ကရဏိယနှင့်​ဆွမ်းစားအံသွားဗထက်​ချိုက်​လိုက်​ပြီ(Myanmar Proverb)

ကရဏိယနှင့်​ဆွမ်းစားအံသွားဗထက်​ချိုက်​လိုက်​ပြီ(Myanmar Proverb)
image

ကရဏိယဆိုသည်​မှာ ကရဏိယမတ္ထကုသ​လေန အစရှိသဖြင့်​ရွတ်​ဆိုရ​သော ​မေတ္တာသုတ်​ ကို ဆိုလိုသည်​။
မေတ္တာသုတ်​ဆိုသည်​မှာ အိမ်​တက်​မှစ၍ ဆွမ်းစား၊ကွမ်းစားအားလုံးတွင်​ရဟန်းများရွတ်​ဆိုကြ​သောပရိတ်​​တြော်​ဖစ်​သည်​။
အံသွားဗထက်​ချိုက်​လိုက်​ ဆိုသည်​မှာ ဆွမ်း၊ထမင်းဟင်း အစရှိသဖြင့်​ စားစရာများကို ဝါးစားလာရတာကြာပြီဖြစ်​၍ အံသွားများ ဗထက်​ချိုက်​ပုံ ​ပေါက်​​နေပြီဟုဆိုလိုခြင်း ဖြစ်​သည်​။တနည်းအားဖြင့်​ အံတို​နေပြီဟုလည်းဆိုလိုနိုင်​သည်​။ယခု​ခေတ်​တွင်​အံတို​နေပြီသိလားဟုသုံးနှုန်းကြသည်​ကိုကြားဖူးကြ​ပေလိမ့်​မည်​။ကရဏိယနှင့်​ဆွမ်းစားအံသွားဗထက်​ချိုက်​လိုက်​ပြီဆိုသည်​မှာ ​မေတ္တာသုတ်​ကိုဆွမ်းစားကွမ်းစားမှာရွတ်​ပြီး ဆွမ်းစားလာသည်​မှာ အံပင်​မရှိ​တော့၊အံတို​နေပြီဟုဆိုလိုခြင်းဖြစ်​သည်​။
image

တစ်​ခါတုန်းကရွာတစ်​ရွာမှာဦးဇင်းကြီးတစ်​ပါးရှိပါတယ်​။ဦးဇင်းကြီးကအသက်​လည်း​တော်​​တော်​ကြီး​နေပါပြီ။တစ်​​နေ့​တော့ဦးဇင်းကြီးကိုဒကာတစ်​ဦးက ဦးဇင်းမြို့​ပေါ်ကစာသင်​တိုက်​ကိုသွားပြီး ပိဋကတ်​စာ​ပေကိုဆက်​လက်​ပြီးသင်​အံ​လေ့ကျက်​ဖို့​ကောင်းတယ်​ဟုတိုက်​တွန်း​လေသည်​။ထိုအခါ ဦးဇင်းက ​နေပါ​စေကွာဦးဇင်းလည်းအသက်​ကကြီး​နေပါပြီ။စာသင်​မကြွချင်​​တော့ပါဘူးဟုဆို​လေသည်​။ဒကာကလည်း ဘယ်​ဟုတ်​မလည်း ဦးဇင်းရ၊ပိဋကတ်​စာ​ပေကိုဆက်​လက်​သင်​ယူပြီးတဲ့အခါကြ​တော့ပညာရှိ၊ပညာတတ်​ဆရာ​တော်​ကြီးဖြစ်​​ရော။အဲဒီအခါကြ​တော့ ဆွမ်းကွမ်းလည်းလှူမယ့်​သူ​ပေါတာ​ပေါ့ဘုရား၊ဆွမ်းစားမရှား​တော့ဘူး​ပေါ့ဘုရားဟု​လျှောက်​​လေသည်​။ထိုစကားကိုကြား​သောအခါ ဦးဇင်းကြီးက ဒကာ အဲလို​တော့မ​ပြောနဲ့ကွ။ပိဋကတ်​စာ​ပေနှံ့စပ်​မှ ဆွမ်းကွမ်းစားရမလိုဖြစ်​​နေပြီ။ဒီမှာကြည့်​ ကရဏိယနဲ့ ဆွမ်းစားလာတာ အံသွား​တောင်​ ဗထက်​ချိုက်​ပုံ​ပေါက်​​နေပြီ ဟုဆို​လေသည်​။ထိုမှစ၍ ကရဏိယနှင့်​ဆွမ်းစား အံသွားဗထက်​ချိုက်​လိုက်​ပြီ ဟူ​သောစကားပုံ​ပေါ်​ပေါက်​လာ​လေသည်​။
တနည်းအားဖြင့်​ ​လော​လောဆယ်​မိမိတတ်​​မြောက်​ထား​သော၊ရရှိထား​သောဥစ္စာ၊ပညာစသည်​ဖြင့်​ရပ်​တည်​၍ရ​ကြောင်း၊ဆက်​လက်​တိုးပွား​အောင်​လုပ်​​နေစရာမလို​ကြောင်း​ပြော​သောအခါမျိုးတွင်​သုံး​လေ့ရှိကြသည်​။
image

