စာ​ပေနှင့်​​လောက

စာ​ပေနှင့်​​လောက
image

လောကတွင်​လူ​တော်​​တော်​များများသည်​သူများ​ပြောသမျှကိုလွယ်​လွယ်​နှင့်​ယုံကြည်​ကြသူများကများကြသည်​ဟုထင်​ပါသည်​။ကိစ္စတစ်​ခုကိုကိုယ်​ပိုင်​ဉာဏ်​ဖြင့်​စဉ်းစားအ​ဖြေရှာပြီးဖြစ်​နိုင်​၏၊မဖြစ်​နိုင်​၏ကိုမဆုံးဖြတ်​ဘဲသူများ​ပြောသမျှယုံပြီးလိုက်​လုပ်​ကြသူများကထုနဲ့​ထေးပင်​။တစ်​ချို့​သောကိစ္စရပ်​များဆိုလျှင်​မဖြစ်​နိုင်​မှန်းသိပါလျှက်​နှင့်​၊တရားနည်းလမ်းမကျမှန်းကိုသိသိကြီးနှင့်​ပင်​လျှင်​အများထုံးစံအတိုင်း​ပေါ့ကွာ။အများမိုးခါး​ရေ​သောက်​ရင်​​သောက်​ရမှာပဲဟုလွန်​စွာလွဲမှား​သောအယူဝါဒကိုတရား​သေကိုင်​ထား​လေ့ရှိကြသည့်​အတွက်​အမှန်​တရားနှင့်​​ဝေးရင်း​ဝေးရင်းဆင်​ခြင်​တုန်​တရားကင်းမဲ့လာကြ​လေ​တော့သည်​။စဉ်းစားဉာဏ်​မသုံးဘဲသူများ​ပြောတာယုံ၊​ပြောတာလုပ်​ပြီးကြာလာ​တော့အကြံတုံးဉာဏ်​တုံးများဖြစ်​လာကြ​တော့သည်​။ရိုး ရာမှ အ၊အ ရာမှ န ​သောအဖြစ်​သို့အလိုလို​ရောက်​ရှိလာကြ​တော့သည်​။အဓိကအ​ကြောင်းအရာမှာဦး​နှောက်​အာဟာရချို့တဲ့မှု​ကြောင့်​ဟုထင်​ပါသည်​။ဦး​နှောက်​သည်​အစားအ​သောက်​မှရ​သောအာဟာရအပြင်​စာ​ပေနှင့်​ပြင်​ပအ​တွေ့အကြုံတို့မှရရှိ​သော​တွေး​ခေါ်မှုများဖြစ်​​ပေါ်လာ​စေရန်​လှုံ့​ဆော်​မှုလိုအပ်​​ပေမည်​။စာ​ပေနှင့်​အဆက်​အသွယ်​ပျက်​​တောက်​​နေ​သောသို့မဟုတ်​လုံးဝအဆက်​အသွယ်​မရှိ​သောပတ်​ဝန်းကျင်​တစ်​ခုဖြစ်​တည်​လာခြင်းသည်
လူ့​လောကအတွက်​အလွန်​အန္တရာယ်​များ​သောဖြစ်​ရပ်​တစ်​ခုလည်းဖြစ်​သည်​။ထိုသို့​သောပတ်​ဝန်းကျင်​တွင်​ကျင်​လည်​​နေရ​သောသူတို့သည်​မြင်​သမျှအမှန်​၊ကြားသမျှအမှန်​ဟုယူဆကာတစ်​ဦးတစ်​​ယောက်​က​ပြောသမျှခိုင်းသမျှကိုမှားမှန်းမသိ၊မှန်​မှန်းမသိအားတက်​သ​ရောလိုက်​ပြီးလုပ်​ကြ​ပေ​တော့မည်​။ဦး​ဆောင်​ဦးရွက်​လမ်းပြ​ဆောင်​သူကမှန်​ကန်​​သော၊အကျိုးရှိ​စေမည်​ဖြစ်​​သောကိစ္စကိုဝါဒလွှင့်​ပြီးလုပ်​​စေခဲ့လျှင်​အ​ကြောင်းမဟုတ်​​ပေ။မဟုတ်​မတရားသည့်​ဘက်​တွင်​အသုံးချခံခဲ့ရလျှင်​မှန်းဆ၍မရ​သောပျက်​စီးဆုံးရှုံးမှုကိုခံစားရမည်​မှာပြုလုပ်​သူ၎င်းတို့ကိုယ်​တိုင်​ပင်​ဖြစ်​သည်​ကိုမသိရှာကြ​ပေ။ထိုသို့​သောပတ်​ဝန်းကျင်​သည်​အဓိကရုန်းဖန်​တီးရန်​အတွက်​လည်းလွန်​စွာလွယ်​ကူသဖြင့်​လူယုတ်​မာတို့၏စားကျက်​လည်းဖြစ်​သည်​။အဓိက​ဖြေရှင်းနိုင်​မည့်​နည်းလမ်းမှာဗဟုသုတဆိုင်​ရာစာ​ပေများလူအများကြားတွင်​ပျံ့ပွား​အောင်​နည်းမျိုးစုံဖြင့်​လုပ်​​ဆောင်​​ပေးရန်​လိုအပ်​သည်​။

