု ယူဆပါသည်
သေချာတာဘာမှ မရှိပါ မသေချာတာလည်း မရှိပါ ဘာမဆိုဖြစ်လာနိုင်သည့်အတွက် စိတ်တော့ ခိုင်ခိုင်ထားရလေသည်
တစ်ရက်နည်းနည်းချင်း ပါးပါးလှီးနေပါသည်
ဂိမ်းတွေကစားရတာ အလွန်ကို စိတ်ချမ်းသာပါသည်
လောကကြီးကို မေ့စေနိုင်သည်
စိတ်ထဲပျော်သလို နေလို့ရသောနေရာသည် ဂိမ်းထဲတွင်သာဖြစ်သည်
မနက်ဖန်ဘာဖြစ်မည်လဲဆိုတဲ့ စိုးရိမ်စိတ်ရယ် မျှော်လင့်ခြင်းရယ်က အားလုံးကိုမောင်းနှင်နေပါသည်
