မကောင်းကျောင်းပို့

Untitled-1.jpg

ကိုချမ်းသာတစ်ယောက် ရွာထဲလမ်းလျှောက်ရင်းနဲ့လယ်ကွက်ထဲမှာ မတ်ပဲတွေလုပ်နေတဲ့ ကိုညိုကြီးရဲ့ ပဲခင်းနားကိုရောက်သွားတယ်။

"ဗျိုးးးးးးးကိုချမ်းသာ"

"ဗျ ကိုညိုကြီး"

"လာပါအုံးဆရာသမားရဲ့အခင်းထဲကို ဆရာသမားကလိုင်းစုံတော့ ဗဟုသုတလေးမေးချင်သား"

"မေးဗျာ ကိုညိုကြီး"

"ဒီလိုဗျ ကိုချမ်းသာရ မြေကအတူတူပဲ မြေသြဇာကျွေးတာလဲအတူတူပဲ မျိုးလဲအတူတူပဲ စိုက်ချိန်လဲအတူတူပဲ တစ်ခင်းနဲ့တစ်ခင်းကျမတူဘူးဗျာ ပဲအထွက်နှုန်းတွေက"

frijol.jpg
Credit original image source

"အင်းဗျ..ဒါကဒီလိုဖြစ်လောက်တယ် ဆေးဖြန်းတဲ့လရယ် ၊ သုံးတဲ့ဆေးရယ် နဲ့ဆိုင်တာဖြစ်မယ်။သူတို့ဘယ်အချိန် ဘယ်လမှာဆေးဖြန်းတယ် ဘာဆေးတွေသုံးတာလဲဆိုတာ လိုက်မေးပြီးလေ့လာရင်တူလောက်တယ်ဗျ။မြေကအတူတူပဲလေဗျာ..အဆင်ပြေသွားလိမ့်မယ်"

"မှန်းလုပ်ရတာလေဗျာ။သူတို့လဲဆေးဖျန်းတဲ့လရယ် အချိန်ရယ်ကို အတိအကျနဲ့မှတ်ထားလောက်တယ်။မေးသာမေးကြည့်"

"အင်း ကိုချမ်းသာပြောတာ သဘာဝကျတယ် ဘယ်သူ့မေးမေး မရှင်းပြတတ်ကျဘူးဒီလို"

"စာများများသာဖတ်ပါဗျာ ကိုညိုကြီးရေ နောက်တော့ဗဟုသုတတွေ သိလာမှာပါ"

"ဟ ကိုချမ်းသာကြီးရောက်နေပါ့လား ဘာတွေပွဲကျနေတုန်းဗျ သတင်းလေးဘာလေးလဲမျှပါအုံး ကျုပ်လဲပဲခင်းတွေကအများကြီး ပွဲရုံတွေက ကောက်တာရပ်ထား ၊ ပဲခင်းတွေကအထွက်ကမကောင်း ၊ဈေးတွေကကျနဲ့ ဒီနှစ်တော့အရင်းတောင်မနည်းလုပ်ရမှာဗျာ"

"အေးပေါ့ဗျာ။အခုပဲ ပဲအကြောင်းကို ကိုချမ်းသာရောက်လာလို့ မေးနေတာဗျ။လာထိုင်ဗျာ ကိုကျော်ကြီး ရေနွေးသောက် ထန်းလျှက်စားအုံး"

"အင်း ကိုညိုကြီးရေ"

Greengram_field.jpg
Credit original image source

"ဒါနဲ့ ကိုကျော်ကြီး ခင်ဗျား မျက်နှာလဲမကောင်းပါလားဗျာ။ အိမ်မှာဘာတွေအဆင်မပြေလဲဗျ။"

"ပြောမနေပါနဲ့တော့ကိုညိုကြီးရာ အိမ်ကမိန်းမနဲ့သားပေါ့။မိန်းမကလဲ ကျန်းမာရေးက ခနခနမကောင်း ငွေကလို။သားကလဲသိတဲ့အတိုင်းလေဗျာ သူ့မိန်းမတောင်သူ့နားသိပ်ကပ်ရဲတာမဟုတ်ဘူး။တော်တော်ဆိုးတာဗျာ။မိုးလင်းကနေမိုးချုပ်သောက်နေတာလေ။စိတ်တွေဆင်းရဲချက်ဗျို့။"

