နှလုံးသားထိတိုင်

နှလုံးသားထိတိုင်

ရောမမြို့ကြီးကို
ရစ်ပတ်ချည်နှောင်ခဲ့ဖူးတဲ့
ကလီယိုပါထရာရဲ့ဆံပင်တွေလို
သူမရဲ့အကြည့်တွေက
ကျွန်တော့်ရဲ့ချစ်ခြင်းဖွဲ့မြို့
လေးကို
အသာအယာ
ရစ်ပတ်ချည်နှောင်ထားလိုက်တယ်။ ။

မျက်မမြင် ပုဏ္ဏားတွေ
ဆင်စမ်းသလို
သူမရဲ့မာယာဒြပ်ထုကို
ကိုင်တွယ် စမ်းသပ်ကြည့်ရင်းနဲ့
'ဒါ အချစ်ပဲဟေ့' လို့
နှလုံးသားထိတိုင် အော်မြည်ပစ်ခဲ့။

ဒီလိုနဲ့… … …
ရောမမြို့ကြီးလည်း ပျက်။
ကျွန်တော်လည်း
မီးခိုးတွေ တအူအူထနေတဲ့
မြို့ပျက်ကြီး အလယ်က
ရစရာ မရှိအောင်ပြိုကျနေတဲ့
အဆောက်အဦးပျက် တစ်ခုလို
နားမလည်နိုင်ခြင်းတွေကို
နားမလည်စွာနဲ့ပဲ
ရပ်ကြည့် ငေးမောမိနေပါတော့
တယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center