TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၆)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၆)

ကျွန်​​တော်​အခု​ရေး​နေ​သောTVစက်​ပြင်​မှတ်​တမ်းသည်​ သင်​ရိုးညွန်းတန်းမဟုပ်​ဘဲ စက်​ပြင်​ခန်းမှာ​တွေ့ကြုံရ​သောအ​တွေ့အကြုံများဖြစ်​သဖြင့်​သင်​ရိုးညွမ်းတန်းစာအုပ်​ကဲ့သို့ဖတ်​​ကောင်းခြင်း၊အစီအစဉ်​တကျရှိခြင်း၊ပြည့်​စုံခြင်း​တော့ရှိမည်​မဟုပ်​နိုင်​​ပေ၊သူငယ်​ချင်းတို့ကိုဗဟုသုတရရှိ​စေရန်​သာရည်​ရွယ်​၍​ရေးသားရခြင်းဖြစ်​ပါသည်​။

vintage-television-technology.jpg

https://goo.gl/images/MckAzy

ပရိုဆင်​ဆာအိုင်​စီဆီသို့ 5v ဆင်​ကနယ်​​ရောက်​၍ Hout tr ဆီသို့​အော်​ဇ​လေးရှင်းဗို့မထွက်​လျှင်​ 12v လိုင်းကိုတချက်​ကြည့်​ပါ ထို12vလိုင်းကို ပရိုဆင်​ဆာအိုင်​စီဆီသို့သွားရာလမ်း​ကြောင်းကိုပရိုဆင်​ဆာအိုင်​စီဆီမှပင်​အဖြတ်​အ​တောက်​လုပ်​​ပေးထားသည်​၊ ဆိုက်​ကစ်​ပြား အစိုပြန်​လျှင်​​သော်​လည်​​ကောင်း၊ 24C အိုင်​စီမ​ကောင်းလျှင်​​သော်​လည်​​ကောင်း၊ရီမုကွန်​ထရိုးနှင့်​ပါဝါပိတ်​ထားမိလျှင်​​သော်​လည်​​ကောင်း၊သူကိုယ်​တိုင်​ပြက်​​နေလျှင်​​သော်​လည်​​ကောင်း၊12v လိုင်းကိုမဝင်​နိုင်​ရန်​ဖြတ်​​တောက်​ထားတပ်​​လေသည်​ ၊ထို12vလိုင်းမဝင်​​ရောက်​သဖြင့်​ H out tr ရဲ့​ဘေ့ဆီသို့​အော်​လ​ဇေးရှင်​ဗို့ကိုထုပ်​မ​ပေးနိုင်​​ခြေ၊ ထိုအခါ 12vလိုင်းအဖြတ်​အ​တောက်​လုပ်​​ပေး​သောtr​သေး​သေး​လေးရဲ့​ခြေ​ထောက်​ကိုခဲနှင့်​ပူးကြည့်​​ပေးရ​လေသည်​၊သဘာဝကျ​သောလုပ်​ရတ်​မဟုပ်​​ပေမဲ့​အော်​လ​ဇေးရှင်း​တော့ထွက်​လာ၏။အကယ်​၍​အော်​လ​ဇေးရှင်းထွက်​TVမှန်​ပြင်​​ပေါ်အလင်း​ရောက်​ ပြီးရုပ်​ပုံမထွက်​ဘဲ စင်း​ကြောင်း​တွေ​ပေါ်​နေလျှင်​ ပရိုဆင်​ဆာအိုင်​စီမ​ကောင်း​တော့​ပေ လဲပြစ်​မှရ​ပေလိမ့်​မည်​ ပရိုဆင်​ဆာအိုင်​စီ​ကောင်းပြီးရဆားကစ်​အစိုပျံမှူမူ​ကြောင့်​ဖြစ်​တဲ့ပြစ်​ချက်​က​တော့ ဤနည်းအတိုင်းရ​လေသည်​။