"သြော် .... ကိုကျော်ကြီးအဖြစ်ကလဲ ဟုတ်ပါ့ဗျာ။အကုန်လုံးကိုဦးဆောင်လုပ်သာကျွေးနေရတယ်။ပြောစကားကျတော့ဘယ်သူမှနားမထောင်ကြဘူး။ဒီလိုလုပ်ပါလားဗျ ခင်ဗျားသားကိုဆရာတော်ကြီးဆီပို့ထားလိုက်ပါလား တစ်လတန်သည် နှစ်လတန်သည်ပေါ့။ခင်ဗျားမဆုံးမနိုင်တာ ဆရာတော်ကြီးဆုံးမလိမ့်မယ်လေ။ မကောင်းကျောင်းပို့ ဖို့သာစဉ်းစားဗျို့"

"ဟာ ကိုညိုကြီးပြောမှ မေ့နေတာဗျာ မှန်လိုက်လေ။ဒီကပြန်ရင် ဆရာတော့်ဆီသွားပြီး သားမကောင်းတာကို ပြင်ပေးဖို့ သွားလျှောက်ရမယ်။လိုအပ်ရင် ပဇင်းတတ်ပေးရမယ်။ရအောင်လုပ်ရမယ်ဗျို့။ဘာအကြောင်းပြပြီး ဒီကောင့်ကို ပဇင်းတတ်ခိုင်းရမလဲစဉ်းစားလိုက်အုံးမယ်"

"ဖွီး..အဟွတ်.. အဟွတ်"

"ဟ..အလန့်တကြား ကိုချမ်းသာရယ်...ဘာဖြစ်တာတုန်းဗျ"

"ရေနွေးသောက်နေတာလမ်းကြောင်းလွဲသွားတာဗျို့...ခင်ဗျားတို့ပြောနေတာကြားလိုက်လို့ ရယ်ချင်တာနဲ့။ ဘာတွေပြောနေကြမှန်းလဲမသိဘူးဗျာ ဒုက္ခပဲခင်ဗျားတို့နှစ်ယောက်။"

"ဘာဖြစ်လို့လဲဗျ သူ့သားကဆိုးနေလို့ မကောင်းလို့ ကျောင်းပို့ခိုင်းတာလေ ပြုပြင်ဖို့ ဘာများမှားလို့ ရယ်ချင်နေတာလဲဗျကိုချမ်းသာရ။"

"အဲ့လိုတွေ ခင်ဗျားတို့မကောင်းတိုင်းကျောင်းပို့ပြီးပြင်ခိုင်းနေရအောင် ဘုန်းကြီးတွေကိုအားတယ်များမှတ်နေလို့လား။"

"ကိုချမ်းသာကလဲ စကားပုံအတိုင်းပြောတာလေဗျာ..ဒီစကားပုံက အစထဲကအဲ့လိုပဲဆိုထားတာလေဗျာ။"

1505016_340802542729596_745283325_n.jpg
Credit original image source

"မှားနေတယ်ဗျ ခင်ဗျားတို့ထင်တဲ့စကားပုံက"

"ဟင် လူတိုင်းဒီလိုပဲသုံးနေတာ ဘာများမှားတုန်းဗျာ ကိုချမ်းသာကြမှအဆန်းပဲ"

"ကျုပ်ကဆန်းတာမဟုတ်ဘူးဗျ..ခင်ဗျားတို့က အလွဲကြီးကိုသုံးပြီးတော့အမှန်ထင်နေကြတာလေ။"

"ကဲဒါဆို ဗဟုသုတအနေနဲ့ ပြောစမ်းပါအုံးဗျာ..ကိုချမ်းသာက ကျောင်းဆရာဆိုတော့ကာ ကျုပ်တို့ထက်ပိုသိမှာပေါ့။"

