တစ်နေ့ သွားရမည်

နေ ဝင် တော့ မည်............ ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့နေ့ တစ်ရက်...... ညှိုးသောမျက်နှာတို့ဖြင့် ရှိလိမ့်မည်...... သင့် အကြောင်းတီးတိုး ဆို၍ နေလိမ့်မည်......... ငိုသံတို့ဖြင့် သင့်ကိုခေါ်၍ ခေါ်၍နေလိမ့်မည်..... သင့်ကိုချစ်သူတို့သည် ရှိုက်၍ရှိုက်၍ ငိုချေမည်... သင့်ကိုမုန်းသူတို့လည်း အနည်းငယ်မျှသော စိတ်မကောင်းခြင်း ဖြစ်ကောင်းဖြစ်မည်..... လိုက်ပို့သောကားတို့ဖြင့် ၎င်းနေရာသည် ရှုပ်ထွေး၍ နေလိမ့်မည်...... မိုးရွာမလား......နေပူမလားမသိချေ..... လူတို့သည်ခပ်သုတ်သုတ် ပြန်ဖို့ပြင်လိမ့်မည်...... တာဝန်ရှိသောသူကလည်း မီးရှို့ရန် ပြင်တော့မည်..... သင်သည် ညနေစာ မစားရ တော့........ နောက်တစ်နေ့ နေအထွက်ကို သင်မမြင်ရတော့......... သင့်မိတ်ဆွေတို့နှင့် မတွေ့ရတော့.... အလုပ်လည်း မဆင်းရတော့.... ဟိုသွား ဒီသွားလည်း မလုပ်ရတော့.... ဘောလုံးပွဲလည်း မကြည့်ရတော့.... ကိုရီးယားကားလည်း မကြည့်ရတော့.... အင် တာ နက်လည်း မသုံးရတော့.... ဖေ့စ်ဘုတ်ပေါ်က ဝမ်းနည်းကြောင်း ရေးကြမယ့်စာတွေကိုလည်း သင်မမြင်ရတော့......... ဒီမိုကရေစီလည်း သင်မသိတော့.... သင် အိမ် မပြန်ရတော့ပြီ............ သင့်စေတနာ တို့သည် သင့်ကိုဖန်တီးလိမ့်မည်... သင် ဘယ်ရောက်မည်မသိ.... ဘုရားဝတ်တက်ခွင့်မှ ရပါလေစ.... ဒါနပြုခွင့်မှ ရပါလေစ.... သီလ စောင့်စည်းခွင့်မှ ရပါလေစ...... တရားနာခွင့်...တရားဆွေးနွေးခွင့်...တရားအားထုတ်ခွင့်မှ ရပါလေစ.......... ခေါင်းတိုင်မှ မီးခိုးတို့ ပျံ့ထွက်လာချေပြီ.... သင် သည် ဘာမှမဟုတ်ချေ............. ဝဋ်ကောင် သက်သက် သာတည်း...........။ ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now