တိမ်တွေဆီ အငေး

🎶တိမ်များကို ကြည့်ငေးရင်း 🎵အတွေးများ လွင့်နေစဉ်🎵
🎶လေပြေညင်းနဲ့ လွင့်လာတဲ့ 🎵အတိတ်ပုံရိပ်ဟောင်းရယ်🎵
🎶တချိန်က ပိုင်ဆိုင်ခဲ့သမျှ 🎵အိပ်မက်တစ်ခုလိုသာ🎵
🎶တကယ်ဆုံးရှုံးခဲ့ပြီလား 🎵အမေးတွေ ရင်ထဲ ကြေကွဲ🎵
🎶ကံကြမ္မာရဲ့ အပြောင်းအလဲတွေ အတိုင်း 🎵ရင်ဆိုင်
🎶ဖြတ်ရင်းလေ 🎵ဟေး ငါ့ရဲ့ နဘေးမှာ ဘယ်သူရှိမလဲ🎶

img_0.7659046346321502.jpg

ဝိုင်ဝိုင်းရဲ့ တမ်းတ သီချင်းလေးကို ဆိုညည်းရင်း
ကိုယ့်ဘဝ ကိုယ့်အကြောင်းလေး ပြန်တွေးမိပါရဲ့။
အတိတ် ဆိုတာကလည်း ပြန်ရချင်လို့ မဖြစ်တော့တဲ့
အရာ မဟုတ်လား။
ပိုင်ဆိုင်တယ် ထင်တဲ့ အရာတွေလည်း ပျက်ပျယ်သွား
တတ်ကြလေတော့ အိပ်မက်တစ်ခုလို မဖမ်းဆုတ်နိုင်၊
မသိမ်းဆည်းနိုင်ခဲ့ပါဘူး။
ကံကြမ္မာ ဆိုတာ ကိုယ်ပြုသည့် အကြောင်းတရား က
အကျိုး ဖြစ်ထွန်းတာ ဆိုပေမယ့် အတိတ်က ပြုခဲ့ဖူး
တာတွေ ပြန်ပြင်မရလေတော့ တွေ့ကြုံလာသမျှ
အဖြစ်အပျက်တွေကို ရင်ဆိုင်ရုံက လွဲပြီး ထွက်ပြေး
လွတ်မြောက်မယ် မထင်ပါဘူး။
တခါတလေ စိတ်အားငယ်မိတဲ့ အခိုက်အတန့်လေး
မှာတော့ အားတက်စရာ အားပေးဖော်လေးတော့
ကိုယ့်အနား ရှိနေစေချင်တာပေါ့လေ။
သို့ပေမယ့် တစ်ယောက်တည်းလည်း နေတတ်အောင်
ကြိုးစားရတာပါပဲ။

🎵အလိုဆန္ဒတိုင်း မပြည့်နိုင်မှန်း 🎶ငါ တကယ် သိရဲ့နဲ့🎶
🎵ဟေး 🎵မေ့ပစ်ဖို့တောင် မလွယ်သေး🎶

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center