တန်​ခူးလသင်္ကြန်​ပွဲ

တန်​ခူးလသင်္ကြန်​ပွဲ

ဒီသင်္ကြန်​ပွဲ​တော်​ကို​လေးရက်​ကျင်းပကြပါတယ်၊​တခါတ​လေဝါထပ်​​သောနှစ်​များတွင်​ငါးရက်​ကျင်းပကြပါတယ်​၊သင်္ကြန်​ပွဲကျင်းပချိန်​မိုး​ပေါ်ကသီကြားမင်းလူ့ပြည်​ကိုဆင်းလာသည်​ဟုဆိုကြပါသည်​၊

Screenshot_20181123_084833.png

https://goo.gl/images/bu3bDX

သီကြားမင်းဆင်းလာသည်​ကိုအ​ကြောင်းပြုပြီး အကြို ၊အကျ ၊အကြတ်​၊ အတက်​၊ဆိုပြီးသင်္ကြန်​ရက်​များသပ်​မှတ်​ထားပါသည်​၊ဝါထပ်​​သောနှစ်​များတွင်​ သင်္ကြန်​အကြပ်​ရက်​ကိုနှစ်​ရက်​ကျင်းပကြပါသည်​၊ သင်္ကြန်​ရက်​တွင်​လူ့ပြည်​ကိုဆင်းလာ​သောသီကြားမင်းမှအကုသိုလ်​လုပ်​​သောသူများကို​ခွေးသ​ရေပုရပိုဒ်​ဖြင့်​ စရင်းမှတ်​သွားပြီး ​ကောင်းမှူ့ကုသိုလ်​လုပ်​​သောသူများကို​တော့​ရွေပုရပိုဒ်​ဖြင့်​မှတ်​သားသည်ဟု​ရှေးလူကြီးများကဆိုကြပါသည်​၊ တချို့လူများသည်​ဘုန်းကြီး​ကျောင်းများသို့သွား​ရောက်​ပြီး ဥပုတ်​​စောင့်​သီလယူခြင်းများ ရပ်​ကွက်​အတွင်းရှိသက်​ကြီးရွယ်​အိုများအား ​ခြေသည်းလက်​သည်းညှပ်​​ခေါင်း​လျှော်​​ပေးခြင်းများ စတုဒီသာ​ကြွေး၍ဒါနပျြခြင်းများ စသည်​ဖြင့်​​ကောင်းမှူ့ကုသိုလ်​များပြုလုပ်​ကြပါသည်​။

e1d455_c0c4866d6db94927ba213ac4f0c27b06.gif

https://goo.gl/images/SH5xt3

တချို့သမိုင်းပညာရှင်​​တွေကလည်း သင်္ကြန်​ပွဲက ပုဂံ​ခေတ်​ကစတင်​​ပေါ်​ပေါက်​လာတယ်​လို့ဆိုပါတယ်​၊အတာကူးတဲ့ တန်​ခူးလတွင်​ မြန်​မာတို့ရဲ့မြန်​မာလ ဆယ့်​နှစ်​လထဲမှာအပူဆုံးလဖြစ်​သဖြင့်​ အပူဒဏ်​ကိုသက်​သာ​စေရန်​ ပုဂံပြည့်​ရှင်​ဘုရင်​ရဲ့သမီး​တော်​များသည်​ ဥယျာဉ်​ခြံအတွင်းမှာအချင်းချင်း​ရေ​လောင်း​ပက်​ကစားကြတယ်​လို့ဆိုပါတယ်​၊အပူဒါဏ်​လဲသက်​သာ​ပျော်​လည်း​ပျော်​စရာ​ကောင်းသဖြင့်​ ​နောက်​ပိုင်းနန်​​တော်​အတွင်းမှအမျိုးသမီးအားလုံးပါ ​ရေကစားပွဲ​တော်​မှာပါဝင်​လာတယ်​လို့ဆိုပါတယ်​၊ ဒီလိုနှင့်​ဘုရင်​ကြီးလည်းသိရှိလာပြီး မူးမတ်​များ ပု​ရောဟိတ်​များ ​ဗေဒင်​ဆရာများနှင့်​တိုင်​ပင်​ကာ ​ရေကစားရက်​ကိုသတ်​မှတ်​ကြပြီး တတိုင်းပြည်​လုံးကို​​ပျော်​ရွှင်​စွာ​ရေကစား​စေပြီးသင်္ကြပွဲ​တော်​ကိုကျင်းပ​စေခဲ့ပါသည်​၊ဤအချိန်​မှစ၍သင်္ကြန်​ဆိုတာ​ပေါ်​ပေါက်​လာခြင်းဖြစ်​တယ်​လို့မှတ်​သားရပါတယ်

thingyan-photo.jpg

https://goo.gl/images/U7EBCK

ယခုအချိန်​တွင်​ သင်္ကြန်​ပွဲ​တော်​ကိုမြန်​မာပြည်​တွင်​မက​တော့ဘဲ ဗုဒ္ဓဘာသာဝင်​တိုင်းပြည်​မှန်​သမျှအားလုံးကျင်းပကြတဲ့ ဘာသာ​ရေးပွဲ​တော်​အသွင်​​ပြောင်းပြီး ကမ္ဘာ​ကျော်​တဲ့ပွဲ​တော်​တခုအဖြစ်​သတ်​မှတ်​ခံထားရပါသည်​၊ ထို​ကြောင့်​ ကမ္ဘာ​ကျော်​တဲ့မြန်​မာရိုးရာသင်္ကြန်​ပွဲ​တော်​ကို ​ကောင်းမှူ့ကုသိုလ်​များပြုလုပ်​ရမည့်​အစား အရက်​သ​ရေစာများ​သောက်​သုံး၍သင်္ကြန်​ကိုရုပ်​ပြက်​​စေ​သောအပြုအမူများပြုလုပ်​​နေကြသည်​ကို​တွေ့ရှိရ​သောအခါ အလွန်​တရာဝမ်းနည်းစရာ​ကောင်းလှပါသည်​။

ဆက်​ရန်​ .....

Post writer=@yuzana(shineshine)
MSC=146

H2
H3
H4
3 columns
2 columns
1 column
Join the conversation now