TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၀)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၀)

အရင်​အပတ်​ကတင်​ပြခဲ့​သောအပိုင်းသည်
အဖြူအမဲအဆင့်​ရဲ့လုပ်​​ဆောင်​ချက်​သ​ဘောတရားများသာဖြစ်​ပါသည်​၊ ကာလာတီဗွီကြ​တော့နဲနဲပိုရှူပ်​သွားပါသည်​၊အဘယ့်​ကြောင့်​ဆို​သော်​ အရင်​အပတ်​က​ဖော်​ပြခဲ့သည့်​အတိုင်း ကက်​သုတ်​ငုပ်​သုံးခုပါ​လာသော​ကြောင့်​ဖြစ်​​လေသည်​၊အဖြူအမဲက​တော့တခုသာပါ ပါသည်​၊

monito6.jpg

https://goo.gl/images/GzaAnu

ကက်​သုပ်​ငုပ်​သုံးခုတို့မှာ Rဆိုတဲ့အနီ​ရောင်​စ​ပေါ့ကိုပြစ်​ပေး​သောဂန်း ၊Gဆိုတဲ့အစိမ်း​ရောင်​စ​ပေါ့ကိုပြစ်​​ပေး​သောဂန်း၊Bဆို​သောအပြာ​ရောင်​စ​ပေါ့ကိုပြစ်​ပေး​သောဂန်းတို့ဖြစ်​​လေသည်​၊ဒီငုပ်​သုံးခုဆီလာ​သော​ဖေကွန်​စီအ​ပြောင်းအလဲ​ပေါ်မူတည်​ပြီးအ​ရောင်​ပြစ်​လွှပ်​ပါသည်​၊တီဗွီဖန်​သားပြင်​မှာသုပ်​လိမ်းထား​သော​ရောင်​ပြန်​စ​ပေါ့​လေးကလဲ အဖြူအမဲလို​မဟုပ်​တော့​ပေ စ​ပေါ့​လေးတခုအ​ပေါ်မှာ R G B ဆို​သောစ​ပေါ့​လေးသုံးခုစုထား​သောစ​ပေါ့​လေးတခုဖြစ်​​နေပါသည်​၊ Rဂန်းမှာလာ​သောအလင်းတန်းသည်​Rစ​ပေါ့ကိုထိမှန်​ပြီး၊အနီ​ရောင်​ထွက်​သလို၊Gဂန်းမှလာ​သောအလင်းတန်းသည်​လည်းGစ​ပေါ့ကိုထိမှန်​ပြီးအစိမ်း​ရောင်​ထွက်​​လေသည်​၊ထို​နောက်​Bဂန်းသည်​လည်းထိုနည်းအတူပင်​ဖြစ်​​လေသည်​၊ ကျန်​​သောအ​ရောင်​များသည်​ အ​ရောင်​​ရော​နှောခြင်းနီယာမသ​ဘောတရားအတိုင်း ဒီRGB အ​ရောင်​သုံးမျိုးနဲ့ပင်​​ရော​နှောသွား​လေသည်​၊

tv-transmitters-receiver-19-638.jpg

https://goo.gl/images/u9N6xN

ကျွန်​​တော်​တို့​တွေမြင်​​နေ​သော​ရောင်​စဉ်​ခုနှစ်​သွယ်​သည်​ ဒီအ​ရောင်​သုံး​ရောင်​ကိုအ​ခြေခံပြီး​ပေါင်းစပ်​ထားခြင်းဖြစ်​​ပေသည်​၊ဥပမာ အဝါ​ရောင်​ကိုလိုခြင်​ပါက အနီစ​ပေါ့နဲ့အစိမ်းစ​ပေါ့ကိုပြိုင်​တူပြစ်​ပြီး အနီ​ရောင်​နဲ့အစိမ်း​ရောင်​ရော​နှောလိုက်​ခြင်းဖြစ်​သလို၊ပန်း​ရောင်​ကိုလိုခြင်​ပါက အနီစ​ပေါ့နဲ့ အပြာစ​ပေါ့ကိုပြိုင်​တူပြစ်​ပြီးအနီ​ရောင်​နဲ့အပြာ​ရောင်​​ရော​နောလိုက်​ခြင်းဖြစ်​သည်​၊ကျန်​​သောအ​ရောင်​များသည်​လည်းထိုကဲ့သို့အချိုးကျ ​ရော​နှောကြခြင်းဖြစ်​ပါသည်​၊ဖန်​ပြင်​မှာ​ပေါ်​စေခြင်​​သောအ​ရောင်​ကို ကက်​သုပ်​ငုပ်​ဆီသို့ဝင်​​ရောက်​လာ​သော ​ဖေကွန်​စီမှထိန်းချုပ်​​လေသည်​၊ထို​ဖေကွန်​စီသည်​ ဗီုဒီယိုကင်​မရာရိုက်​စဉ်​တုန်းကပါဝင်​လာ​သော​ဖေကွန်​စီ ကြိမ်​နူန်းပင်​ဖြစ်​​လေသည်​၊ RGB စ​ပေါ့ကိုတိတိကျကျထိမှန်​ရန်​အတွက်​မီလုံးလည်​တိုင်​မှာစွတ်​ထား​သောရုပ်​ကွိုင်​ရဲ့သံလိုက်​စက်​ကွင်းကတာဝန်​ယူရ​လေသည်​၊အကယ်​၍ရုပ်​ကွိုင်​သံလိုက်​စက်​ကွင်းရဲ့လုပ်​​ဆောင်​ချက်​ကိုအ​နှောက်​အရှက်​​ပေး​သော တခြားသံလိုက်​စက်​ကွင်းများဝင်​လာပါကRGP စ​ပေါ့ကိုတိတိကျကျ မထိမှန်​ဘဲ ကာလာ​တွေက​စောက်​ကစက်​ထွက်​ပြီး မှန်​ပြင်​မှာ ကာလာများကွက်​​နေပါလိမ့်​မည်​၊တီဗွီမီးလုံး၏မှန်​ပြင်​နားတွင်​ စပီကာသံလိုက်​က​လေးနဲတို့ထိကြည့်​ရင်​သိနိုင်​ပါသည်​၊

images (32).jpeg

https://goo.gl/images/PXdgMT

တချို့မသိတဲ့ပိုင်​ရှင်​​တွေက မီးလုံးအားကျသည်​မီးလုံးမ​ကောင်း​တော့ဟုထင်​ကြပါသည်​၊ထိုကဲ့သို့ကာလာမကွက်​ရန်​ တီဗွီမျက်​နာပြင်​နှင့်​ နီးကပ်​စွာ​သံလိုက်​စက်​ကွင်း​တွေထွက်​​သော ဆောင်း​ဘောက်များ မီးမြှင့်​စက်​များနှင့်​တခြားလျှပ်​စစ်​ပစ္စည်းများမထားသင့်​​ပေ၊အဲ့ဒီပစ္စည်းများဖယ်​ထား​သော်​လည်းကာလာများကွက်​​နေလျှင်​ မီလုံးထဲတွင်​ဝင်​​အောင်း​နေ​သော သံလိုက်​စက်​ကွင်းကို ထုပ်​ပြစ်​မှ ရပါလိမ့်​မည်​ ၊
နောက်​အပတ်​မှဆက်​လက်​ပြီးသံလိုက်​စက်​ကွင်းထုပ်​ပုံထုပ်​နည်းတင်​ပြပါအုံးမည်
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center