News

Breaking News


ယနေ့ နံနက် ၁နာရီ၄၅မိနစ်​ခန့်​မှာ မြောင်းမြကြိုးတံတား
ကျိုးသွားလို့ ၆ဘီးကားတစ်​စီးရေထဲပါသွားတယ်လို့ သိရပါတယ်။
လူနှစ်ဦးပါသွားတာကြောင့်ရှာဖွေနေဆဲလို့ လတ်တလောသိရပါတယ်

photo Moe Nyo Facebook

မြောင်းမြကြိုးတံတား ကြိုးပြတ်ကျမှု ဖြစ်ပွားပြီး လူနှစ်ဦး ပျောက်ဆုံးနေ

မြန်မာနိုင်ငံ၏ ပထမဆုံး ကြိုးတံတားဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြကြိုးတံတားသည် ယနေ့ (ဧပြီ ၁ ရက်) နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ကြိုးပြတ်ကျမှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ကြိုးတံတား ပြတ်ကျမှုမှာ မြောင်းမြမြို့ဘက်အခြမ်းမှ ဆိုင်းကြိုး ပြတ်ကျသွားခြင်း ဖြစ်ကြောင်းနှင့် ပြတ်ကျမှုတွင် ကုန်တင်ယာဉ် တစ်စီးနှင့်အတူ လူနှစ်ဦး မြစ်ထဲသို့ ပါသွားကြောင်း သိရပြီး လူနှစ်ဦးအား လက်ရှိချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ကနဦးသတင်းများအရ သိရသည်။

Photo: Soe Moe Thu Facebook

EMG

Ye Yint Tun image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now