ကျွန်မ၅တန်းနှစ်မှာ ဒဂုံမြို့သစ်က အဒေါ်အိမ်ကို ပြောင်းနေခဲ့တယ် အဲတုန်းက အမေနဲ့အဖေက လက်ပံတန်းမှာ နယ်မှာ ဆိုတော့ ပညာရေးက ရန်ကုန် လောက် မကောင်းဘူး သွားရလာရတာလည်း ခက်ခဲတယ်ပေါ့ အဲဒါနဲ့ အဒေါ့်အိမ်ကိုရောက်ခဲ့တယ် ကျွန်မတို့တွေရဲ့ငယ်ဘဝတွေက ကစားမယ်စားမယ် စာကျတ်မယ် အိမ်အလုပ်တွေကူလုပ်ပေးမယ် အဲဒီတုန်းကဖုန်းတွေလည်းမပေါ်သေး မီးဆိုတာလည်းအလှည့်ကျ လာတဲ့ အချိန်ဆိုတော့ ကျွန်မတို့ လမ်းထဲက ကလေးတသိုက်ဟာ အမြဲ ဆော့ ကစားဖြစ်တယ် ကျွန်မတို့်အိမ်မှာပဲ ကလေးက ၃ယောက်ပေါ့ အဲတုန်းကကျွန်မက ၇တန်းအကိုဝမ်းကွဲက မွေးတဲ့တူလေးက ၂တန်း အမဝမ်းကွဲက မွေးတဲ့ တူလေးက ၃နှစ်သား ဒီလိုပဲ ခေါငိးရင်းအိမ်က သူငယ်ချင်းက ကိုယ်နဲ့အတူတူ၇တန်းပဲ သူ့မှာလည်းညီမဝမ်းကွဲလေးနဲ့ နောက်တစ်အိမ်မှာလည်း မောင်နှမ ၃ယောက် အမြဲတွဲဖြစ်တဲ့ သူငယ်ချင်းအိမ်ကတော့ နှစ်ခြံကျော်မှာ သူတို့က ညီအမနှစ်ယောက် အဲဒီသူငယ်ချင်းက ကျွန်မထက် နှစ်နှစ်ငယ်ပါတယ် ညနေဘက်ဆို စက်ဘီးတွေလျှောက်စီးကြတယ် မုန့်ဆိုင်အတူတူသွားတယ် ကစားတယ် စာအုပ်ဆိုင် အတူတူသွားငှါးကြတယ် အခွေငှါးကြတယ် အခွေငှါးရင်လည်း ပါဝါရိမ်းဂျားကား ကြည့်ရတာအမော gameစက် လေးကို အလှည့်ကျဆော့တယ်
အဲတုန်းက ကျွန်မတို့ နှစ်ယောက်ကြိုက်တဲ့ ဖတ်ဖြစ်တဲ့ စာအုပ်တွေက ဘိုဘို မိမန်းလေး မြိုင်ရာဇာတွတ်ပီ အဲစာအုပ်တွေကတော့မလွတ်တမ်းဖတ်ဖြစ်တယ် ကာတွန်းပရိသတ်ပေါ့နော်
ကျောင်းပိတ်ရက်ရောက်ရင် လည်း ကစားနည်းမျိုးစုံနဲ့ကစားဖြစ်တယ် ဘောလုံးဖမ်းတိုင်း (ဥပစ်တိုင်းလို့လည်းခေါ်တယ်)ပုံထပ်တိုင်း ဖန်ဂေါ်လီပစ်တိုင်း ကြိုးခုန်တိုင်း ကုလားမ စည်းနင်းတိုင်း သရေကွင်းထပ် မှုတ်တယ် ကြက်ဖခွပ်တယ် မရိုးရအောင် ကစားတတ်တဲ့ကလေးတွေပါ
အဲအချိန်တုန်းက စာကို သိပ်စိတ်မဝင်စားဘူး ညဘက်ဆို စာကျတ်တယ် သာမာန်လောက်ပဲ ကျတ်ခဲ့တယ် ကစားတာကိုတော့တော်တော်အားပါခဲ့တာ အိမ်ကအမေက အလုပ်ခိုင်းထားရင်လည်း အမြန်ပြီးအောင် သူငယ်ချင်းတွေကကူလုပ်ပေးကြတယ် အဲဒါမှမြန်မြန်ဆော့ရမှာလေ