"ပိုသိတယ်လဲမဟုတ်ပါဘူးဗျာ..စာများများဖတ်ဖို့တိုက်တွန်းချင်တယ်ခင်ဗျားတို့ကို။ သိတဲ့သူရှေ့သွားပြောတော့ ရယ်စရာဖြစ်နေမှာစိုးလို့ပါဗျာ။"

"စကားပုံရဲ့ဆိုလိုရင်းကဒီလိုဗျ။"

"တရားအားထုတ်ခိုင်းတာဗျ စောစောစီးစီး။"

"ဟင်.... ကိုချမ်းသာပြောတာဘာကြီးတုန်း နားမလည်ဘူး။ ရှုပ်နေတယ်။ ရှင်းစမ်းပါအုံး။"

"အင်း...လူဆိုတာက အရွယ်ကောင်းတုန်းမှာ တရားအားမထုတ်ကြဘူး အလုပ်တွေလုပ်နေရတယ်အကြောင်းပြတယ်။မအားတာကိုအကြောင်းပြတယ်။အားတဲ့အချိန်တွေကြတော့လည်း မဟုတ်တာတွေလုပ်ရင်း အချိန်ကုန်နေကြပြန်တယ်။တကယ်အားတော့လဲ တကယ် တရားအားထုတ်ကြတာ မဟုတ်ပြန်ဘူး။အသက်ကြီးလာတော့မှ၊ အသက် (၆၀)(၇၀)လောက်ကြတော့မှပဲ ဘုရားတရားလုပ်ဖို့သတိရကြတယ်ဗျာ။အဲ့အရွယ်ရောက်တော့မှ ဘုန်းကြီးကျောင်းသွားအုံးမှပဲ...တရားလေးဘာလေးသွားနာ၊ တရားလေးဘာလေးထိုင်အုံးမှပဲလို့လုပ်ကြတာ။ကဲ..ဒီလိုနဲ့ ခင်ဗျားတို့ကျုပ်တို့က အသက်တွေကြီးသွားကြရော။ကြီးလာတော့ နားတွေက လေးလာပြီ။ဒူးတွေကမကောင်းတော့ဘူး။မျက်လုံးတွေကမှုန်လာပြီ။စိတ်ကသွားတိုင်းကိုယ်ကမပါတော့ဘူး"

awdasfa.jpg
Credit original image source

"သားသမီးတွေကလည်း မိဘတွေကို အသက်လေးအရွယ်ကောင်းတုန်း စောစောစီးစီးဘုရားကျောင်းကန်ကို မပို့ကြဘူး။သူတို့ကလဲမလုပ်ဘူးလေ။မိဘတွေအသက်ကြီးလာတော့ အိမ်မှာလူပိုကြီးတွေဖြစ်လာတော့မှပဲ..အဖေ အမေ အားတုန်းလေးကိုယ့်နောက်ပါအောင်ဘုရားတရားလုပ်ကြပါလား..ဒီနေ့ဥပုဒ်နေ့ ဘုန်းကြီးကျောင်းသွားကြပါလား။ဒါမျိုးတွေလာတာဗျ သားသမီးတွေက။သူတို့နားငြီးသက်သာရင်ပြီးရောလေ။ ကြီးလာတော့မှ သွားတော့ စိတ်ကလုပ်ချင်ပေမယ့် ခန္ဓာကိုယ်ကစိတ်နောက်ကိုမလိုက်နိုင်တော့ဘူးဗျ။အဲ့ဒါကြောင့် မကောင်းမှကျောင်းကိုပို့မယ့်အစား တရားဘာဝနာတွေအားထုတ်နိုင်အောင် မိမိရဲ့မိဘတွေ၊ အဖိုးအဖွားတွေ၊ ဆွေမျိုးတွေ၊ အသက်ကြီးသူတွေကို လှုပ်ရှားနိုင်တုန်းလေး၊ အကုန်ကောင်းတုန်းလေး၊ အဲ့လိုအနေအထားလေးမှာ စောစောစီးစီးပို့ကြဖို့တိုက်တွန်းထားတဲ့ စကားပုံပါဗျာ။မကောင်းတာတွေကို ကျောင်းပို့ဖို့စကားပုံမဟုတ်ပါဘူး။ဒူးတွေကနာနေတော့ ထိုင်ထတောင်အဆင်မပြေတာ တရားထိုင်ဖို့အစဉ်မပြေနိုင်ဘူးဗျ။ခနခနနာနေတာ ဘယ်လိုမှတ်မလဲတရားကို။အာရုံ မရဘူးပေါ့။မျက်လုံးတွေက မကောင်းတော့ ရှေ့ကဆရာတော်က ပုံတွေနဲ့ပြနေတဲ့အခါမှာ မမြင်ရ၊ စာရွက်ကမ်းပြန်တော့လဲ စာလုံးကသေးလေတော့ မဖတ်နိုင်၊ မျက်လုံးကောင်းတုန်းလေးလုပ်ဖို့လဲအရေးကြီးတယ်။နားတွေမကောင်းတော့ သွားရောပေါ့ဗျာ...တရားနာပါတယ်ဆို နားမကောင်းတော့ ကြားတစ်ချက်မကြားတစ်ချက် ဘယ်လိုမှတရားကိုနားမလည်တော့ဘူးလေ။တရားဘာဝနာကို ကြိုးစားအားထုတ်ချင်ပေမယ်လို့ စိတ်ကတတ်ကြွနေပေမယ့် မိမိရဲ့ခန္ဓာကြီးက မလိုက်နိုင်တော့တဲ့အချိန်ကျမှတော့ ကျောင်းမပို့နေပါနဲ့တော့ဗျာ။ခေါင်းတုံတုံ ၊ လည်တုံတုံ ၊ ခေါင်းတငြိမ့်ငြိမ့် ၊ လည်တခါခါ ဖြစ်နေမှတော့ အိမ်မှာပဲ ဘုရားသာရှိခိုးခိုင်းပါတော့"

