Yangon Immanuel Baptist Church

image

ရန်ကုန်မြို့က ရှေးဟောင်းအဆောက်အအုံတွေ အကြောင်း
ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအများစုဟာ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတယ်
နှစ်ပေါင်းရာကျော်သက်တမ်းရှိပြီး သမိုင်းဝင်တဲ့ နေရာဌာတွေဖြစ်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံပေါင်းများစွာ ရန်ကုန်မြို့မှာ ရှိနေတာပါ။ ဒီထဲကမှ တချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ဗိုလ်ချုပ်နေအိမ်ပြတိုက်

လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးလုပ်ကြံခံရမယ့်နေ့အထိ နေထိုင်သွားခဲ့တဲ့ ဗဟန်းမြို့နယ်အတွင်းက သူ့နေအိမ်ကို ပြတိုက်အဖြစ် ၁၉၆၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပါတယ်။ ကိုလိုနီခေတ် အိမ်တော်တစ်ခုဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ကြီးပြင်းခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

(၂) ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင် ၉ ဦး လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံးကိုတော့ ၁၉၀၅ ခုနှစ်မှာ တည်ဆောက်မှုအလုံးစုံ ပြီးစီးခဲ့ကာ ထိုခေတ်ကကုန်ကျငွေစုစုပေါင်း ၂ ဒသမ ၅ သန်း ကျပ် ရှိခဲ့ပါတယ်။ ကိုလိုနီခေတ်တစ်လျှောက် အတွင်းဝန်ရုံးအဖြစ် ဖွင့်လှစ်ခဲ့ကာ စစ်ကြီးအပြီး တိုင်းပြုပြည်ပြု လွှတ်တော်ခေတ်မှာ ၀န်ကြီးများရုံးအဖြစ် သတ်မှတ်ခဲ့တာပါ။

(၃) ဧမာနွေလဘုရားကျောင်း (Immanuel Baptist Church) ဟာ ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံးလည်း နှစ်ခြင်းကျောင်းလည်း ဖြစ်ပါတယ်။ မူရင်း အဆောက်အအုံက ဘုရားကျောင်းရဲ့ အနောက်ခြမ်းဖြစ်ပြီး မဟာဗန္ဓုလလမ်းဘက်ကို မျက်နှာမူထားပါတယ်။ ၁၈၈၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး ဆရာတော်ယုဒဿန် ဦးဆောင်ပါဝင် အမေရိကန်မစ်ရှင်အဖွဲ့က ကြီးမှူးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ်ကြောင့် အဆောက်အအုံဟောင်း ထိခိုက်ပျက်စီးခဲ့ရာ ဆူးလေဘုရားဘက်ကို မျက်နှာမူထားတဲ့ လက်ရှိအဆောက်အအုံသစ်ကို ၁၉၅၂ ခုနှစ်က ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

image

(၄) တရားရုံးချုပ်ဟောင်း (High Court Building) အဆောက်အအုံကတော့ ရန်ကုန်မြို့ရဲ့ ကိုလိုနီခေတ် လက်ရာတွေထဲက အထင်ကရတစ်ခုပါ။ ၂၀၀၆ ခုနှစ်မတိုင်မီအထိ မြန်မာနိုင်ငံတော် တရားရုံးချုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။

ဒီအဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲပေးခဲ့တာကတော့ ဗိသုကာ James Ransome ဆိုသူ ဖြစ်ကာ ၁၉၀၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၁၁ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ဒီအဆောက်အအုံရဲ့ဒီဇိုင်းဟာ အန်းဘုရင်မကြီးခေတ် (၁၇၀၂-၁၇၁၄) ဗိသုကာလက်ရာလို့ ပညာရှင်များက သတ်မှတ်ကြပြီး ရှေ့မျက်နှာစာ အလယ်ခေါင်မှာ နာရီစင်ကြီးတစ်ခု ပါရှိကာ အနီရောင်အုတ်ရိုးကြီးများနဲ့ ခံ့ညားစွာတည်ဆောက်ထားပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now