ဒီလိုပဲသူငယ်ချင်းတွေအလုပ်လည်း ကိုယ်တွေက ကူလုပ်ပေးခဲ့တယ် သီတင်းကျွတ်ရောက်ရင်လည်း ငရဲမီးဆော့ကျ ငရဲမီးဆော့ရင်း ကိုယ်တွေ မိန်းကလေးတွေက ဟင်းချက်ချင်လာပြန်ရော အဲဒါ နဲ့ အိမ်ကနေ ဆီတွေယူ ဆားတွေယူ ကန်စွန်းရွက်တွေ ခူးပြီး ကစားတဲ့ ဒယ်အိုးလေးနဲ့ အရွက်ကြော်ုဖစ်ခဲ့ကြတယ် အဖွဲ့ကတော့ ညီတယ် မိန်းကလေးတွေက ဟင်းချက်တယ် ယောက်ျားလေးတွေက ထမင်းချက်ကြတယ် ပြန်စဉ်းစားကြည့်ရင် အဲတုန်းက မီးနဲ့ကောင်းကောင်းဆော့ဖြစ် နေတာ လမ်းထဲမှာ ဆီးမီးထွန်းလည်းပါလိုက်တာပဲ စတု ဓိဒါ ကျွေးရင်း လည်း အဖွဲ့လိုက်ချီတတ်သွားစားခဲ့တာ လွတ်လပ်ရေးနေ့ ပြေးပွဲပြိုင် ပွဲ ဆိုရင်လည်း နာမည်စာရင်းတွေပေးပြီး ပြိုင်ခဲ့ကြတာ ကျွန်မတို့အဖွဲ့မှာက
ကျွန်မသူငယ်ချင်းက အရမ်းအပြေးသန်တာ သူကပထမပဲ ကျွန်မကသူ့လောက်မပြေးနိုင်ဘူး သူနဲ့တော့ အတူ ပြိုင်ပွဲတစ်ခုဝင်ဖြစ်ခဲ့တယ် လက်ဆင့်ကမ်းပြိုင်ပွဲ အဲမှာ သူကအပြေးသန်တော့ ကျွန်မတို့နှစ်ယောက်ဆုရခဲ့တယ် ဆင်ဖြူတော် မှီပြီး ကြံစုပ်တဲ့ သဘောပေါ့ သင်္ကြန်ဆိုရင်လည်း လမ်းထိပ်ထိ ရေတွေသယိကြ ရေပတ်ကြ ဈေးသွားတဲ့ အန်တီကြီး တွေ ပတ်စရာ လူမရှိရင် ကိုယ့်အချင်းချင်း ပြန်ပတ်နေကြတဲ့အဖွဲ့ပါ ရပ်ကွက်ကမဏ္ဍပ်ဆောက်တော့ အကတွေတိုက်ကြတော့လည်း သူများကတာမြင်တော့ ကချင်ပြန်ရော အဲဒါကိုအဒေါ်ကသိတော့ အမဝမ်းကွဲကိုအကသင်ခိုင်းတယ် အမဝမ်းကွဲက အရင်က သင်္ကြန်တွေမှာ ယိမ်းအဖွဲ့ဝင် ကဖူးတယ် စိတ်လည်းရှည်တယ် အမှန်ဆို ရပ်ကွက်က အကဆရာမ ငှါးထားတာက ကျွန်မတို့သူငယ်ချင်းနှစ်ယောက်က သိပ်မကတတ်တော့ မသင်ပေးချင်ဘူး ကျွန်မတို့နှစ်ယောက်ကလည်း ယောက်ျားလေးတွေနဲ့ ဆော့ပြီး နေလာတဲ့သူတွေဆိုတော့ နွဲ့နွဲ့နှောင်းနှောင်းကမလုပ်တတ် အဲဒါနဲ့ပဲ
အဆင်မပြေတွေဖြစ်နေခဲ့တယ် ကချင်တော့ လည်း အမက အိမ်မှာ သီချင်းဖွင့် အခြေခံကစပြီးသင်ပေးခဲ့တယ် ကျွန်မတို့နှစ်ယောက်အတွက်ကတော့ ခက်ခဲခဲ့တယ် မိန်းကလေးဆိုတော့လည်း သူများတွေတောင်ကကြမှာ ငါတို့လည်း ရအောင်ကမယ်ပေါ့ အမကတော့ အချိန်တော်တော်ပေးပြီး သင်ပေးခဲ့လို့ အဆင်ပြေပြေ ကနိုင်ခဲ့ပါတယ်
သင်္ကြန်အတတ်နေ့ဆိုရင် အမြဲ ကားနဲ့ ရေပတ်ခံ
ထွက်တဲ့ အတွက် လည်ရတဲ့ပိုးကလည်း မစွန့်လွှတ်နိုင်ဘူး မိသားစုနဲ့ လည်တာမို့လို့ပိုပျော်ဖို့ကောင်းတယ် အဲဒါမို့လို့ တနှစ်မှတခါပဲကျတဲ့သင်္ကြန်ပွဲမှာ လမ်းထိပ်မှာလည်းရေပတ်တယ် ရပ်ကွက်မဏ္ဍပ်မှာလည်းသွားကတယ် အတတ်နေ့ဆိုရင်လည်း ရေပတ်ခံထွက်ခဲ့တယ် အဲဒီတုန်းက အချိန်တွေက တကယ်လည်းပျော်စရာကောင်းတယ် သတိရမိတယ် ပြင်မြင်ယောင်မိတယ် ......ဆက်ရန်
Photo credit - facebook photo
MSC-232
Writer by @yway