Security is needed ဘေးကင်းလုံခြုံမှုလိုအပ်နေပြီ

ဘေးကင်းလုံခြုံမှုလိုအပ်နေပြီ

မိမိတိုင်းပြည် ၊ ဒေသ ၊ လူမျိုး ၊ ဘာသာ ၊ လူမှုဘဝစတာတွေဟာ ဘေးကင်းလုံခြုံမှုဆိုတာမရှိမဖြစ်လိုအပ်နေပါပြီ ။ လူသားတွေက မသိကျိုးကျွန်ပြုကာ အမှုမဲ့ အမှတ်မဲ့ နေထိုင်ကြသူများ ဖြစ်ကြတဲ့အတွက် ဘေးကင်းလုံခြုံမှု ကင်းမဲ့လာအောင်ပြုမူ ၊ ပြောဆို ၊ နေထိုင် ကျင့်ကြံနေတယ်ဆိုတာကအစ သတိကင်းလွတ်လာကြတယ်လို့ဆိုရမှာပါ…။ မိမိတို့ပတ် ဝန်းကျင် ၊ မိသားစု ၊ ဒေသ ၊ မိမိတို့နဲ့ ဆက်စပ်နေတဲ့ လူမှုဘဝတွေမှာ ဘေးအန္တရာယ်မကျရောက်အောင် ဘေးကင်း လုံခြုံ အောင် ဘယ်လို ကျင့်ကြံ နေထိုင် အသက်ရှင်သွားမလဲဆိုတာ သတိထားဆင်ခြင် တတ်ဖို့ အမှန်တကယ်လိုအပ်နေပါပြီ လို့ ပြောချင်ပါတယ် ။

img_0.5759088971815659.jpg

ဘေးကင်းလုံခြုံမှုမရှိဘူးဆိုတော့ ဘယ်လို အန္တရာယ်တွေလဲလို့ မေးစရာရှိလာပါတယ် ။ ပြောပါရစေ မိမိတို့ သတ်ိမ ထားမိတဲ့အရာတွေပါဘဲ ။ အင်တာနက် ၊ ဖေ့စ်ဘုတ် ၊ လူမှုကွန်ယက်စာမျက်နှာတွေနဲ့အတူ ကပ်ရောဂါတွေ ၊ စစ်လက်နက် ပစ္စည်းအန္တရာယ်တွေပါပဲ ။ ကာမလိမ်လည်ဖျားယောင်းမှု ၊ နှောက်ယှက်ဖျက်ဆီးမှု ၊ အနိုင်ကျင့်မှု ၊ အဓမ္မကျင့်ကြံမှု ဆိုတဲ့ မ ကောင်းတဲ့အရာတွေအများစုက အင်တာနက်ကနေဝင်ရောက်ဖျက်ဆီးနေပြီး အမှန်ကိုအမှား ၊ အမဲကိုအဖြူ အကောင်းကို အဆိုးဖြစ် အောင်လုပ်နေကြတဲ့အတွက် ကမ္ဘာ့သတင်းမီဒီယာတွေကအစ ဖျားယောင်းသွေးဆောင်မှု တွေနဲ့ “ ကြမ်းတမ်း မိုက့်ရိုင်းတဲ့ညာဉ်ဆိုးထွက်ပေါက် “လို့ တောင် တင်စားရေးသားနေကြပြီဖြစ်ပါတယ်နော် ။

ဘေးကင်းလုံခြုံမှုနဲ့ ဆက်စပ်နေတဲ့ ပဋိပက္ခနဲ့ နှိပ်စက်ညှင်းပန်းခြင်းတွေကလည်း နေရာအနှံ့မှာဖြစ်နေကြပါတယ် ။ အိမ်ရာစွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရတာတွေဟာ ပဋိပက္ခကြောင့် ဖြစ်ပြီး သန်း၇၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ အဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်ဗျာ ။ နိုင်ငံအတွင်းမှာ ဇူလိုင် ၂၂ ရက်နေ့က ၁၇၂၅၉ ဦးကို ဓါတ်ခွဲစမ်းသပ်ရာမှာ ၆၇၀၁ ဦးမှာပိုးတွေ့ ရှိပြီး ကိုဗစ်ပိုးကြောင့် သေဆုံးသူ ၃၁၉ ဦးရှိတယ်လို့ ထုတ်ပြန်ထားတာတွေ့ ရပါတယ် ။
ဘေးကင်းလုံခြုံဖို့ ကျွန်တော်တို့လူသားတွေ ပြုမူနေထိုင် ကျင့်ကြံမှုတွေကို ပြင်ဆင်ရပါမယ် ။
တကယ်တော့ ဒါဟာ လည်း လူသားအားလုံးရဲ့စိတ်နေစိတ်ထားကို အတတ်နိုင်ဆုံးပြင်ဆင်ရမယ်လို့ ပြောချင်ပါတယ်ဗျာ ။ ဒီနေရာမှာ အခြေခံအကျ ဆုံးကတော့ ချစ်ခြင်းမေတ္တာပါပဲလို့ ပြောပါရစေ…. ။ လူသားတို့ဘဝ ၊ အမျိုးသားရေး ၊ ပတ်ဝန်းကျင် ၊ တိုင်းပြည် ၊ အဖွဲ့အစည်း စတာတွေအတွက် ဘာသာအားလုံးရဲ့ အခြေခံက ချစ်ခြင်းမေတ္တာသာအခြေခံကြောင်း ထောက်ပြနေကြတာ အားလုံးအသိပါ ခင်ဗျား ။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ….မေတ္တာကိုရယူပိုင်ဆိုင်နိုင်ရန် ကျင့်ကြံနေထိုင်ကြပါလို့ဆိုချင်ပါတယ် ။ မေတ္တာသည် စိတ်ရှည်သီးခံကြင်နာတတ်ပါတယ် ။ ချစ်ခြင်းမေတ္တာဟာ  မနာလိုဝန်တိုမဖြစ်ဘူး ၊ မကြွားဝါဘူး မန်မာနကင်း စင်ပြီး မတော် မလျှော်မလုပ်ဘူး ၊ကိုယ်ကျိုးမရှာတတ်ဘူး  ၊ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး ၊ ကိုယ်ကျိုးမရှာဘူးအမှန် တရားကို မြတ်နိုးပြီး အမှန်တရားအပေါ်မှာ ကြည်နူးခံစားတတ်ပါတယ် ။

မိမိရဲ့ချစ်ခင်ရသောသူများ နဲ့အတူ နေထိုင်လုပ်ကိုင်စားသောက်ရမယ်ဆိုတာကို ဘေးကင်းလုံခြုံစိတ်ချရတယ်လို့ ခံယူမယ်ဆိုရင် ကိုယ့်ကောင်းကျိုးက်ိုလိုးလားသူတွေနဲ့အနီးဆုံးမှာနေဖို့လိုအပ်သလို …မိမိကိုယ်တိုင်လည်း အများ ကောင်း ကျိုးကို မျှော်လင့်လုပ်ဆောင်ပါလို့ …..တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်  အမျိုးအပေါင်းတို့ရေ…….
                                                                                                          ချစ်ခြင်းမေတ္တများဖြင့်
                                                                                                            Victor naw awng

၂၄ . ၇ .၂၀၂၁

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center