I and DSA(4)

image
ကျွန်​​တော်​နှင့်​ သင်​တန်း (၄)

ငြိမ်​သက်​​နေ​သောဘူတာရုံကြီးသည်​ အာရုဏ်​ဦးအလင်း​ရောင်​နဲ့အတူ လှုပ်​လှုပ်​ရွရွ ဖြစ်​လာသည်​။ကျွန်​​တော်​လဲ ညက တစ်​ညလုံး​ ပြင်​ဦးလွင်​ခရီးစဉ်​အတွက်​ ရင်​ခုန်​စိတ်​လှုပ်​ရှား​နေ​သော​ကြောင့်​ အိပ်​မရခဲ့​ပေ။တစ်​ခါမှ မ​ရောက်​ခဲ့ဖူး​သော​မြို့တစ်​မြို့၊တစ်​ခါမှမသိခဲ့ဘူး​သောလူ​တွေနဲ့၊တစ်​ခါမှမကျင်​လည်​ခဲ့ဘူး​သော ​နေရာတစ်​ခုသို့ သွားရသည်​မှာ အဘယ်​မှာစိတ်​မလှုပ်​ရှားပဲ​နေအံ့နည်း။အချိန်​ကား မနက်​၄နာရီ၁၀မိနစ်​ခန့်​။ကျွန်​​တော်​လည်း ဒီတစ်​ခါ​တော့ ထမင်းငတ်​မည်​စိုး၍ ညက​ပေါက်​စီဝယ်စားခဲ့​သော အလင်းဆိုင်​​လေးသို့ပင်​ ​ခြေဦးလှည့်​မိ​တော့သည်​။ဆိုင်​​ရောက်​​တော့ မြန်​မာထမင်း​ကြော်​ တစ်​ပွဲနှင့်​ ​ကော်​ဖီတစ်​ခွက်​မှာလိုက်​ကာ ဟို​ငေးဒီ​ငေး ​နေလိုက်​သည်​။ သိပ်​မကြာခင်​မှာပင်​စားပွဲထိုး​ကောင်​​လေးက မြန်​မာထမင်း​ကြော်​နှင့်​​ကော်​ဖီ လာချ​ပေးသည်​။မ​နေ့ထဲက ထမင်းလွတ်​ထားသဖြင့်​ ​ဗိုက်​ဆာဆာနဲ့စားရာထမင်း​ကြော်​ လိုက်​ပွဲနှစ်​ပွဲကုန်​သွား​လေ​တော့သည်​။စားပြီး​နောက်​​ကော်​ဖီ အားဇိမ်​ခံ​သောက်​ရင်း ဟို​ရောက်​ရင်​ မည်​သို့ကြုံ​တွေ့မည်​လဲဟု စဉ်းစား​နေမိသည်​။မနက်​၆နာရီ ပြင်​ဦးသို့တက်​မည့်​ကားများ စထွက်​မည်​ဟု​ပြောထားသည့်​အတွက်​ ၅နာရီခွဲ​လောက်​​တော့လူစုမည်​ထင်​သည်​။လက်မှ နာရီကိုကြည့်​လိုက်​​တော့ ၅နာရီ ၁၀မိနစ်​ပင်​ရှိ​လေပြီ​။ကျသင့်​​ငွေအားရှင်းကာ တန်းစီမည့်​​နေရာသို့သွားလိုက်​သည်​။၅နာရီခွဲကျ​တော့ အရာရှိတစ်​​ယောက်​က တန်းစီမယ်​ ဆိုတာနှင့်​ ထုံးစံအတိုင်း စုရုံးစုရုံးလုပ်​ကျပြန်​​လေသည်​။တစ်​ချို့ကျ​တော့ သူတို့မိသားစု​တွေနဲ့ ခုထိတတွတ်​တွတ်​နဲ့​ပြောဆို​နေကြစဲပင်​။အလွမ်းသယ်​​နေကြတာဖြစ်​မည်​ထင်​သည်​။

