News

ကျိုင်းတုံနှင့် (၅)မိုင်အကွာတွင် ထော်လာဂျီတစ်စီး ချောက်ထဲကျရာမှ ယာဉ်မောင်းသေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တောင်ကြီးကားလမ်းတွင် ကျိုင်းတုံမြို့နှင့် (၅)မိုင်ခန့်အကွာ၌ ဧပြီလ (၂)ရက်နေ့ ညနေပိုင်းက ထော်လာဂျီတစ်စီး ချောက်ထဲထိုးကျသွားသဖြင့် ယာဉ်မောင်းမှာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ အလောင်းအား ကျိုင်းတုံမြို့မှ နှလုံးလှပိုင်ရှင်(အခမဲ့) လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အခင်းဖြစ်နေရာအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

ဓါတ်ပုံ - နှလုံးလှပိုင်ရှင်(အခမဲ့) လူမှုကူညီရေးအသင်း image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center