One minute classroom part 2

သင်ခန်းစာ(၂)
نحمده ونصلي على رسوله الكريم
image
" နမားဇ်ဖတ်စဉ်ရွတ်ဆိုရသောစာသားများ၏အဓိပ္ပါယ် "
اَللّٰهُ أَكْبَرْ
အလ္လာဟ်အသျှင်မြတ်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူ၏။
سُبْحَانَكَ اللّٰهُمَّ
အိုးအလ္လာဟ်အသျှင် အသျှင်မြတ်သည် စင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုး ဝန်ခံပြောကြားအပ်ပါသည်။

" နမားဇ်၏စွန္နသ်တော်များ "
(၁) ခေါင်းအားငုံ့မထားဘဲ ဖြောင့်တန်းစွာမတ်တပ်ရပ်ခြင်း။
(၂) ခြေချောင်းလေးများအား ကေဗလဟ်ဘက်သို့ လှည့်ထား၍ ခြေထောက်နစ်ချောင်းကြားတွင် လက်လေးလုံးခန့် ခြားထားခြင်းသည် မုစ်သဟဗ်(သင့်လျော်သောအမူ့)ဖြစ်သည်။

" ကြီးလေးသော ဂိုနာဟ်အကုသိုလ်များ "
ဖော်ပြပါ ဂိုနာဟ်အကုသိုလ်များကို တရားတော်မှပြင်းပြင်းထန်ထန် တားမြစ်တားသည်။ သောင်ဗာဟ် အမှားဝင်ခံခြင်းမရှိသ၍ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့်အပြင် အကုသိုလ်တစ်ခုသည်ပင်လျှင် မိမိအား ဂျဟန္နမ်ငရဲသို့ဆွဲခေါ်သွားရန်လုံလောက်သည်။
(၁) တစ်ဦး တစ်ယောက်အား အထင်သေးစိတ်ဖြင့် လှောင်ပြောင်ရယ်မောခြင်း။
(၂) တစ်ဦး တစ်ယောက်အား စောင်းမြောင်း ကဲ့ရဲ့ခြင်း။

"အကုသိုလ်၏လောကီဆိုးကျိုးများ"
(၁) သာသနာ့အသိပညာလက်မဲ့ဖြစ်သွားနိုင်ခြင်း။
(၂) စားနပ်ရိက္ခာရှားပါးလာခြင်း(ဆိုလိုသည်မှာ)ရိုဇီရိက္ခာတွင် ဗရ်ကသ်မင်္ဂလာများယုတ်လျော့လာမည်။

" အမိန့်နာခံခြင်း၏လောကီကောင်းကျိုးများ"
(၁) အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်များအားနာခံလိုက်နာပါက ရိုဇီရိက္ခာဘရ်ကသ်မင်္ဂလာများ ကျရောက်၍တစ်ခါတစ်ရံ ရိက္ခာတိုးပွား လာသည်ကို မျက်မြင်ကိုယ်တွေ့ခံစားရတတ်သည်။
(၂) ဝေဟင်နှင့် မြေပြင်တွင် အမ် ဳိ းမ် ဳိးသော ဗရ်ကသ်မင်္ဂလာတော်များကျ ရောက်လာမည်။

မေတ္တာရပ်ခံချက်။ ။ ကိုယ်တိုင်ကျင့်သုံး၍ အခြားသူများပါ အကျိုးခံစားနိုင်စေရန် ဤpage အား Like &Share လုပ်ပေးရန် မေတ္တာရပ်ခံပါသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now