လေးနှစ်ကျော် တူမ ကို ခေါ်သွား
ပြီး စော်ကားတဲ့ ဦးလေးကို ဖမ်းဆီး ။
========
မှု့ခင်းသတင်းဂျာနယ် 2,5,18
ဧပြီ ၁၇ ရက်နေ့က ကချင်ပြည်နယ်
ဗန်းမော် မြို့နယ် တွင် ဦးလေးဖြစ်သူက
လေးနှစ်အရွယ်တူမကို သားမယားပြုကျင့် ရန် ကြံစည်မှု့ ဖြစ်ပွားခဲ့ကြောင်း ဗန်းမော်
မြို့မ ရဲစခန်း မှ သိရှိရသည်။
.
ဖြစ်စဉ်မှာ ဗန်းမော် မြို့နယ် ဟဲလုံသစ်
ကျေးရွာ နေတရားလို ဒေါ်.......၃၅ နှစ်သည် မိသားစုနှင့် အတူ ရွှေမုဠော
ဘုန်းကြီးကျောင်း သို့ သွားရောက် ကာ
နှစ်သစ်ကူး ပွဲ အတွက် အကတိုက်နေစဉ်
ထိုနေ့ည ၁၀ နာရီ ခွဲခန့်က ဘုန်းကြီး
ကျောင်းဝင်းအတွင်း အခြားကလေးများ
နှင့်အတူ ဆော့ကစားနေသည့် သမီး
ဖြစ်သူ မ......၄ နှစ် ၁ လသည် ငိုယိုပြီး
ရောက်လာ၍ ပြောပြသိရသည်မှာ ၎င်း
ကို ဒေါ်......၏ ညီမဖြစ်သူ ခင်ပွန်း
ကံကောင်း ဆိုသူက ဘုန်းကြီး ကျောင်း
ဝင်းအပြင်ဘက်ရှိ အိမ်သာသို့ခေါ်သွားကာ
၎င်း၏ မိန်းမ ကိုယ် အတွင်းသို့ လက်ဖြင့် ထိုးသွင်းခြင်း ပြုလုပ်ခဲ့ကြောင်း၊တန်ဆာ
ဖြင့်လည်း မိန်းမ ကိုယ်ထဲသို့ ထိုးသွင်ရန်
ပြုလုပ်ခဲ့ကြောင်း ပြောပြသိရသည်။
.
၎င်း ဖြစ်စဉ် နှင့်ပါတ်သက်၍ ကံကောင်း
၂၆ နှစ်အား အရေးယူပေးရန် ဧပြီလ ၁၈ ရက်တွင် တိုင်ကြားခဲရာ ဗန်းမော်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ၃၇၆/၅၁၁
ဖြင့်အမှု့ဖွင့်စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ဂျာနယ် တွင် ရေးသားဖော်ပြထားပါတယ် ။
tinlayzaw
1,5,18