TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၉)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၉)

ကက်​သုတ်​မှထွက်​လာသည့်​စူးရှ​သေးငယ်​​သောအလင်းတန်း​လေးသည်​တီဗွီဖန်​သားပြင်​​ပေါ်မှာရုပ်​ပုံကို​ပေါ်​စေပါသည်​၊မှန်​ပြင်​​ပေါ်မှာအလင်​ပြန့်​​စေရန်​ မီးလုံးလည်​တိုင်​မှာစွတ်​ထား​သော ကွိုင်​ထုပ်​(ရုပ်​ကွိုင်​)သည်​အဓိကအ​ရေးပါ ပါသည်​၊

images (32).jpeg

https://goo.gl/images/PXdgMT

မီးလုံးမှန်​ပြင်​၏ မျက်​နာစာတွင်​ ဗလာစာအုက်​ကဲသို့မျဉ်း​ကြောင်း​လေး​တွေရှိပါသည်​ ၊ထိုမျဉ်း​ကြောင်းက​လေး​တွေကစ​ပေါ့​သေး​သေး​လေး​လေး​တွေနှင့်​တန်းစီထားခြင်းဖြစ်​ပါသည်​ ၊မှန်​ပြင်​တခုလုံးကိုခြုံကြည့်​လျှင်​ အလွန်​တရာ​သေးငယ်​​သောစကာ​ပေါက်​က​လေး​တွေပါသည့်​သံဇကာနှင့်​အတွင်းပိုင်းမှာအုပ်​ထားခြင်းဖြစ်​ပါသည်​၊ ထိုသံဇကာ​ပေါက်​က​လေး​တွေနှင့်​မီးလုံးမျက်​နြာ​ပင်​မှာသုပ်​ထား​သော​ရောင်​ပြန်​စ​ပေါ့​လေး​တွေနှင့်​ကွက်​တိကြ​နေသည်၊မီးလုံးကိုရိုက်​ခွဲလိုက်​လျှင်​ ထိုသံဇကာကို​တွေရှိရပါလိမ့်​မည်​၊ မီးလုံး​နောက်​ဖက်​ကက်​သုပ်​မှထွက်​လာ​သောလျှပ်​စစ်​အလင်းတန်းစ​ပေါ့ကို မီးလုံးလည်​တိုင်​မှာစွပ်​ထားသည်​ရုပ်​ကွိုင်​ရဲ့ ဘယ်​ဖက်​ကွိုင်​​နှင့်​ အ​ပေါ်ကွိုင်​တို့ရဲ့သံလိုက်​ဆွဲငင်​မှူ​ကြောင့်​ ပထမဆုံးမှန်​ပြင်​ရဲ့ ဘယ်​ဖက်​အ​ပေါ်​ထောင့်​မှာလာ​ရောက်​ထိမှန်​ပါသည်​၊ ထိုမှတဆင့်​တ​ဖြည်းဖြည်းခြင်း
ရုပ်​ကွိုင်​၏ညာဖက်​ကွိုင်​ရဲ့ဆွဲယူမူ​ကြောင့်မှန်​ပြင်​ရဲ့ညာဖက်​အ​ပေါ်​ထောင့်​မျဉ်း​ကြောင်း​အဆုံးစ​ပေါ့​ပေါ့်သို့​ရောက်​ရ​လေသည်​၊

