ကျမရဲ့ဘဝ..(၂ )

နူံချာလွန်းတဲ့လူသားတယောက်ဖြစ်တဲ့ကျမရဲ့မျိုးရိုးက..ဟိုးယခင်ခေတ်က၊စော်ဘွားတဦးရဲ့ဆွေတော်မျိုးတော်ဖြစ်တယ်ဆိုရင်...
IMG_20180530_141536.jpg
အဲဒီပုဂ္ဂိုလ်ကြီးဟာ..ကျမရဲ့အဘိုးပါ။ဖွားဖွားရဲ့အဖေဖြစ်ပီး..
သောင်သွပ်စော်ဘွားကြီးစပ်ခွန်ဆောင်းရဲ့အကိုအရင်းဖြစ်ပီး၊စော်ဘွားနန်းတော်မှာ..အတွင်းဝန်ကြီးဖြစ်ပါတယ်။စော်ဘွားပီးလျှင်..ဒုတိယအာဏာအရှိဆုံးပါ။စော်ဘွားကြီးကတော်..မဟေသီကြီးကလည်း၊ဖေဖေရဲ့အဒေါ်အရင်းဖြစ်ပါတယ်။ကျမရဲ့မိဘနှစ်ပါးစလုံးက..ဆွေကြီးမျိုးကြီးလို့ဆိုရပါမယ်။အမေက..စော်ဘွားကြီးဖက်ကတော်ပီး၊ဖေဖေက..စော်ဘွားကတော်ဖက်က..တော်ပါတယ်။ဖေဖေက..တဦးတည်းသောသားဖြစ်ပီး..အရမ်းချမ်းသာပါတယ်။ကျမမှတ်မိသလောက်..ကျမငယ်ငယ်တုန်းက(သုံးနှစ်သမီး)အရွယ်ဓာတ်ပုံလေးမှာ..ရိုက်ထားတဲ့ပုံလေးမှာဆိုရင်..စိန်ဘယက်လည်ဆွဲလေးနဲ့ပါ။အခုချိန်ကာလပေါက်ဈေးဆိုရင်...တော်တော်များမှာဘဲနော်။ဒါကြောင့်..ဟိုးအရင်က..ဖေဖေ့ကိုမီလိုက်သူများပြောကြတာက...ညည်းတို့အဖေသာ..လိမ္မာခဲ့ရင်
ညည်းတို့သားသမီးတွေ..ဆယ်သက်စားလို့မကုန်ပါဘူးတဲ့လေ...။ဒါဆိုရင်...ကျမရဲ့ဖေဖေက၊သူတို့အမြင်မှာ..မိုက်လို့ပေါ့နော်...။
ကျမအနေနဲ့ကတော့...ဖေဖေက..မလိမ္မာကောင်းမလိမ္မာဖြစ်လိမ့်မယ်။ဒါပေမဲ့..ဖေဖေမမိုက်ဘူး..။ဒါက..ကျမရဲ့ပြတ်သားတဲ့အမြင်ပါ။ဒီနေ့အထိ...မိဘအပေါ်မှာ..ဘာလုပ်လုပ်...ဘယ်တော့မှ..အပြစ်မမြင်မိဘူး။ဖေဖေ..နောက်အိမ်ထောင်ပြုတယ်...သားသမီးတွေရတယ်။ဖေဖေရဲ့နောက်အိမ်ထောင်ကိုလည်း..ချစ်တာဘဲ။ဖေဖေ့သားသမီးတွေကိုလည်း..ချစ်တာဘဲ။ချစ်တတ်အောင်..သင်ပေးသွားတာလည်း
ဖေဖေပါဘဲ။မိသားစုအပေါ်မှာချစ်တတ်တဲ့စိတ်ကိုသင်ပေးသွားလို့လည်း...ကျမရဲ့မိသားစုကိုချစ်တတ်ပီး..မပြိုကွဲအောင်နေတတ်လာတာပေါ့...မဟုတ်ဖူးလား..။