TV-Kit.jpg

https://goo.gl/images/EPGQWu

ထိုအခါ12vလိုင်းပရိုဆင်​ဆာICဆီသို12v​ရောက်​လာသဖြင့်​ H out tr ရဲ့​ဘေ့စ်​ဆီ​အော်​လ​ဇေးရှင်းဗို့ထွက်​လာ​ပေလိမ့်​မည်​၊ အကယ်​၍ဤသို့လုပ်​​ပေးမှ ​အော်​လ​ဇေးရှင်းဗို့မထွက်​လျှင်​ 24C အိုင်​စီလဲ​ပေးရ​လေသည်​၊ 24C အိုင်​စီသည်​မှန်​ပြင်​ရဲ့ရုပ်​ပုံအကျဉ်းအကျယ်​အလင်းအ​မှောင်​ကာလာအ​နေအထားအသံပိုင်း စသည့်​စစ်​စတမ်အားလုံးကိုထိမ်းချုပ်​ထား​သောအိုင်​စီဖြစ်​​လေသည်​၊အကယ်​၍24C အိုင်​စီလဲ​သော်​လည်း​အော်​လ​ဇေးရှင်းဗို့မထွက်​လျှင်​ပင်​မပရိုဆင်​ဆာအိုင်​စီကြီးကိုလဲပြစ်​မှဘဲရ​ပေလိမ့်​မည်​၊ ထိုပရိုဆင်​ဆာအိုင်​စီသည်​အလုပ်​ကိုတခုထဲလုပ်​တာမဟုပ်​ဘဲသူ့အကန့့်​နဲ့သူ့အပိုင်းအလုပ်​အများဆုံးလုပ်​ရ​​သောအိုင်​စီဖြစ်​လေသည်​၊ထို​ကြောင်​ပရိုဆင်​ဆာအိုင်​စီသည်​အမြဲတန်း အပူချိ​န်​မြင့်​ပြီး ဟိတက်​​နေတပ်​​လေသည်​၊ကွန်​ပြူတာICဆိုလျှင်​ပိုဆိုးပါသည်​၊နဲနဲပူတာနဲ့ ကွန်​ပြူတာဟန်းသွားပြီးခိုင်းမရဖြစ်​တပ်​ပါသည်​၊ထို​ကြောင့်​ကွန်​ပြူတာပရိုဆင်​ဆာအိုင်​စီကိုအပူများစုပ်​ထုပ်​​ပေးရန်​အမြဲတန်းပန်​ကာ​သေး​သေး​လေးနှင့်​​အ​အေး​ပေးထားရပါသည်​၊ဒက်​စ​တော့ကွန်​ပြူတာဖွင့်​လျှင်​​သော်​လည်​​ကောင်း လက်​​တော့ကွန်​ပြူတာဖွင့်​လျှင်​​သော်​လည်​​ကောင်း ပါဝါဖွင့်​လိုက်​လျှင်​ ပန်​ကာလည်​သံကိုအတိုငိးသားကြားရ​လေသည်​၊ တချို့အဆင့်​တအားမြင့်​အဖိုးတန်​​သောကွန်​ပြူတာများတွင်​​ရေခဲ​သေတ္တာကဲ့သို့အ​အေးခံပိုက်​များပရိုဆင်​ဆာအိုင်​စီ​ပေါ်တွင်​​ခွေထားသည်​ကို​တွေ့ရှိရသည်​၊ထိုပရိုဆင်​ဆာIC မပူ​စေရန်​အပူစုပ်​ထုပ်​​ပေးသောပန်​ကာမလည်​ပတ်​လျှင်​ကွန်​ပြူသည်​စက်​ဟန်းသွားပြီးပါဝါပိတ်​သွားပါလိမ့်​မည်​၊

ဆက်​ရန်​...

Post writer=@yuzana(shineshine)
MSC=146

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center