fasg-1.jpg
Credit original image source

"တချို့ကလည်း မကောင်းကျောင်းပို့ကို ဘာတွေမှန်းမသိဘူး။သေပြီးသားလူတွေ သုံးခဲ့တဲ့ ကုတင်တွေ၊ စောင်တွေ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ သွားပို့တယ် ဘုန်းကြီးကျောင်းကို။ကြောက်လို့လှူတာကိုးဗျာ။သူတို့အသုံးတည့်မှာတွေကျတော့မလှူဘူးဗျ။သေသွားသူတွေဝတ်တဲ့ရွှေတွေ လက်ဝတ်လက်စားတွေကျတော့ မလှူဘူးရယ်။အဲ့ဒါတွေကျတော့မကြောက်ကြပြန်ဘူး။အဲ့ဒီ့မကောင်းတာတွေကိုကြောက်လို့သွားပို့တာ မကောင်းကျောင်းပို့ဆိုပဲ။အယူအဆတွေကလွဲနေတာ တတ်တတ်စင်အောင်။တချို့ကလဲ ယတြာချေဖို့ဆိုပဲဗျာ..အိမ်မှာရှိတဲ့မကောင်းတာတွေကို သွားလှူတာ။ဘုန်းကြီးကျောင်းကိုအလုပ်ရှုပ်အောင်လေ။ဘာတွေလုပ်ကြတယ်မသိပါဘူးဗျာ။တချို့ကလဲ မလိမ်မာတဲ့သူတွေ၊ အရက်သမားတွေ၊ဆေးသမားတွေကို ဘုန်းကြီးကျောင်းမှာပြုပြင်ပေးဖို့ကို ကျောင်းသွားပို့တယ်ဆိုပဲ။သူတို့ကိုကောင်းသွားအောင် ဘုန်းကြီးဝတ်ပေးတယ်တဲ့။ရယ်ရတယ်ဗျ..၀တ်ပြီးပြန်ထွက်လာတော့လဲ အရက်ဆိုင်မှာပါပဲ။ဘုန်းကြီးကျောင်းက အရက်သမားတွေကို ရိုက်နှက်ပြီးဆုံးမတဲ့ နေရာလားဗျာ။အရက်သေစာသောက်ထားပြီးရင် ဘုန်းကြီးကျောင်းကိုတောင်မ၀င်သင့်ပါဘူး။ငါးပါးသီလ မလုံပဲဝင်ပြီးတော့ မကောင်းကျောင်းပို့ဆိုတဲ့စကားပုံကို ခေါင်းစဉ်တပ်ပြန်ရော။အခုကိုကျော်ကြီးရဲ့သားကို ကိုညိုကြီးကျောင်းသွားပို့ခိုင်းသလိုပေါ့။မလုပ်ပါနဲ့ဗျာ ဘုန်းကြီးတွေသူတို့အလုပ်သူတို့လုပ်ပါစေ။သွားမရှုပ်ပါနဲ့။သားသမီးတွေလိမ်မာအောင်က မိဘတွေက လက်ဦးဆရာလေ။ခင်ဗျားတို့ဆုံးမရမှာမဟုတ်လား။ငယ်ငယ်လေးထဲက ဘုန်းတော်ကြီးကျောင်းတွေမှာ ခင်ဗျားတို့ သားသမီးလေးတွေကို လိမ္မာရေးခြားရှိအောင် သွားပို့ပြီးတော့ လောကနီတိ၊ပြည်သူ့နီတိ တွေခင်ဗျားတို့သွားသင်ပေးရမှာ။ငယ်ငယ်ထဲကဗီဇကောင်းသွားရင် ဘယ်ဆိုးတော့မလဲဗျာ။တချို့ကလဲရှိသေးတယ်။မကောင်းလို့ စာသင်ကျောင်းကိုပို့တယ်တဲ့ဗျ စကားပုံအတိုင်း။သူတို့ပြောမှပဲ စာသင်တဲ့ကလေးလေးတွေက အကုန်မကောင်းဖြစ်ကုန်ရောဗျာ ဟားဟား။ဆရာတော်တွေတရားတော်တွေကိုများများနာဗျ။ပြီးတော့ စာများများဖတ်ကြပါဗျာ"