ဖေဖေကစာအရမ်းဖတ်တယ်..သားသမီးတွေကိုစာဖတ်ခိုင်းတယ်။အားကစားတွေပြိုင်ခိုင်းတယ်..နိုင်ရမယ်ဆိုတဲ့ရာဇသံပေးတယ်။မနိုင်ရင်..ဖေဖေရိုက်မှာကြောက်တဲ့စိတ်နဲ့ပြိုင်ခဲ့တယ်။ကျမငယ်စဉ်က..စစ်ဘုရင်ကစားတာကျွမ်းကျင်တယ်။ဖေဖေလေ့ကျင့်ပေးတာလေ..။ဒီတော့...ဆင်းရဲပေမဲ့၊ဖေဖေလေ့ကျင့်ပေးလိုက်တဲ့စိတ်ဓာတ်တွေဟာ..ကျမရဲ့ဘဝတလျှောက်မှာ..အခက်အခဲပေါင်းများစွာကို၊ကျော်ဖြတ်နိုင်ခဲ့သော..စွမ်းအင်တွေ..သတ္တိတွေဖြစ်ပါတယ်။အကယ်၍များ..သူတို့မြင်ကြသလို..ဖေဖေဟာ၊လိမ္မာခဲ့ပါတယ်ဆိုရင်...ဖေဖေပိုင်ဆိုင်တဲ့ရတနာတွေရဲ့တန်ဖိုးအလိုက်..ကျမတို့လူနေမူ့ဘဝဟာ..မြင့်မြင့်မားမားနေရတယ်ထားပါတော့...၊စည်းစိမ်ကိုယစ်မူးတဲ့စိတ်တွေနဲ့အတူ..ဘဝကိုလွယ်လင့်တကူဖြတ်သန်းနေထိုင်ရတော့..အခက်အခဲကိုကျော်ဖြတ်နိုင်တဲ့သတ္တိတွေ..ဖြစ်လာပါ့မလား...။
လူဘဝဆိုတာ...ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုတဲ့..ရာထူးတွေ
ဂုဏ်ဓနတွေဆိုတာ..အချိန်မရွေးပျက်စီးသွားနိုင်တယ်။ဒါပေမဲ့..ကိုယ့်မှာရှိနေတဲ့စိတ်ဓာတ်ခွန်အားတွေဆိုတာ..ကိုယ်သေခါမှဘဲ..ပျက်စီးသွားမှာလေ။
ဒီတော့..ကျမအတွက်တော့..ဖေဖေဟာမမိုက်ဘူး..။ကျမတို့
မောင်နှမတတွေရဲ့လူစွမ်းကောင်းဘဲ။
ဖေဖေပိုင်ဆိုင်သမျှ..ဆီစက်တွေ..ဆန်စက်တွေဟာတော်လှန်ရေးအစိုးရတက်လာတော့..ပြည်သူပိုင်အသိမ်းခံလိုက်ရတယ်။ရှိသမျှစည်းစိမ်တွေဟာလည်း..လှေမျောရင်လှေနဲ့လိုက်..ငွေမျောရင်ငွေနဲ့လိုက်ဆိုတာလိုဘဲ..လိုက်ရင်းလိုက်ရင်းနဲ့ဘဲ..ဖေဖေဟာ..နောက်ထပ်မိန်းမတယောက်ရလိုက်တယ်ပေါ့...။သားသမီးရှစ်ယောက်ရှိတဲ့ဖေဖေလိုလူမျိုးက..ချောချောလှလှအပျိုတယောက်ကိုရအောင်ယူနိုင်တယ်
ဆိုတာ...ဖေဖေတော်လို့ပေါ့နော်။
ဒါနဲ့ဘဲ..ခေတ်စနစ်အပြောင်းအလဲမှာ...မွဲကြလေသောကျမတို့မောင်နှမမိသားစုတွေဖြစ်လာကြတယ်။ရုန်းကန်ရတယ်ဆိုတာ..ကျမအတွက်တော့..အခက်အခဲတခုရယ်လို့မသတ်မှတ်တတ်တော့အောင်ကို..ကျင့်သားရနေတဲ့အလေ့