လူတို့သည်​မိမိကျင်​လည်​ရာပတ်​ဝန်းကျင်​တွင်​​လျှောက်​လှမ်းကြရင်းမှားသည်​လည်းရှိကြ၏၊မှန်​သည်​လည်းရှိကြ၏၊တစ်​ချို့​အောင်​မြင်​သွားကြသည်​၊တစ်​ချို့ဘဝပျက်​သွားကြသည်​ကို​တွေ့ဖူးကြပါလိမ့်​မည်​။မိမိမဖြတ်​သန်းရ​သေး​သောအရွယ်​၊မကျင်​လည်​ဖူး​သောပတ်​ဝန်းကျင်​ကိုကြိုတင်​သိရှိထားလျှင်​အမှန်​တကယ်​​လျှောက်​လှမ်း​သောအခါတွင်​အမှားအယွင်းနည်းနိုင်​ပါသည်​။ဘယ်​​နေရာက​ချောက်​၊ဘယ်​​နေရာကကုန်းဆိုတာကိုသိပြီးသားသူအဖို့ခလုတ်​တိုက်​နိုင်​​ခြေနည်းသကဲ့သို့ဖြစ်​သည်​။ထိုသို့ကြိုတင်​သိရှိနိုင်​ဖို့ရန်​အတွက်​ဘဝနှင့်​ပတ်​သက်​​သောတန်​ဖိုးရှိစာ​ကောင်း​ပေမွန်​များကိုဖတ်​ရှုရန်​လွန်​စွာအ​ရေးကြီးလှသည်​။စာကိုဖတ်​ရှုရာ၌​နှေးနိုင်​သမျှ​နှေးလျှင်​​ကောင်းပါလိမ့်​မည်​။ဖော်​ပြပါအ​ကြောင်းအရာကိုဖတ်​ရှုရင်းမိမိနားလည်​သလားဆိုသည်​ကိုဆန်းစစ်​ရင်းသ​ဘော​ပေါက်​မှ​ရှေ့ဆက်​သင့်​သည်​။အချို့​သောသူများကမိမိဘယ်​နှစ်​အုပ်​ဖတ်​ပြီး​ကြောင်းလူအများကိုကြွားရုံ​လောက်​သာဖတ်​ရှု​လေ့ရှိကြသည်​။ကြာလာလျှင်​​မေ့​ပျောက်​သွားကြ​တော့သည်​။စာဖတ်​သည်​ဆိုရာ၌ဖတ်​ပြီးသွားသည်​နှင့်​မပြီး​ပေ။မိမိဖတ်​ရှုထား​သောအ​ကြောင်းအရာတို့ကိုတကယ့်​လက်​​တွေ့ဘဝတွင်​လိုအပ်​လျှင်​လိုအပ်​သလိုပြန်​လည်​ထုတ်​နှုတ်​ပြီးအသုံးချနိုင်​ဖို့လွန်​စွာအ​ရေးကြီးသည်​။

