ပန်​ကာတလုံး ပြုပြင်​ထိမ်းသိမ်းနည်းများ

ပန်​ကာတလုံးပြုပြင်​ထိမ်းသိန်​နည်းများ

ဒီတခါ​တော်​ယုံတန်​ယုံပျက်​ထာ​လောက်​ကိုပြင်​ဆိုင်​မသွားဘဲမိမိဘာသာမိမိ တပ်​နိုင်​သ​လောက်​ပြုပြင်​​တပ်​​စေရန်​ပန်​ကာတလုံးပျက်​တတ်​တဲ့သ​ဘောတရားနဲ့ ပန်​ကာတလုံးတည်​​ဆောက်​ထားပုံကို ဗဟုသုတတင်​ပြ​ပေးမှာဖြစ်​ပါတယ်​၊ပန်​ကာမှာတပ်​ဆင်​ထား​သော​မော်​တာသည်​ဝင်​​ရောက်​လာ​သောAC 220v ရဲ့ကြိမ်​နူန်းကိုအ​ခြေခံ၍လည်​ရပါသည်​၊ထို​ကြောင့်​လည်​နှူန်း Speed သည်​ ပတ်​ထား​သောကွိုင်​အပတ်​အရည်​အတွက်​​ပေါ်မူတည်​သလို တပ်​ဆင်​ထား​သောကွက်​ဒစ်​ဆာ​ခေါ်တဲ့ ကက်​ပစီတာရဲ့ ကြိမ်​နူန်း​ပေါ်လဲများစွာမူတည်​ပါသည်​၊ထိုကက်​ပစီတာရဲ့တန်​ဘိုးအတိုးအ​လျှော့ပြုလုပ်​ခြင်းဖြင့်​ လည်​ပတ်​နူန်းကိုလည်းအတိုးအ​လျှော့ပြုလုပ်​နိုင်​ပါသည်​၊

