အဖေနဲ့ အမေ နေခဲ့တဲ့ရွာကလေး

အဖေနဲ့ အမေနေခဲ့တဲ့ ရွာကလေး

၁၃၅၅ ဆောင်းတွင်းကာလ ဟေမာန်တ
နတ်တော်လဆန်း ၁၄ရက် တနင်္လာနေ့မှာ ဖြာကျနေတဲ့
လရောက်အောက်က ရေနံမီးအိမ်လေး မှိတ်တုတ်နဲ့
အဲ့ဒီဇနပုတ်မှာ ကျွန်တော့်ကို မွေးခဲ့တာပေါ့။
မဏိပူရရဲ့ တောင်စဉ်တောင်တန်းတွေနဲ ထိစပ်နေတဲ့ နယ်မြို့
လေးရဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျေးရွာလေး...
အဲ့ဒီရွာလေးမှာပေါ့ ရိုးသားလှတဲ့ ဇနီးမောင်နှံ အကြောင်းဖန်လို့
ပေါင်းဆုံခဲ့တယ်။
အဖေက ချင်းတွင်းမြစ်ရဲ့တနေရာ အထက်သငါဆိုတဲ့
ရွာသားအစစ်ကြီးပေါ့။
တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ထုံး အဖေကျင့်သုံးခဲ့လေသလား။
ကျွန်တော်တို့ရွာ ရောက်လာစဉ် အဖေ့အသက် ၁၆နှစ်တဲ့။
နှစ်ဆယ်ကျော် အစိတ်ထဲ အမေနဲ့ လက်တွဲလို့ ဘဝတိုက်ပွဲ ဆင်နွဲခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်....
လောကဓံရဲ့ မုန်တိုင်းနဲ့တိုက်ခိုက်ဖန်များခဲ့တော့ နုနယ်တဲ့အမေက
သူချစ်တဲ့ရွာကလေးနဲ့ လင်၊သားတစ်စုကို ချန်ရစ်လို့
လောကကြီးထဲကနေ အပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ရတယ်။
သောကနင့်နင့် မုန်တိုင်းဆင့် ခဲ့လေရော့လား။
မကြာခင်ကာလတနေ့ အဲ့ဒီရွာကလေးမှာပဲ အဖေဟာ အမေ့ထံပါး လိုက်လို့ သွားရှာတယ်။
စိမ်းလန်းတဲ့တောအုပ်လည်း မအေးမြနိုင်တော့ပါဘူး။
အဖေ့ရဲလယ်ပြင်ကြီးလည်း အထီးကျန်ဆန်လို့
နွေအပူနဲ့ ရင်ထဲက အပူတွေကြား အံတင်းလို့ ရုန်းကန်ခဲ့ရတဲ့
မေ့မရတဲ့ ဒီရွာလေးကိုတခေါက်ပြန်လည်လို့ အရောက်ပြန်မယ်လို့ပေါ့။
လျှို မြောင် စိမ့်စမ်းနဲ့ ချောင်းရေယဉ် တသွင်သွင် စီးနေတဲ့
ရှေးကျတဲ့ရွာကလေး.....
တမူးဆိုတဲ့ ကဘော်ချိုင့်ဝှမ်းတနေရာရဲ့ ဝိတုတ်ဆိုတဲ့ ရွာကလေးဟာ အဖေနဲ့အမေ ခေါင်းချခဲ့တဲ့ ဇာတိရွာလေးပေါ့။
image
@tamuthar (Writer)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center