တိမ်တောင်သဖွယ် မင်ရေးကြွယ်

တိမ်တောင်သဖွယ် မင်ရေးကြွယ် သတဲ့။
မိတ်ဆွေတို့ ဘယ်လို သဘောပေါက် နားလည်ထားကြသလဲ။
img_0.5924019088336755.jpg

တိမ်တောင် တိမ်လိပ်
တိမ်ရိပ် ရွေ့လျား
ပြေးသွား ပျံတက်
ဖြူဖွေး လျက်က
နိမ့်ကျ ဆင်းလာ
မဲနက် ခါမှ
ရွာကျ မိုးသဲ
တဖွဲဖွဲနှင့်

တလီပျံကြွ
မှုန်ထရေစက်
ထပ်ဖွဲ့ တိမ်တောင်
သက်တန့်ရောင်နှင့်
လှဆင်းဝေဖြာ
နေခြည်လာက
သဘာဝသည်
ဆည်းဆာချိန်သန်း
နေခြည်လွှမ်းတော့
ရောင်သွေးစုံသည်
တိမ်ပလီလား
ပန်းချီလားကွဲ့
ဖွဲ့နွဲ့ညွှန်းဆို
ထိုသူငါမှာ
မင်ရေးကြွယ်ငဲ့
တိမ်တောင်ဖွဲ့အား
ငါကား မှတ်တမ်း
ရေးသီစမ်းမည်
ဤကား ကဗျာ
ပီသလားဗျာ။

ကဲ ဒီနေ့ တိမ်တောင်တိမ်တိုက်တွေကို ကြည့်ငေးရင်း
အတွေး ဝေသီကာ ကဗျာစပ်လို့ မှတ်တမ်းတင်အပ်ပါသည်။
တိမ်တွေသည် ရွေ့လျား ပုံစံကွဲပြား ပြောင်းလဲတတ်သလို
နေရောင်ခြည်ကြောင့်လည်း အရောင်ကွဲပြား ထူးခြား
တတ်ပေသည်။
တိမ်တောင်သဖွယ် မင်ရေးကြွယ်သလို လူတို့သည်လည်း
ခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးနှင့် ပြောင်းလဲ
ထွေပြား ဉာဏ်များပလီ ရှိကြသူတွေလည်း ပေါလှပေသည်။

သို့သော် တိမ်တောင်တိမ်လိပ်တို့ အမျိုးမျိုး အလီလီ
ပြောင်းလဲနေသည်ကို လူတို့ အလှ ခံစားလို့ ရပေမယ့်
လူတို့ ပလီ ပြောင်းလဲနေကြသည်ကိုတော့ ကြိုက်ကြအံ့
မထင်။

မိတ်ဆွေအများ ရိုးသား ကြိုးစား အောင်ပွဲများ ရကြပါစေသား။

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center