တိုင်းပြည်အတွက် မင်္ဂလာရှိတဲ့နေ့ တစ်နေ့ (သို့) လွတ်လပ်ရေးနေ့

image

ဇန်န၀ါရီလ ၄ ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံးအတွက် အရေးပါတဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။
ကိုလိုနီဗြိတိသျှတို့ရဲ့ အုပ်ချုပ်မှုအောက်ကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့နေ့ ဖြစ်တဲ့အတွက် လွတ်လပ်ရေးနေ့အဖြစ် အလေးအမြတ်ထားသတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ်ပွဲတွေ ကျင်းပလာခဲ့တာ အခုနှစ် ဇန်န၀ါရီလ ၄ ရက်ဆိုရင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မြန်မာတစ်မျိုးသားလုံးရဲ့ အထွတ်အမြတ်ထားရာ လွတ်လပ်ရေးနေ့နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ပြပေးပါမယ်။

ပုဂံခေတ်အနော်ရထာမင်းလက်ထက်မှာ စတင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာတော့ နန်းတွင်းအရှုပ်တော်ပုံတွေကို အာရုံစိုက်ဖြေရှင်းရင်း တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားဖြစ်တဲ့ စစ်အင်အားချည့်နဲ့ ခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာ၊ အင်အားတွေကလည်း အဘက်ဘက်က နောက်ကျခဲ့ပါတယ်။ ဒီလို စစ်အင်အားချည့်နဲ့မှုတွေကြောင့် ဗြိတိသျှတို့က ၁၈၂၄ မှာ တစ်ကြိမ်၊ ၁၈၅၂ မှာ တစ်ကြိမ်၊ ၁၈၈၅ သီပေါမင်းလက်ထက်မှာ တစ်ကြိမ် ခေတ်မီစစ်လက်နက်တွေနဲ့ မြန်မာနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲလာခဲ့ပါတယ်။ ဒါကြောင့် ၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှာ အလုံးအရင်းနဲ့ ဝင်လာတဲ့ ဗြိတိသျှတို့ကို မဟန့်တားနိုင်တော့ပဲ သူ့ကျွန်ဘဝကျရောက်ခဲ့ပါတယ်။ သီပေါမင်းလည်း အိန္ဒိယနိုင်ငံ၊ ရတနာဂီရိကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ သူ့ကျွန်ဘဝကျရောက်ပြီးချိန်ကစလို့ ပြည်ထောင်စုဖွားတိုင်းရင်းသားသူရဲ့ကောင်းတွေဟာ ရရာလက်နက်စွဲကိုင်ကာ ဗြိတိသျှနယ်ချဲ့တွေကို နည်းလမ်းစုံနဲ့ အသက်စွန့်တိုက်ထုတ်ခဲ့ကြပါတယ်။

image

၁၉၂ဝ ပြည့်လွန်နှစ်တွေမှာတော့ လူငယ်တွေအကြား မျိုးချစ်စိတ်ဓာတ်ပိုမိုပြင်းထန်လာခဲ့ပြီး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံးစတဲ့ အသင်းကြီးတွေ ဖွဲ့စည်းကာ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုတွေဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ့အပြင် မျိုးချစ်စိတ်ဓာတ်ပြင်းထန်ပြီး သံမဏိစိတ်ဓာတ်ကိန်းအောင်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့တို့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်အောင် ရှောင်ရှားရင်း လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံခြားအကူအညီရရှိရေး ပြည်ပကို တိတ်တဆိတ်ထွက်ခွာခဲ့ကာ ရဲဘော်သုံးကျိပ်နဲ့အတူ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ယူခဲ့ရပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်ခန္ဓာပေးတိုက်ခိုက်သွားမယ်လို့ လက်မောင်းသွေးဖောက်သစ္စာဆိုခဲ့ကြပါတယ်။ BIA တပ်မတော်ဟာ ၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ချီတက်ပြီး မတ်လ ၈ ရက်နေ့မှာ ရန်ကုန်ကို သိမ်းပိုက်ခဲ့ပါတယ်။ ကိုအောင်ဆန်းဟာ ဇူလိုင်လမှာ ဗိုလ်မှူးကြီးရာထူးနဲ့ ဗမာ့တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သြဂုတ် ၁ ရက်နေ့မှာတော့ BIA ကနေ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ BIA ၊BDA၊ PBF တပ်မတော်တွေနဲ့အတူ နယ်ချဲ့နဲ့ ဖက်ဆက်ဂျပန်တို့ကို မြန်မာ့မြေပေါ်ကနေ ချေမှုန်းတိုက်ထုတ်နိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့တို့ထံကနေ တည်တံ့စွာပြောဆို တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ အမြော်အမြင်ကြီးစွာဆောင်ရွက်မှုတွေကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာတို့ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒါကြောင့် နယ်ချဲ့လက်အောက်နေ လွတ်လပ်မှုရရှိခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပင်ဖြစ်ပါတယ်။

image

လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေစီကားနေမှာ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now