monito6.jpg

https://goo.gl/images/Qzyq7k

ထိုမှတဆင့်​ကျွန်​​တော်​တို့စာဖတ်​သလိုအ​ပေါ်မျဉ်း​ကြောင်းဆုံးပြီး​အောက်​မျဉ်း​ကြောင်းအစသို့​ရောက်​ရှိ​စေပါသည်​၊ထိုကဲသို့ စ​ပေါ့်​လေးများကိုစာဖတ်​သကဲ့တချက်​ခြင်းထိမှန်​လာပြီး​နောက်​ဆုံး ​ရုပ်​ကွိုင်​ရဲ့​အောက်​ကွိုင်​​နဲ့ညာဖက်​ကွိုင်​တို့ရဲဆွဲငင်​မူ့​ကြောင့်​မှန်​ပြင်​ရဲ့ညာဖက်​​အောက်ဆုံး​ထောင့်​ကို​ရောက်​ရှိ​စေသည်​၊ ကက်​သုပ်​မှထွက်​လာ​သောလျှပ်​စစ်​အလင်းတန်း​လေးက စ​ပေါ့အစမှအဆုံးအထိ တချက်​ခြင်းထိမှန်​လာ​သောဖြစ်​စဉ်​တခုသည်​၊
ရုပ်​ပုံကားချပ်​တခုပင်​ဖြစ်​​လေသည်​၊ထိုကားချပ်​တခုသည်​ ရုပ်​ရှင်​ဖလင်​ရဲ့ ဖလင်​ကွက်​တခုနှင့်​တူ၏၊ရုပ်​ရှင်​ဖလင်​ရဲ့အကွက်​တကွက်​သည်​ အ​ပေါ်ဖလင်​ကွက်​နှင့်​​အောက်​မှဖလင်​ကွက်​တူသ​ယောင်​​ယောင်​ရှိပြီး နဲနဲ​လေးဘဲကွဲလွဲ​နေ၏။ဆယ်​​လေးငါးကွက်​​လောက်​​ရောက်​မှသာလျှင်​ရုပ်​ပုံများကွဲလွဲ​နေ​သည်​ကို​တွေ့ရှိရသည်​။ထိုဖလင်​ကို ဆက်​တိုက်​ဆွဲယူလိုက်​​သောအခါလှူပ်​ရှား​နေ​သောရုပ်​ရှင်​ကိုရရှိ​လေသည်​၊

zworykin-cathode-ray-patent.png

https://goo.gl/images/WQiSrY

တီဗွီမှန်​ပြင်​တွင်​လည်​ထိုကဲသိုပင်​ဖြစ်​​လေသည်​၊စ​ပေါ့​လေး​တွေကိုအစအဆုံးဖတ်​ခြင်းဖြစ်​စဉ်​ရုပ်​ပုံကားချပ်​​တွေကို တစက္ကန့်​အတွင်းပုံသုံး​လေးဆယ်​အထိပြီး​အောင်​ဖတ်​သွာ​လေ​သောအခါလှူပ်​ရှား​နေ​သောရုပ်​အရှင်​ကိုမြင်​ရ​လေသည်​။တီဗွီတလုံးနှင့်​တလုံးတစက္ကန့်​အတွင်း​ပြောင်းလဲသွား​သောရုပ်​ပုံအ​ရေအတွက်​မတူညီ​ပေ၊ပုံကားချပ်​တခုနှင့်​တခု​ပြောင်းလဲသွားသည်​ကိုကျွန်​​တော်​တို့ရဲ့သာမှန်​မျက်​စိဖြင့်​မမြင်​နိုင်​​ပေ၊​ဖေကွန်​စီတိုင်း​သောစက်​များနှင့်​သာသိရှိနိုင်​​လေသည်​၊ရုပ်​ပုံကွက်​တခုနဲ့တခုအကူးအ​ပြောင်း​တောင်​သာမန်​မျက်​စိနှင့်​မသိနိုင်​ဘူးဆိုလျှင်​​တော့ စ​ပေါ့​လေး​တွေကိုတချက်​ခြင်းရိုက်​ခပ်​ပြီး​ရွေလျှားလာသည်​ကို ပို၍ပင်​ကျွန်​​တော်​တို့မျက်​စိဖြင့်​မသိနိုင်​​ပေ၊ထိုဖြစ်​စဉ်​အားလုံသည်​ အဖြူအမဲတိဗွီရဲ့ဖြစ်​စဉ်​ပင်​ဖြစ်​​လေသည်​၊ကာလာတီဗွီဆိုလျှင်​ပို၍ပင်​ဖြစ်​စဉ်​​တွေကအနုစိတ်​​ပေလိမ့်​မည်​၊
ဆက်​ရန်​......

Post writer=@yuzana(shineshine)
MSC=146

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center