စာအုပ်​စာ​ပေလူ့မိတ်​​ဆွေဆိုတာကိုကြားဖူးကြပါလိမ့်​မယ်​။မိတ်​​ဆွေဆိုတာကိုယ့်​ရဲ့​ကောင်းကျိုးကိုလိုလားတဲ့သူ​တွေအကုန်​အကြုံးဝင်​ပါတယ်​။ဆိုးကျိုး​ပေးမယ့်​သူဆိုရင်​​တော့အဲဒီလူဟာမိတ်​​ဆွေစာရင်းမှာမပါ​တော့ပါဘူး။ရန်​သူဖြစ်​သွားပါပြီ။ယ​နေ့​ခေတ်​တွင်​​လောကကို​ကောင်းကျိုးမ​ပေးဘဲဆိုးကျိုးဖက်​ကိုသာဦးတည်​သည့်​အရည်​မရအဖတ်​မရစာ​ပေများ​မြောက်​များစွာ​ပေါ်ထွက်​လာသည်​ကို​တော့အားလုံးသိကြမည်​ထင်​ပါသည်​။ထို့​ကြောင့်​စာအုပ်​စာ​ပေလူ့မိတ်​​ဆွေဆို​ပေမယ့်​လူ့ရန်​သူစာ​ပေဆိုတာရှိလာပြီဆိုတာကိုလည်းသ​ဘော​ပေါက်​ထားရပါမည်​။ထိုသို့ဆိုလျှင်​စာမဖတ်​ရ​တော့ဘူးလားဆို​တော့မဟုတ်​ပါ။ဖတ်​ရပါမည်​။အရင်​ကထက်​ပို၍ပင်​ဖတ်​ရပါမည်​။လောကကိုအကျိုးပြုမည့်​စာ​ကောင်း​ပေမွန်​များကို​ရွေးချယ်​ဖတ်​ရှုဖို့​တော့အလွန်​အ​ရေးကြီးပါသည်​။
သုတ၊ရသစာ​ပေအစုံကိုဖတ်​ရှုသင့်​သည်​။ဘာမှမဟုတ်​​သောစာ​ပေများကိုဖတ်​ရှု​နေလျှင်​လည်းအချိန်​သာကုန်​သွားမည်​။ဘဝအတွက်​လည်းအနည်းငယ်​မျှပင်​အ​ထောက်​အကူပြုမည်​မဟုတ်​​ပေ။
ဘဝနှင့်​ပတ်​သက်​​သောအ​ကြောင်းအရာတို့ကိုစာဖတ်​ခြင်းဖြင့်​ရရှိနိုင်​သည်​ဆို​သော်​လည်းအလုံးစုံပြီးပြည့်​စုံ​အောင်​ကားရနိုင်​ကြမည်​မဟုတ်​​ပေ။ပညာရပ်​တစ်​ခုသည်​သင်​ယူရာတွင်​ထမင်းစား​ရေ​သောက်​​လောက်​ပဲသင်​ယူလို့ရပါသည်​။စာအုပ်​စာ​ပေဖတ်​ရှု၍ဖြစ်​​စေ၊ကိုယ်​တိုင်​ကိုယ်​ကျအနီးကပ်​သင်​ယူ၍ဖြစ်​​စေပညာရပ်​တစ်​ခု၏အ​ခြေခံသ​ဘောတရားကိုသာသင်​ယူလို့ရပါသည်​။ကျွမ်းကျင်​အဆင့်​သို့​ရောက်​ရန်​မှာစာထဲတွင်​မပါ​သောမိမိကိုယ်​တိုင်​၏ကြိုးစားအားထုတ်​မှုပင်​ဖြစ်​ပါသည်​။ဤအရာကိုကားမည်​သည့်​ဆရာမှ၊မည်​သည့်​စာအုပ်​မှစွမ်းနိုင်​မည်​မဟုတ်​ပါ။

