မိတ်ဆက်ခြင်း

မဂၤလာပါခင္မ်ာ။ ကျွန်တော့်နာမည် မျိုးခန့်ပါ။ ကျွန်တော် အင်တာနက်စသုံးတာကတော့ 2012 လောက်ကပါ အဲ့ဒီအချိန်ကနေ 2014လောက်အထိ သာမန်အပျော်သုံး ရုပ်ရှင်ကြည့်ဖို့ဇာတ်ကားရှာဖို့ လောက်ပဲ သုံးဖြစ်ပါတယ်။ အဲ့ဒီနောက် Kyaw Thu Ra ဆိုတဲ့ Facebook နာမည်နဲ့​ အစ်ကိုတစ်ယောက်နဲ့ စတင်ရင်းနှီးပြီး နိုင်ငံခြားဇာတ်ကားများကို မြန်မာဘာသာပြန်ပေးတဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဘာသာပြန်အလုပ်ကို 2015 လောက်နေ စတင်လုပ်ကိုင်ခဲ့တာ အခု အချိန်ထိပါပဲ။ တခြားအလုပ်အကိုင်အနေနဲ့ဆိုရင်တော့ ကျွန်တော် ရုပ်ရှင်ဇာတ်ကားတွေကို ဒေတာရောင်းပေးတဲ့အလုပ်ကို လုပ်ကိုင်ဖို့ စတင်နေပါပြီ။ အခု ဒီ Steemit ကိုလဲ အစ်ကို ကျော်သူရ ရဲ့​တိုက်တွန်းမှု အရ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ရုပ်ရှင်နဲ့​ပတ်သက်တဲ့ အကြောင်းအရာလေးတွေ Review လေးတွေ သတင်းလေးတွေကို ဘာသာပြန်ပြီး steemit မှာ ပြန်လည် မျှဝေသွားမယ်လို့ရည်ရွယ်ထားပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now