ဒီမှာသူငယ်ချင်း

ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း....
ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်.....
ဘာဖြစ်လို့လဲ.......
ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်......
ဒါပေမယ့် သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း....
Workers spend what they get, Rich men get what they spend... တဲ့
အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်
သူဌေး = အသုံးစရိတ် to ဝင်ငွေ
ဒါဆို သူဌေးတွေ ဘယ်လို ဘယ်လို ပိုက်ဆံသုံးတာလဲ?
သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့ အတွက် ပိုက်ဆံ သုံးကြတယ်.....
သူတို့ ရဲ့ ပိုက်ဆံတွေကို စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေချဲ့ထွင်ဖို့ ပညာသစ်တွေရဖို့ အတွက်သုံးကြတယ်.....
ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်...
များများသုံးလေ များများဝင်ငွေရလေပေါ့.....
ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်းချမ်းသာတော့တာပဲ.....
@mcmgmg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center