ဒိုင်ယာရီ (POEM)

inkfeather-800px.png

တစ်​ကိုယ်​လုံး ကိုက်​ခဲ​နေတဲ့
မနက်​ခင်း အလွမ်း​တွေ
နှလုံးသားနဲ့ချိတ်​ဆက်​ပီး
သတိရ​စေသား...

ဒီ..အနမ်း​တွေ နှုတ်​ခမ်း​တွေ
ရနံ့​တွေ ရင်​​ခွင်​​တွေ...

မြင်ကွင်း​​မှတ်​မိ​နေတဲ့
ပန်းချီဆရာတစ်​​ယောက်
အ​တွေး​တွေလို...

သတိရပါတယ်​လို့
ဘယ်​လို​ပြောရမှာလဲ
ဒီနှလုံးသားက
ဒဏ်​ရာတန်းလန်းကြီး

တစ်​ခါတစ်​ခါ
ငြိမ်​သက်​သွားတာ
တစ်​ဆစ်​ဆစ်​နဲ့ကိုက်​​နေခဲ့
ဟိုမ​ရောက်​ဒီမ​ရောက်​အ​တွေး​တွေထဲ

နောက်​ဆုံးကျ​တော့လဲ
လက်​တစ်​စုံနဲ့
မင်းနှလုံးသားကိုဖက်
ခန​မှေးစက်​လိုက်​တယ်

ဖြစ်​​ပေါ်လာမယ်​လို့မထင်​ခဲ့ဘူး
မနက်​ဖြန်​မနက်​ဖြန်​တိုင်းရဲ့
ပုံရိပ်​​တွေ အဲ့ဒါ...
ငါ့ရင်​ခွင်​ထဲတိုးဝင်​ခဲ့ပီး
မင်းပုခုံး​လေး​ပေါ်
လက်​တင်​ထားလိုက်တဲ့ေ​န့...

25299524_529061214127367_565579509177157630_n.jpg

ကလောင်အမည်- ရွှေအောင်ခန့်
Author:@zayyarwin
myanmar steemit

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center