Zawgyi လား Unicode လား ဘေဘီကြိုက်တာပြော

Zawgyi လား Unicode လား ဘေဘီကြိုက်တာပြော
image

Myanmar Steemit Community မှမိသားစုဝင်များအားလုံး မင်္ဂလာပါလို့နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။

ကျွန်တော့်ရဲ့အခုပိုစ့်မှာ Zawgyi ဖောင့်ဖြစ်စေUnicodeဖောင့်နဲ့ဖြစ်စေတင်ထားတဲ့မြန်မာစာတွေကိုbrowserပေါ်မှာမှန်ကန်စွာဖတ်ရှုလို့ရအောင်ပြုလုပ်ပုံကိုပြောပြပေးမှာဖြစ်ပါတယ်။
ဟိုအရင်တစ်နေ့ကlet's change to unicode ဆိုပြီးကျွန်တော်ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ကျွန်တော်တို့မြန်မာစာမှာzawgyiသုံးတဲ့သူကသုံuးnicodeသုံးတဲ့သူကသုံးနဲ့တစ်ယောက်တစ်မျိုးဖြစ်နေကြပါတယ်။Zawgyi က သုံးလာတာကြာလာပြီဆိုတော့ကျင့်သားပါသလိုဖြစ်နေပါပြီ။နာမည်ကြီးpageတွေနဲ့blogတွေကိုယ်တိုင်ကကိုunicodeပြောင်းသုံးရင်user တွေကဖတ်မရရင်likeနဲမှာစိုးရိမ်ပုံရတဲ့အတွက်zawgyi ကိုပဲမှေးပြီးသုံးနေကြတယ်ထင်ပါတယ်။အမှန်ကသူတို့သာunicodeပြောင်းပြီးတင်ရင်userတွေကလည်းမပြောင်းလို့ကိုမရတော့ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့သူတို့တင်တဲ့postတွေကိုမြင်ရဖို့အတွက်ပြောင်းကိုပြောင်းလာကြပါလိမ့်မယ်။ခုတော့သူတို့ကမပြောင်းတော့zawgyiကဂျာအေးသူ့မေရိုက်နေတယ်။နိုင်ငံတကာစာမျက်နှာပေါ်မှာမြန်မာစာဝင်ဆံ့နိုင်ဖို့်အတွက်နိုင်ငံတကာရဲ့စံနှုန်းနဲ့ကိုက်ညီတဲ့unicodeကိုချက်ချင်းကြီးမဟုတ်ရင်တောင်တစ်ဖြည်းဖြည်းတော့ပြောင်းလဲသင့်နေပါပြီ။MSCကိုလည်းဖြစ်နိုင်ရင်unicode versionကိုပြောင်းလဲစေချင်ပါတယ်။

အဲဒီလိုပြောင်းလည်းဖို့အဆင်မပြေခင်ကြားကာလအတွင်းbrowserပေါ်မြန်မာစာမမှန်တဲ့ပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကိုပြောပြပေးပါ့မယ်။မိမိတို့ရဲ့ဖုန်းမှာrootရှိစရာမလိုပါဘူး။esteem app အတွက်တော့အဆင်မပြေပါဘူး။ကျွန်တော်အမျိုးမျိုးစမ်းပြီးသွားပါပြီ။Browserပေါ်မှာပဲမြန်မာစာကိုအဆင်ပြေစွာဖတ်ရှုနိုင်ပါလိမ့်မယ်။အရင်ရက်က browserမြန်မာစာနဲ့ပတ်သက်ပြီးsteemit မန်ဘာတစ်ယောက်က opera mini နဲ့လုပ်ပြထားတာဖတ်ရှုရပါတယ်။
ဒါပေမယ့်opera mini က speed မြန်အောင်လို့ ဝိတ်လျှော့ထားတဲ့ browser ဖြစ်တဲ့အတွက် blog တော်တော်များများကို သူတို့ရဲ့ feature တွေလုပ်ဆောင်နိုင်အောင်မထောက်ပံ့ပေးနိုင်ပါဘူး။မြန်မာစာတော့မှန်ပေမယ့်အဆင်မပြေပါဘူး။