14051783_1324294314248270_483749604020814962_n.jpg
Credit original image source

"သြော် ကိုချမ်းသာရေ နားလည်ပြီဗျာ။တော်တော်လဲဗဟုသုတစုံတဲ့သူပါပဲဗျာ။ခင်ဗျားနဲ့တွေ့ရတာ တော်တော်လေးဗဟုသုတတိုးတယ်ဗျို့..ကျေးဇူးလဲတင်တယ်ရှင်းပြပေးတာ။ကျုပ်တို့ လဲကျုပ်တို့ မိဘတွေကို အရွယ်ကောင်းတုန်းလေး တရားဘာဝနာအားထုတ်နိုင်အောင် တိုက်တွန်းတော့မယ်ဗျာ။မကောင်းတဲ့အခါကျောင်းပို့တာထက် ကောင်းနေတဲ့အချိန်ထဲကကျောင်းပို့တော့ ကိုချမ်းသာပြောသလို တရားဘာဝနာတွေ အားထုတ်လို့ကောင်းတာပေါ့ဗျာ။ကျုပ်တို့ကိုယ်တိုင်လဲ အားထုတ်ပါ့မယ်လို့ ကတိပေးပါတယ်ဗျာ။"

"အကောင်းဆုံး အစီအစဉ်ပါပဲ...သာဓု ၊ သာဓု ၊ သာဓု ပါဗျာဟု ကိုချမ်းသာက ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ခေါ်ပေးလိုက်လေတော့သည်။"

Untitled-1 copy.jpg

နေပြည်တော် FM ရေဒီယိုမှလာသော အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ၏ မကောင်းကျောင်းပို့တရားတော်ကို အခြေခံပြုကာရေးသားထားပါသည်။

MSC မိသားစုဝင်တွေလဲ မိမိ မိဘတွေ..ဆွေမျိုးသားချင်းတွေကို မကောင်းကျောင်းပို့မလုပ်ကြပါနဲ့နော်။ကောင်းတုန်းလေးကျောင်းပို့ကြဖို့တိုက်တွန်းပါတယ်။စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ချစ်လှစွာဖြင့်....
Author - @zarmanizawlinn
MSC 210
Naypyitaw.
Myanmar.

IMG_20160726_223306.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now