pink Rose

မနှင်းဆီရယ် ပန်းရောင်းနှင်းဆီလေးမို့ ပေါင်းရန်ရည်ရွယ်ပြီး
ချစ်သူလေးကို လက်ဆောင်ပေးရလိမ့်ဦးမည်။လှချင်တိုင်း လှနေပြီး မွှေးချင်တိုင်းမွှေးရက်နေပေသည်။
ချစ်သူလေးရယ်

  • ချစ်သူလေးက ပန်းရောင်နှင်းဆီလေးလို အမြဲလန်းဆန်းနေသူမို့

  • ချစ်သူလေးရဲ့ ကိုယ်သင်းရနံ့လေးက ပန်းရောင်နှင်းဆီ ရနံ့လေးထက် သာနေသလိုပင်

  • ချစ်သူလေးကို မိဘအသိုင်းအဝိုင်းက ဘေးမရှိအောင်ကာကွယ်ပေးနေသလို ပန်းရောင်နှင်းဆီလေးကလည်း ဆူးလေးတွေနဲ့ အလွယ်တကူ ခူးမရ အောင် အကာအကွယ်တွေနဲ့မဟုတ်လား

  • အချိန်တန်ရင် ကြွေလွှင့်ရမယ်ဆိုတာသိနေပေမယ့် လက်ရှိအချိန်များမယ် မနှင်းဆီလို လန်းဆန်းဖူးပွင့်နေသည်မို့

  • ထာဝရ ချစ်နေချင်တယ်ကွာ

*အမြဲတမ်း ပိုင်ဆိုင်ထားချင်တယ်ကွာ

  • အချိန်တိုင်း ကိုယ်နှင့်ထပ်ထူ ကာကွယ်ပေးနေချင်သူမို့ပါလေ

  • မနှင်းဆီရယ် မြင်သူ ငေးမလို မပိုင်ဆိုင်ရမှာ စိုးမိနေသူပါ

  • အခွင့်ကြုံရင် အခုဘဲ ပိုင်ဆိုင်ပါရစေလို့ စိတ်ထဲမယ် တမ်းတမိနေတာ "အချစ်" လားဘဲကွယ်

  • ပန်းပွင့်တိုင်း ပျားနှင့်ပိတုန်း ရောက်လာပြီးဝတ်ရည်စုတ်ရင် အလှပျက်မှာ စိုးမိလေတယ်လေ

  • ဟို ! ဘာဖစ်ဖစ် စိတ်မချနိုင်တော့ဘူးကွာ

  • အိပ်မပျော် စားမဝင်တာ မနှင်းဆီကြောင့်ဆို ယုံစေသိစေချင်မိတယ်လေ

  • မနှင်းဆီက အေးမြသော မိုးစက်လေးတွေနဲ့ လန်းနေလျက်ပေမို့ ဥယျာဉ်မှူးဖြစ်ချင်လာတာ မဆန်းတော့ပေသည်မို့

  • pink rose ကို ချစ်တယ် ချစ်တယ် ချစ်တယ်လို့ စကြာဝဠာကြီးတစ်ခုလုံး ကြားအောင် အော်လိုက်ချင်ပေတော့သည် ဆိုချစ်မှာလား

  • ယုံကြည်မှာလားလို့ ကိုယ့်ကိုယ် ခနခနအကြိမ်ကြိမ်မေးနေမိတယ်

မနှင်းဆီရယ် သိပ်ချစ်မိနေတာ အပြစ်မဟုတ်ပါဘူးနော်။ အချစ်ရူးဘဝတော့ မဖြစ်စေချင်ဘူးကွာ။
နာရီတိုင်းအချိန်တိုင်းမယ် မနှင်းဆီ ကိုဘဲ တမ်းတ မက်မော ပိုင်ဆိုင်နေသူပါလေ။

by-@chitnaingoo

https://s3.us-east-2.amazonaws.com/partiko.io/img/chitnaingoo-pink-rose-1528771511886.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center