ဥပမာပြရလျှင်​လူတစ်​​ယောက်​ဂစ်​တာတီးသင်​သည်​ဆိုပါဆို့်​။တစ်​ချို့ကဆရာနှင့်​လက်​​တွေ့သင်​သည်​။တစ်​ချို့ကvideoသင်​ခင်းစာတို့၊စာအုပ်​တို့ဖတ်​ပြီးသင်​ကြသည်​။သူတို့နှစ်​ဦးစလုံးအ​ခြေခံအဆင့်​​လောက်​​တော့တီးတတ်​​ခေါက်​တတ်​သွားကြသည်​။ဆရာကလည်းထိုထက်​ပို၍သင်​မ​ပေးနိုင်​ပါ။ကျွမ်းကျင်​ပညာရှင်​တစ်​​ယောက်​ဖြစ်​ဖို့အတွက်​ကျ​တော့မိမိသင်​ယူထား​သောအရာကိုအ​ခြေခံပြီးကိုယ့်​ရဲ့ကိုယ်​ပိုင်​​လေ့ကျင့်​နိုင်​မှု၊ကိုယ်​ပိုင်​အ​တွေးအ​ခေါ်ကွန်းမြူးနိုင်​မှုတို့ကအဆုံးအဖြတ်​​ပေးသွားကြပါတယ်​။စာ​တွေ့နှင့်​လက်​​တွေ့ဘဝကိုအချိုးညီညီ​ပေါင်းစပ်​ယူနိုင်​​အောင်​ကြိုးစားမှသာ​အောင်​မြင်​မှုရရှိနိုင်​ပါလိမ့်​မည်​။ဆိုလိုချင်​သည်​မှာစာအုပ်​ထဲတွင်​အားလုံးမရှိပါ။မိမိအရည်​အချင်းနှင့်​လည်း​ပေါင်းစပ်​ဖို့လိုအပ်​ပါသည်​။တကယ့်​အပြင်​​လောက၌​ဆောင်​ရွက်​ရာတွင်​စာအုပ်​ထဲမပါသည့်​အရာများရှိသလိုစာအုပ်​ထဲကအတိုင်းလုပ်​၍မရ​သောအရာများလည်းရှိသည်​ကိုသတိပြုရမည်​။စာအုပ်​ထဲမှစာကိုအသိဉာဏ်​သို့​ပြောင်း၍လိုအပ်​သလိုအသုံးချနိုင်​​အောင်​ကြိုးစားရမည်​။စာဖတ်​များ​သောသူငယ်​ချင်းတစ်​​ယောက်​အခြားသူများနှင့်​စကား​ပြောလျှင်​စာအုပ်​ကြီးထဲကအတိုင်း​ပြောကြသည်​ကို​တွေ့ဖူးကြပါလိမ့်​မည်​။ထိုသို့​ပြော​နေခြင်းမှာနား​ထောင်​ရသူပင်​ကြာလာလျှင်​စိတ်​ထဲတစ်​မျိုးကြီးဖြစ်​လာတတ်​ပါသည်​။မိမိဖတ်​ရှုထား​သောစာကိုကြက်​တူ​ရွေးစာပြန်​သလိုကြီးဖြစ်​​နေပါသည်​။

အချုပ်​အားဖြင့်​ဆိုရလျှင်​​လောကကြီးသာယာဝ​ပြောရန်​အတွက်​လူတိုင်းအ​ခြေခံ​တွေး​တောဆင်​ခြင်​နိုင်​မှုရှိရမည်​။ထိုသို့​သောအသိစိတ်​ဓာတ်​ကိုရရှိရန်​အတွက်​ဦး​နှောက်​ကိုအားဖြစ်​​စေမည့်​စာ​ကောင်း​ပေမွန်​များကိုတတ်​နိုင်​သမျှရှာ​ဖွေဖတ်​ရှုပြီးတစ်​ဆင့်​ပြန်​လည်းအသုံးချနိုင်​ကြရန်​ကြိုးစားကြရမည်​။မသုံးဘဲထား​သောဓား၊မ​သွေးဘဲထား​သောဓားတုံးသလိုအကြံတုံးဉာဏ်​တုံးများမဖြစ်​ရ​လေ​အောင်​စာ​ကောင်း​ပေမွန်​များဖြင့်​မိမိတို့၏ဦး​နှောက်​ကိုအမြဲတမ်း​သွေး​ပေး​နေဖို့​တော့အ​ရေးကြီးလှပါသည်​။

လွတ်​လပ်​စွာကွဲလွဲနိုင်​ပါသည်​။မိမိ၏အယူအဆအ​ရေးအသားသာဖြစ်​ပါ​ကြောင်း။

အားလုံးကျန်းမာချမ်းသာကြပါ​စေ
Ye Thiha Kyaw
@yethihakyaw
Msc No.093
11.1.2018,Thu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center