အထတခုဖြစ်နေတယ်။
အလုပ်ဆိုတာ...လျှောက်ရမဲ့လမ်းဘဲ...။
အခက်အခဲဆိုတာ...ရင်ဆိုင်ရမဲ့အလုပ်တခုဘဲ...။
အဲဒီလိုလျှောက်တဲ့အခါမှာ...ဖေဖေလေ့ကျင့်ပေးလိုက်တဲ့..မလျော့သောဇွဲတွေ..ဝီရိယတွေ...။နောက်တခု..အရေးကြီးဆုံးသော...တည်ငြိမ်စွာ..တည့်မတ်ဖြောင့်တန်းစွာ..သစ္စာရှိစွာ...တည်ငြိမ်ပြတ်သားစွာ...ရိုးသားစွာဖြင့်ရင်ဆိုင်တတ်ဖို့ကိုတော့...ကျမရဲ့အမေက..ပေးတဲ့စိတ်ဓာတ်ပါဘဲ။
ဒါကြောင့်မို့လေ...ကျမတက်လာခဲ့သော..ဘဝလှေခါးထစ်များကို..ပြန်ပီးလှည့်ကြည့်မိရင်..ကြောက်စရာကောင်းလောက်အောင်..ကြမ်းတမ်းခဲ့သော်လည်း...မိမိကြောင့်..တပါးသူတဦးတယောက်ကိုမျှ..ထိခိုက်ပြိုလဲစေခဲ့ခြင်း...စိတ်ဆင်းရဲစေခဲ့ခြင်း..မရှိခဲ့တာ..၊အခက်အခဲမည်မျှပင်ကြမ်းတမ်းခဲ့
ပါစေ.အရှက်နဲ့ကိုယ်ကျင့်သိက္ခာကို..တရွေးသားမျှအပွန်းအပဲ့မခံခဲ့တာ...အရောင်မစွန်းထင်းခဲ့တာတွေ...ပြန်လည်မြင်တွေ့ရတိုင်း...ဖေဖေနဲ့အမေတို့ပေးခဲ့တဲ့အားအင်တွေ...စာဖတ်ခြင်းဖြင့်ရလာတဲ့..အသိဥာဏ်ပညာတွေကို..ယနေ့အထိချီးမွမ်းမဆုံး..ဖြစ်နေတုန်းပါဘဲ။
ဒီလိုနဲ့..B.E.H.S ဆိုတဲ့ပညာသင်ကာလတွေမှာလည်း..ချို့တဲ့
ခဲ့ပေမဲ့လည်း...သချာင်္ရည်ချွန်တို့..မြန်မာစာ..ရူပဗေဒဘာသာရပ်တွေမှာတော့..ပြိုင်ဖက်ကင်းပါဘဲ။IMG_20180204_172612.jpg
IMG_20171008_103715.jpg
IMG_20171008_103838.jpg
ဒါတွေဟာ..ကျမရဲ့ပညာရေးလမ်းကြောင်းမှတ်တိုင်တွေပါဘဲ။ဒါပေမဲ့လည်း...အတိတ်ရဲ့အကြောင်းတရားလို့ဘဲဆိုချင်ဆို..၊ပံ့ပိုးမူ့အားနည်းသောလူတယောက်ရဲ့ဖြစ်ခွင့်ဆိုတာ
ဖြစ်ခြင်တာထက်..ဖြစ်သင့်တာကိုရွေးချယ်လိုက်ရတာလည်း...ဘဝတခုပါဘဲ။

ရီရီဆွေ
အလုံ.မုံရွာ
MSC No 256

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center