တန်းစီပြီး​နောက်​ ကားတစ်​စီးလျင်​ လူ၃၀နှုန်းနှင့်​ စစ်​ကားကြီးများစတင်​ထွက်​ခွာ​လေ​တော့သည်​။ရှည်​လျားလှ​သော ကားတန်းကြီးကိုကြည့်​ပြီး စိတ်​ထဲမှာ စိတ်​ဓာတ်​တက်​ကြွလာသလိုလို ကိုယ့်​ကိုကိုယ့်​စစ်​သားကြီးလုံးလုံးဖြစ်​​နေသလိုလိုနဲ့ ဘယ်​လိုခံ စားချက်​ကြီးမှန်းမသိ။မန္တ​လေးဘူတာကြီး မှထွက်​ခွာလာ​တော့ မန္တ​လေးမြို့ကြီးကို စတင်​ထိ​တွေ့ခွင့်​ရ​လေ​တော့သည်​။ ကားတန်းကြီးသည်​ မန္တ​လေးကျုံး​ဘေးမှ ဖြတ်​သွားသည့်​အတွက်​ မန္တ​လေးကျုံး​ဘေး တစ်​​လျှောက်​အလှအပများကိုလည်းခံစားခွင့်​ရ​လေသည်​။အလှအပများဆိုသည်​၌ မန္တ​လေးနန်းမြို့ရိုးကြီးနှင့်​ နံနက်​ခင်းမြူခိုးများနှင့်​ ရစ်​သိုင်း​နေသည့်​ ကျုံး​ရေပြင်​အလှနှင့်​ ဟိုး..​နန်း​ရှေ့ဘက်​က မန္တ​လေး​တောင်​ကြီး၏ ဝိုးတဝါးအလှတို့သည်​ မန်းမြို့သူ​လေး​တွေရဲ့ ကျုံး​ဘေးတစ်​​လျှောက်​ ကိုယ်​လက်​လှုပ်​ရှားအားကစားလုပ်​​နေကျသည့်​ အလှ​အပကို ပိုမို​ပေါ်လွင်​​စေသ​ယောင်​​ယောင်​ ဖြစ်​​နေသည်​။မဆီမဆိုင်​ ​​ရွှေမန်းသူ​တွေ​ခြေသလုံးတုတ်​တယ်​ကြားဖူး၍ ​ခြေသလုံး ​တွေလိုက်​ကြည့်​မိ​သေးသည်​။မနက်​ခင်းစက်​ဘီးနှင့်​ လုပ်​ငန်းခွင်​သို့သွားကျသည့်​ မန်းမြို့သူ​တွေလဲ​တွေ့ရသည်​။တချို့ကလဲ ကျုံး​ဘေးတစ်​​လျှောက်​​ပြေး​နေရာမှ ရပ်​၍ ကျွန်​​တော်​တို့ကားတန်းကြီးဖြတ်​သွားသည်​ကို ရပ်​ကြည့်​​နေကြသည်​။ တချို့က​တော့ လက်​ပြနှုတ်​ဆက်​ကျသည်​။ကား​ပေါ်မှ ငနဲသားတချို့က​တော့ လက်​ပြနှုတ်​ဆက်​တာ သူ့ကိုပဲလက်​လှမ်းပြ​နေသ​ယောင်​နှင့်​ ​ပျော်​လို့မဆုံးတပြုံးပြုံးဖြစ်​​နေကြသည်​။

မန္တ​လေးမြို့ကြီးကို ​ကျော်​လွန်​လာပြီး​နောက်​ ပြင်​ဦးလွင်​သို့ဆိုသည့်​ ဆိုင်းဘုတ်​ကို ​တွေ့ရာ ကား​ပေါ်မှ ​ဗိုလ်​​လောင်းများ တလှုပ်​လှုပ်​ဖြစ်​လာကျပြန်​သည်​။ဟန်​​တော့ကျ​ပေသည်​။ရန်​ကုန်​မှာကားစီးတိုင်းမူးတတ်​​သောကျွန်​​တော်​ စစ်​ကားကြီး​တွေစီးရတာမမူး​ပေ။ပတ်​ပတ်​လည်​ အ​ပေါက်​​တွေကြီးပဲဖြစ်​​သော​ကြောင့်​ ​လေဝင်​​လေထွက်​ ​ကောင်းပေသည်​။ သို့​ပေမယ့်​ ​လေတိုးမှု​ကြောင့်​ အလွန်​ပင်​​အေးလှသည်​။အ​ဖေထည့်​​ပေးလိုက်​​သော ဂျင်းအ​နွေးထည်​​လေးဖြင့်​ အ​အေးဒဏ်​ကိုအံတု​နေရသည်​။ပြင်​ဦးလွင်​​ခြောက်​ထပ်​​ကွေ့သို့မတက်​မှီ ကားများခနနား၍ကား ​ရေတိုင်​ကီ​ရေဖြည့်​ခြင်းခြင်းများပြုလုပ်​ကျ​လေသည်​။ထိုစဉ်​ကပြင်​ဦးလွင်​လမ်းများသည်​ ယခုကဲ့သို့ အတက်​တစ်​လမ်း၊ အဆင်းတစ်​လမ်းမဟုတ်​ဘဲ အတက်​အဆင်းတစ်​လမ်းတည်းသာဖြစ်​သည်​။လမ်းများမှာလည်း ကမူကထစ်​များလှ​ပေသည်​။ image
နာရီဝက်​ခန့်​ကားနားပြီး​နောက်​ ​ခြောက်​ထပ်​​ကွေ့သို့စတက်​​လေ​တော့သည်​။ရန်​ကုန်​မှာ​နေပြီး ရှုခင်းများနဲ့ မရင်းနှီးခဲ့ရသော ကျွန်​​တော့အဖို့​တော့ မြင်​မြင်​သမျှလှပ​နေ​လေ​တော့သည်​။ခြောက်​ထပ်​​ကွေ့ရဲ့တစ်​ဖက်​​ခြောက်​ကြီးထဲတွင်​ မြူခိုးတို့က တလွင့်​လွင့်​၊​ကွေ့​ကောက်​​နေ​သော မြစ်​တစ်​စင်းလဲ​တွေ့ရသည်​။ဟိုး...မှာ ဒုဌ္ဓဝတီမြစ်​ကွဟု ​ဘေးနားမှ တစ်​​ယောက်​က လက်​ညိုးထိုးပြီးပြမှ ဒုဌ္ဓဝတီမြစ်​မှန်း သိ​တော့သည်​။ခြောက်​ကမ်းပါးကိုကပ်​၍ ကားကွေ့လိုက်​တိုင်း ကျွန်​​တော်​တို့မှာ အသဲတ​အေး​အေးနဲ့ရှိ​ပေ​တော့သည်​။ယာဉ်​တိမ်း​မှောက်​မှု အဖြစ်​များ​သော​နေရာဟူ​သော ဆိုင်းဘုတ်​​တွေ့လိုက်​​သော​ကြောင့်​ သိသမျှဘုရားစာအကုန်​ရွတ်​မိ​ပေ​တော့သည်​။အတက်​လမ်းများကျ​တော့ ကားတစ်​စီးနှင့်​တစ်​စီးခွာတက်​ရသည်​။ရှေ့ကားလှန်​ကျလျင်​ ​နောက်​ကားကိုမထိခိုက်​​အောင်​ဖြစ်​သည်​။ ဂျပန်​​ခေတ်​လက်​ကျန်​ fawကားကြီး​တွေက​တော့ အခုထိရုန်းအား​ကောင်း​နေ
ဆဲပင်​။တချို့အတက်​​တွေဆိုကားက တစ်​ဂီးဂီး​အော်​ပြီး မရုန်းချင်​လှ။ခြောက်​ထပ်​​ကွေ့ကို​ကျော်​လာပြီး၁၅မိနစ်​​လောက်​​နေ​တော့ ၂၁မိုင်​သို့​ရောက်​​လေသည်​။ image