Screenshot_20181002_182904.png

https://goo.gl/images/sXNWvn

ရိုးရိုးပန်​ကာများသည်​ ​အေစီဗို့ကို ​မော်​တာအတွင်းတိုက်​ရိုက်​ဝင်​​ရောက်​သည်​ဖြစ်​သဖြင့်​ပျက်​လျှင်​ ၇၀% ခန့်​သည်​ ​မော်​တာကွိုင်​​လောင်​တပ်​တာများပါသည်​ ၊တခါတရံ ​မော်​တာမ​လောင်​ဘဲ ကျန်​သည့်​အစိတ်​အပိုင်း​လေးများပျက်​တပ်​တာကိုလဲ​တွေ့ရှိရပါသည်​၊
ပထမဆုံးမီးပလပ်​ကြိုးမှစ၍ ကြည့်​လျှင်​မီး ကြိုးအစတစသည်​ ပန်​ကာကွိုင်​ထုပ်​ထဲသို့တိုက်​ရိုက်​သွားပါသည်​ ကျန်​သည့်​အစတစမှာ လက်​လှည့်​တိုင်​မာခလုပ်​ဆီသို့သွားပါသည်​၊လက်​လှည့်​တိုင်​မာခလုပ်​မှကက်​ဆက်​ခလုပ်​ကဲ့သို့ ဝမ်းတူးသရီးခလုပ်​ခုံဆီသွားပါသည်​၊ဝမ်းတူးသရီးခလုပ်​ခုံမှ မိမိနိပ်​သည့်​ ခလုပ်​၏နံပတ်​စဉ်​အတိုင်းဝမ်းဆိုဝမ်း တူးဆိုတူး သက်​ဆိုင်​ရာနံပါတ်​ကြိုးကိုနိပ်​လိုက်​လျှင်​ချိပ်​​ပေးသွားပါသည်​၊ဤအထိအဆက်​အသွယ်​များ​ကောင်းမ​ကောင်းကိုကြည့်​ပါ တခါတ​လေ ခလုပ်​များသည်​ နိပ်​ပါများ၍ ဂျီးတက်​​နေ၍လုစ်​ဖြစ်​နေ​တပ်​ပါသည်​ မထိတထိဖြစ်​တပ်​ပါသည်​၊ တခုချင်းကို မီတာ​ထောက်​၍​ကောင်းမ​ကောင်းနိပ်​ကြည့်​ပါ
ကောင်းပြီဆိုလျှင်​ မီးပလပ်​ထိုးပြီး​မော်​တာထဲက​အော်​သံကို နား​ထောင်​ကြည့်​ပါမလည်​နိုင်​ဘဲ​အော်​​နေလျှင်​ပန်​ကာအရွက်​ကိုလက်​နဲ့လှည့်​ကြည့်​ပါ ​ပေါ့ပါးသလား ကြပ်​သလား အသုံးကြာလာလျှင်​ အထဲမှ​ကြေးဘွပ်​များဂျီးကပ်ပြီးမလည်​နိုင်​​အောင်​ဖြစ်​တပ်​ပါသည်​၊​ကြေးဘွပ်​ဝင်​ရိုးထဲသို့ အင်​ဂျင်​ဝိုင်​ဘရိပ်​ဆီထည့်​၍​ပေါ့ပါး​အောင်​လုပ်​ပါ စားသုံးဆီများအုန်းဆီများမထည့်​ရပါ၊ဆီထည့်​​ပေါ့ပါးပြီးမလည်​နိုင်​ဘဲ​အော်​​နေ၊​နှေး​နေလျှင်
ကွိုင်​နာသွားပြီ၊ကွိုင်​​လောင်​သွားပြီလို့မှတ်​ပါ၊
အကယ်​၍မီးပလပ်​ထိုးကြည့်​၍ ​မော်​တာထဲမှဘာသံမကြားရလျှင်​​မျှော်​လင့်​ချက်​ရှိပါ​သေးသည်​၊အထဲမှကွိုင်​ထုပ်​တွင်​ဖြူးမဲမဲ​လေးပါရှိ၍ ထိုဖြူးပြတ်​လျှင်​ ကွိုင်​ထုပ်​ထဲမီးမဝင်​သော့​ကြောင်​ဘာသံမကြားရခြင်းဖြစ်​ပါသည်​၊ထိုအခါ​မော်​တာကို​အောက်​ပါအတိုင်းတဆင့်​ချင်းဖြုပ်​၍ ဖြူးကိုရှာပါ

Screenshot_20181002_183103.png
https://goo.gl/images/jrk6SU

Screenshot_20181002_183046.png

https://goo.gl/images/JdypBW

Screenshot_20181002_183034.png

https://goo.gl/images/6djZUY

Screenshot_20181002_183016.png

https://goo.gl/images/6LoDTK

Screenshot_20181002_182949.png

https://goo.gl/images/tBYghg

Screenshot_20181002_182933.png

https://goo.gl/images/8er8wM

Screenshot_20181002_182918.png

https://goo.gl/images/4j3e17

ထိုဖြူးကိုအလွယ်​တကူဝယ်​ရလျှင်​အသစ်​လဲလိုက်​ပါ၊ ဝယ်​မရလျှင်​ဖြူးငုပ်​က​လေးနှစ်​ခုကိုပူး​ပေးလိုက်​ပါ၊ အားလုံး​သေ​သေသပ်​သပ်​လုပ်​ ပြီးလျှင်​ အထိုင်​ကျ​အောင်​​မော်​တာကိုလုံးပြီး ပြန်​စမ်းကြည့်​ပါ ဒါမှမလည်​ရင်​​သိုမဟုပ်​​အော်​​နေရင်​၊ပုံမှန်​မလည်​ရင်​ဆိုင်​သာပို့လိုက်​ပါလို့​ပြောကြာရင်း......

Post writer=@yuzana(shineshine)
MSC=146

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center