ခုကျွန်တော်ပြောပြမယ့်နည်းကတော့မြန်မာစာကိုzawgyi နဲ့ပဲတင်တင် unicodeနဲ့ပဲတင်တင်မိမိတို့ရဲ့browserပေါ်မှာမှန်ကန်စွာဖတ်ရှုနိုင်ပါမယ်။အသုံးပြုရမယ့်browserကတော့Firefoxဖြစ်ပါတယ်။Facebookမြန်မာစာအပါအဝင်Blog ဆိုက်အားလုံးကိုfirefoxပေါ်မှာကြိုက်တဲ့ဖောင့်နဲ့တင်၊မှန်ကန်စွာဖတ်ရှုနိုင်ပါလိမ့်မယ်။Firefox က pc မှာသုံးသလိုပဲ add-ons
ကိုandroid မှာလည်းသုံးလို့ရပါတယ်။
အဲဒီ add-ons ကိုသုံးပြီး မြန်မာစာ ကိုမှန်အောင်ပြုလုပ်ရမှာပါ။တစ်ခြားမြန်မာဖောင့်app တွေဖုန်းမှာမရှိရင်တောင် firefox မှာ မြန်မာစာအမှန်မြင်ရပါလိမ့်မယ်။ပြုလုပ်ပုံပြုလုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပေးပါနော်။

အရင်ဦးဆုံး Playstore ကနေဖြစ်ဖြစ်တစ်ခြားmarketကနေပဲဖြစ်ဖြစ်Firefox browser ကို downloadဆွဲပြီး install တင်ပါ။
image

တင်ပြီးရင်Firefox ကိုဖွင့်လိုက်ပါ။Internet connection လိုပါမယ်။ဖွင့်လိုက်ရင် TOP SITES ရယ် BOOKMARKS ရယ် HISTORY ရယ်ဆိုပြီးသုံးမျိုးတွေ့ပါမယ်။
BOOKMARKS ကို နှိပ်လိုက်ပါ။
image

အောက်ပါအတိုင်းပေါ်လာရင်အလယ်ကFirefox:Customise with add-onsကိုနှိပ်လိုက်ပါ။
image

အောက်မှာလိုပေါ်လာရင်search box မှာ MUA လို့ရိုက်ရှာလိုက်ပါ။
image

MUA Web Unicode Converter ဆိုတာကိုနှိပ်လိုက်ပါ
image

Add to Firefox ကိုနှိပ်ပါ။
image

Add ကိုနှိပ်ပါ
image

အဲဒါဆိုရင်ရပါပြီခင်ဗျား။အဲဒီadd-onsကzawgwi နဲ့ရေးထားတဲ့စာတွေကိုunicodeကိုautoပြောင်းပေးတဲ့အတွက်ကြိုက်တဲ့ဖောင့်နဲ့တင်ထားတဲ့စာတွေကိုအမှန်မြင်ရမှာပါခင်ဗျား။Steemit မှာ ဖုန်းနဲ့သုံးနေသူတွေအတွက်မြန်မာစာကိုbrowserမှာအဆင်ပြေစွာဖတ်ရှုလို့ရပါပြီခင်ဗျား။Fb တို့ တစ်ခြားဆိုတ် တို့ လည်း မြန်မာစာအမှန်မြင်ချင်ရင် Firefox မှာ login ဝင်ထားလိုက်ပေါ့ဗျာ။

နောက်တစ်ခုက add to home screen လုပ်ပြီးလည်း browser ထဲမဝင်ဘဲ သုံးလို့ရပါတယ်ခင်ဗျား။ကျွန်တော်ဆိုရင် Myanmar Steemit Newbies Fb pageရယ် Steemit ရယ်ကို Home မှာ တင်ထားပါတယ်။
image

Add to home screen လုပ်ချင်ရင် ကိုယ့်ရဲ့ Fb ဖြစ်ဖြစ် Steemit ဖြစ်ဖြစ်firefox မှာ login အရင်ဝင်ပါ။
ပြီးရင် ပြန်ထွက်ပြီး TOPSITES ဒါမှမဟုတ် History ထဲကကိုယ်တင်ချင်တဲ့ဟာကို ကြာကြာဖိထားပြီး add to home screen ဆိုတာကို နှိပ်လိုက်ရုံပါပဲ။
image

image

ကဲ ကြိုက်တဲ့ဖောင့်နဲ့လာခဲ့
ZawgyiလားUnicodeလားဘေဘီကြိုက်တာပြော

အားလုံးကျန်းမာချမ်းသာကြပါစေ
Author-Ye Thiha Kyaw
@yethihakyaw
fb.com/yethihakyawtwingyi
MSC-093
1.12.2017,Fri

H2
H3
H4
3 columns
2 columns
1 column
Join the conversation now