ကားများခနနားအုံးမည်​ ဆို၍ ကား​ပေါ်မှဆင်းကာ မနက်​စာစားကြ​လေသည်​။အချိန်​က ၉နာရီ ခန့်​ပင်​ရှိ​နေပြီဖြစ်​၍ ကျွန်​​တော်​လည်း ​နေ့လည်​စာဖြင့်​ ​ပေါင်း၍ ထမင်းစားလိုက်​​လေ​တော့သည်​။ကား​ပေါ်မှကိုယ်​စီးလာခဲ့တဲ့ကားနံပါတ်​လဲမှတ်​ထားရ​သေးသည်​။ကားအားလုံးက တစ်​ပုံစံထဲနီးပါးဖြစ်​တာ​ကြောင့်​ကားမှားတက်​မိမှာစိုး၍ဖြစ်​သည်​။နာရီဝက်​ခန့့်​ကားများနားအပြီးမှာ​တော့ ယာဉ်​တန်းများပြန်​လည်​ထွက်​ခွာရန်​ ​ရှေ့ဆုံးမှ ကားက ဟွန်းသံရှည်​​ပေး၍ သတိ​ပေးကာ တ​အောင့်​​နေ​တော့ ကားများစတင်​၍ ထွက်​ခွာ​ကျ​လေသည်​။၂၁မိုင်​​ကျော်​လာမှစိမ့်​ကနဲ စ​​အေး​လေ​တော့သည်​။ရာသီဥတုမှာလည်းသိသိသာသာ ​ပြောင်း​လဲလာသည်​။ မြူခိုး​တွေပို၍ပိတ်​လာသည့်​အတွက်​ ကားသမားများလည်းသတိထားကာ တအိအိနဲ့ ​မောင်း​နေကျရ​လေသည်​။ကျွန်​​တော်​တို့​ဗိုလ်​​လောင်းများက​တော့ အထူးအဆန်းဖြစ်​ကာ​ပျော်​​နေကျ၏။ရာသီဥတုကနတ်​ပြည်​ပဲ​ရောက်​​နေသလိုလို။
အ​အေးဓာတ်​ကပိုလာသည့်​အတွက်​ ကား​ပေါ်ရှိလူများတစ်​​ယောက်​​ယောက်​နှင့်​တစ်​​ယောက်​ပူးကပ်​လာ​တော့သည်​။ဒီ​လောက်​​အေးမည်​ မထင်​၍ အ​နွေးထည်​ထူထူမဝတ်​ခဲ့မိတာမှား​လေခြင်းဟု ​နောင်​တရမိ​လေ​တော့သည်​။
Photo credit google image

ဆက်​ပါအုံးမည်

Author by Minhtet yeyint
@zinminhtet
MSC-126

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center