မရွေးပန်း အလှ

မင်္ဂလာရှိကြပါစေ

မနေ့က ရွာစဉ် ပတ် ဆိုင်ကယ်တစ်စီးနဲ့ တောလမ်းတွေထဲ
လျှောက်ပတ်သွားရင်း တောထဲမှာ အလေ့ကျ ပေါက်ပြီး
ပန်း ပွင့်နေတဲ့ အပင်တွေကို ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

img_0.5543782944305605.jpg

ခု တင်လိုက်တဲ့ အပင်ကတော့ မရွေးပင် လို့
ခေါ်ပါတယ်။ အခြား ဒေသတွေကတော့ ဘယ်လို
ခေါ်လဲ မသိပါဘူး။

မရွေးပန်းပွင့်တွေ ကတော့ အဆုပ်လိုက် အစုလိုက်
အခိုင်လိုက် ပွင့်ကြပါတယ်။ အဖြူပေါ်မှာ ပန်းရောင်
သန်းနေတတ်ပါတယ်။

မရွေးသီး ကတော့ ဘဲရုပ်လို ဘဲမုန့်လို ဆင်ပါတယ်။
ငယ်ငယ်ကဆို မရွေးသီး ရေမျှောပြီး ဘဲရေကူး
ကစားခဲ့ဖူးပါတယ်။

မရွေးရွက်ကို ခူးလိုက်ရင်တော့ အစေးဖြူတွေ
ထွက်ကျလာတတ်ပါတယ်။ စေးကပ်ကပ်နဲ့ပါ။

မရွေးပင်၏ ဆေးဘက်ဝင်ပုံတော့ မသိသလို
အစားအစာ အဖြစ်လည်း ဘယ်သူမှ မစားကြပါဘူး။

ကဲ မိတ်ဆွေတို့ရော ဘာတွေ သိကြသေးလဲဗျ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center