TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၂)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၂)

ဗာတီကယ်​ပိုင်းအ​ပေါ်​အောက်​ကျဉ်းတဲ့ပြဿနာကြုံရသလို တခါတ​လေ​ဘေးနှစ်​ဖက်​ကျဉ်းတဲ့ပြဿနာလဲကြုံရတပ်​ပါတယ်​၊​ဘေးနှစ်​ဖက်​ကျဉ်းတဲ့ပြဿနာကိုတချို့ပြစ်​ချက်​​တွေမှာလွယ်​ပြီးတချို့ပြစ်​ချက်​​တွေမှာအ​တော်​ခက်​ခဲပါတယ်​၊​ဟော်​လဇင်​နယ်​ပိုင်း ဟိုက်​ဗို့ဒိပ်​ပိုင်းဖြစ်​​နေလို့ပါဘဲ ၊ဒီလိုကျဉ်းတဲ့ပြစ်​ချက်​ဖြစ်​​ပေါ်​စေတတ်​​တာကတခါတ​လေတရုပ်​တီဗွီ​တွေမှာဖလိုင်းဖက်​နားက ငုပ်​က​လေး​ လေးခုကိုချိန်းပြီး တငုပ်​ပြီးတငုပ်​စမ်းပြီးချိန်းတပ်​ကြည့်​ရင်​လဲကျယ်​သွာတပ်​ပါတယ်​၊

zworykin-cathode-ray-patent.png

https://goo.gl/images/WQiSrY

ဒီငုပ်​က​လေး​တွေက ​ဘေးနှစ်​ဖက်​အကျဉ်းအကျယ်​ ချိန်း​တဲ့ငုပ်​က​လေး​တွေပါ၊ဒါမျိုးပြစ်​ချက်​ကဖလိုင်းဖက်​လဲတဲ့အခါဖလိုင်းဖက်​မကိုက်​ရင်​လဲဖြစ်​တတ်​ပါတယ်​၊ဒါ​ကြောင့်​ဖလိုင်းဖက်​ကလည်းOut​နေရင်​မ​ကောင်းရင်​လဲ ဖြစ်​တတ်​ပါတယ်​၊​နောက်​ပြီးဆားဗစ်​မုကုဒ်​လွဲ​နေရင်​လည်းဖြစ်​တတ်​ပါတယ်​၊တခါတ​လေ ​ဟော်​လဇင်​နယ်​ပိုင်း ဖလိုင်းဖက်​နားကဒစ်​ကွန်​ဒစ်​​ဆာတွေကွဲထွက်​တာ​တွေလဲဖြစ်​တတ်​​ပါတယ်​၊အဲ့ဒီအနားက ဒိုင်​အုပ်​​တွေယိုစီး​နေရင်​လည်းဖြစ်​တတ်​ပါတယ်​၊အဲ့ဒီဟို​က်​ဗို့ဒိတ်​အပိုင်းကိုစက်​ပြင်​သမား​တော်​​တော်​များများကိုင်​ရမှာ​ကြောက်​ပါတယ်​၊အန္တရယ်​တအားများလို့ပါ၊ သူ့အနားက​လောင်​တဲ့ပစ္စည်းသူ့တန်​ဘိုးနဲ့သူ ညီတဲတန်​ဘိုးကိုအတိအကျရှာထည့်​သင့်​ပါတယ်​၊တန်​ဘိုးမညီခဲ့ရင်​တခါတ​လေ ပါဝါဖွင့်​လိုက်​တာနဲ့Hout tr လောင်​သွားခြင်း ဖလိုင်းဖက်​လောင်​သွားခြင်းအပြင်​​နောက်​ဆုံးမီးလုံးလည်​တိုင်​ပါကျိုးသွားတပ်​ပါတယ်​၊

TV-Kit.jpg

https://goo.gl/images/dYsD4f

အဲ့ဒီအနားကပစ္စည်းများတန်​ဖိုးများ​ရော့သွားခဲ့ရင်​ hout trခန​လေးနဲ့ပူပြီး​လောင်​သွားခြင်း ဖလိုင်းဖက်​ထဲမှစီစီ​အော်​ပြီး ဖလိုင်းဖက်​​လောင်​သွားခြင်း ရုပ်​ပုံမှာ တခါတ​လေ​​စွေ​စောင်း​စောင်း​တွေဖြစ်​ပြီးတွန့်​လိမ်​သွားခြင်းဖြစ်​တပ်​ပါသည်​၊ထိုပြဿနာမျိုးကအ​ဖြေရှာဘို့တအားခက်​ပါတယ်​၊အဓိကက​တော့ဒစ်​ကွန်​ဒစ်​ဆာ​တွေကိုတန်းဘိုးတူညီတာရှာပြီလဲထည့်​သင့်​ပါတယ်​၊တန်​ဘိုးနီးစပ်​လို့ဆိုပြီးမထည့်​သင့်​​ပေ ​တော်​ကြာမလိုလားအပ်​တဲ့ပြဿနာ​တွေဖြစ်​ပြီးစိပ်​ညစ်​သွားပါလိမ့်​မည့်
ရုပ်​ပုံမှာ အ​ပေါ်နားမှာဖြစ်​​စေ ​အောက်​နားမှာဖြစ်​​စေ​ လေးကိုင်းသဖွယ်​​ကွေး​နေလျှင်​​တော့ မီးလုံးလည်​တိုင်​မှာစွပ်​ထား​သောရုပ်​ကွိုင်​ကိုဖြုတ်​ကြည့်​သင့်​ပါသည်​၊​ဟော်​လဇင်​နယ်​ကွိုင်​​လောင်​​နေတတ်​တာ​တွေ့ရပါသည်​၊ထိုရုပ်​ကွိုင်​သည်​အသစ်​မလာပါ၊အ​ဟောင်း​တွေထဲမှကိုက်​ညိသည့်​ရုပ်​ကွိုင်​ကိုရှာထည့်​ရပါသည်​၊ထိုရုပ်​ကွိုင်​ပြစ်​ချက်​သည်​ဆမ်​​ဆောင်းတီဗွီများတွင်​အဖြစ်​များပါသည်​၊ရုပ်​ကွိုင်​ကလည်းရှားပါးဖြစ်​သဖြင့်​ခက်​ခက်​ခဲခဲပြန်​ပတ်​ရပါသည်​၊ပြန်​ပတ်​သည့်​​နေရာတွင်​ မိုလ်​ လုပ်​ပြီးပတ်​ရသဖြင့်​ လက်​ခများပါသည်​၊

vintage-television-technology.jpg

https://goo.gl/images/9xJ4yj

နောက်​ပြစ်​ချက်​တမျိုးက အ​ပေါ်​အောက်​​ထောင်​လိုက်​ စဉ်း​ကြောင်​တခုထဲ​ပေါ်​နေ ပြီးရုပ်​ပုံမ​ပေါ်တဲ့ပြစ်​ချက်​မျိုးလည်းဖြစ်​တပ်​ပါသည်​ထိုပြစ်​ချက်​သည်​ ​ဟော်​လဇင်​နယ်ရုပ်​ကွီုင်​​ကြိုးသည်​ဟိုက်​ဗို့ဒိပ်​ဖြစ်​သဖြင့်​ ပြတ်​နေခြင်းများပြုတ်​​နေခြင်းများဖြစ်​တပ်​ပါသည်​၊ရုပ်​ကွိုင်​​လောင်​​နေလျှင်​လည်း ဖြစ်​တပ်​ပါသည်​၊
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center