ကိုင်းကျွန်းမှီ ကျွန်းကိုင်းမ

ဟိုးတစ်ချိန်တုန်းက သိပ်ကိုလှပတဲ့ တောအုပ်လေးတစ်ခုရှိသတဲ့။အဲဒီတောအုပ်လေးမှာ ချင်တူးနဲ့ပင်တူးလို့ ခေါ်တဲ့ ကြီးမားတဲ့ သစ်ပင်ညီအစ်ကိုနှစ်ဦးလည်းရှိကြတယ်။ချင်တူးနဲ့ပင်တူးတို့ သစ်ပင်ညီအစ်ကိုမှာ သူငယ်ချင်းတစ်သိုက်လည်း ရှိကြတယ်။ ယုန်မိသားစုတွေရယ်၊ မျောက်အုပ်စုတွေရယ်၊ ငှက်လေးတွေနဲ့ ဝက်ဝံမိသားစုတွေ၊ ပညာရှိဝံပုလွေ အိုကြီးတို့က ကသစ်ပင်ညီအစ်ကို တွေရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတယ်။

တစ်နေ့မှာတော့ တောအုပ်ထဲကို သစ်ပင်ခုတ်ဖို့ရည်ရွယ်ချက်နဲ့ ရောက်လာတဲ့သစ်ခုတ်သမားက ချင်တူးနဲ့ပင်တူး တို့ကို အပင်ကြီးမျိုး အပင်ကောင်းဆိုပြီး ခုတ်ဖို့ကြံရွယ်နေတာကို သစ်တော့ သစ်ပင်ညီအစ်ကို ကသူတို့ဆီမှာ ခိုနားနေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ထွက်ပြေးခိုင်းတယ်။ဒါပေမဲ့ သူတို့တွေတစ်ယောက်မှ ထွက်မပြေးခဲ့ပါဘူး။သစ်ပင်ညီအကို မင်းတို့နှစ်ယောက်က ငါတို့ကို အစာတွေပေးတယ်…သန့်ရှင်းတဲ့လေတွေပေးတယ်…ခိုနားဖို့အရိပ်ပေးတယ်လေ..အန္တရာယ်တွေ့လည်း မင်းတို့နှစ်ယောက်ကို ငါတို့မစွန့်ပစ်ထားရက်ပါဘူးချင်တူးနဲ့ပင်တူးတို့ သစ်ပင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့သူငယ်ချင်း မိတ်ဆွေတွေ ကို ကျေးဇူးတင်စကား ပြောပြီး သူတို့ရဲ့နောက်မှာ အကုန်လုံးကို ပုန်းခိုင်းခဲ့တယ်။သစ်ခုတ်သမားကလည်း ချင်တူးနဲ့ပင်တူးတို့သစ်ပင်ကိုပဲ ခုတ်ဖို့ရွေးချယ်လိုက်ပြီး တဖြည်းဖြည်းသစ်ပင်အနား နီးကပ်လာတော့တာပေါ့။အဲဒီအချိန်မှာ ပညာရှိဝံပုလွေက တိရိစ္ဆာန်တွေအားလုံးစုပြီးတော့ တစ်ခုခုလုပ်ဖို့  တိုင်ပင်လိုက်တယ်။ မျောက်တစ်အုပ်ကိုတော့ သစ်ခုတ်သမားလာတဲ့အချိန် ခုန်အုပ်ခိုင်းတယ်။ ငှက်တစ်သိုက်ကိုတော့ ထိုးဆိတ်ခိုင်းတယ်၊ ယုန်တွေကိုတော့ ဘေးပတ်လည်ကနေ ဝိုင်းပြီးလှန့်ခိုင်းလိုက်ဖို့ နဲ့ ဝက်ဝံတွေကိုတော့ ဘေးကနေဟိန်းဟောက်ဖို့ အစီအစဉ်ဆွဲလိုက်ကြတယ်။တိရိစ္ဆာန်လေးတွေအားလုံးစုစုရုံးရုံးနဲ့ သစ်ခုတ်သမားကိုတိုက်ခိုက်ဖို့ အတွက်ပြင်ဆင်ပြီးအခုလုပ်ရှုပ် နေကြတဲ့အချိန်မှာ ပညာရှိဝံပုလွေအိုကြီးက ခြင်္သေ့ဘုရင်ကြီးဆီသွားပြီး အကြောင်းစုံပြောပြပြီးအကူအညီ တောင်းတော့ တောဘုရင်ခြင်္သေ့မင်းက ထွက်လာပြီး သစ်ခုတ်သမားကြားအောင် ဟိန်းဟောက်သံအကျယ်ကြီး ပြုလုပ်သတဲ့..သစ်ခုတ်သမားလည်း ခြင်္သေ့ကြီးအသံကြားတော့ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ ချင်တူးနဲ့ပင်တူးတို့ သစ်ပင်တွေလည်း အသက်အန္တရာယ်ကနေလွတ်မြောက်ခွင့်ရခဲ့ကြတယ်။တောဘုရင်ကိုလည်း သစ်ပင်ညီအစ်ကိုက ကျေးဇူးတင်ကြောင်းပြောပြီး နောက်ပိုင်းမှာတော့ သူတို့မိတ်ဆွေ တိရိစ္ဆာန်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်တောထဲမှာနေထိုင်ခွင့်ရခဲ့ကြပါတယ်။သက်ရှိတွေဟာ သဘာဝတရားကြီးကို အချင်းချင်းမှီခိုပြီး အသက်ရှင်နေထိုင်ကြပါတယ်။ သဘာဝတရားကြီး ပျက်စီးရင် သက်ရှိတွေလည်း သက်ဆိုးမရှည်နိုင်ပါဘူး။ဒါကြောင့်သဘာဝတရားကြီးကို ချစ်ခင်မြတ်နိုးထိန်းသိမ်းကြဖို့ အကြံပြုလိုက်ပါတယ်။
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center