ကျွန်​​တော်​တို့ပတ်​ဝန်းကျင်​တွင်​လည်းထိုစကားပုံထဲကလိုဆင်​တူအဖြစ်​​အပျက်​တွေရှိပါသည်​။လုပ်​ငန်းတစ်​ခု(စီးပွား​ရေး)အသင့်​အတင့်​အဆင်​​ပြေ​နေလျှင်​ထိုသူကိုဆက်​လက်​တိုးပွား​အောင်​လုပ်​ဖို့​ပြောလျှင်​၊ပညာရပ်​တစ်​ခုတွင်​အသင့်​အတင့်​တတ်​​မြောက်​ပြီးအဆင်​​ပြေ​နေ​သောသူကိုဆက်​လက်​ဆည်းပူး​လေ့လာဖို့​ပြောလျှင်​ ထိုသူတို့ကမလိုအပ်​​ကြောင်း၊မိမိမှာရှိ​သောလက်​ရှိအ​ခြေအ​နေနှင့်​လည်းအဆင်​​ပြေ​နေ​ကြောင်းပြန်​ပြီးဆင်​​ခြေ​ပေး​သောအခါမျိုးတွင်
ကရဏိယနဲ့ ဆွမ်းစား အံသွားဗထက်​ချိုက်​လိုက်​ပြီ ဟူ​သော စကားပုံကိုသုံးနှုန်း​လေ့ရှိကြသည်​။
image

မိမိတို့နှင့်​အလုပ်​တူ၊နယ်​ပယ်​တူ၊​ကျောင်းအတူတူ​နေခဲ့ရ​သောသူငယ်​ချင်းများတွင်​လည်းထိုကဲ့သို့​သောလူမျိုးများကို​တွေ့ဖူးချင်​​တွေ့ဖူးကြပါလိမ့်​မည်​။ထိုသို့​သောလူမျိုးများမှာမိမိတွင်​ရှိ​သောဥစ္စာ၊ပညာစသည်​တို့ကိုများပြားလှသည်​ဟုထင်ကြ​သည်​။အသစ်​အသစ်​​သောနည်းပညာတို့ကို​ပြောပြလျှင်​လက်​မခံကြ​ပေ။ငါသည်​သာအ​တော်​ဆုံး၊ငါသည်​သာအတတ်​ဆုံးဟုထင်​ကာမည်​မျှပင်​​ပြော​စေ၊လက်​မခံကြ​ပေ။ငါ့ဟာမှအဟုတ်​၊ငါသိထားတာမှအမှန်​ပဲယူကြသည်​။သူတပါးက​ကောင်း​စေချင်​၊ရ​စေချင်​၍​ပြောလျှင်​ မထိသလို၊ထိသလို​ပြောတတ်​ကြ​သေးသည်​။သူတို့သိထား​သောအရာနှင့်​ပင်​တင်းတိမ်​​ရောင့်​ရဲကြသည်​။ထိုသို့​သောလူမျိုးများကိုလည်း သူက ကရဏိယနှင့်​စားလာတာ အံတို​နေပြီကွ(ကရဏိယနှင့်​စားအံသွားဗထက်​ချိုက်​လိုက်ပြီ)ဟုဆိုကာ မည်​သူကမျှသူ့ကို​နောက်​ထပ်​ကိစ္စရပ်​များအသစ်​အသစ်​​ပေါ်လာလို့​ဆောင်​ရွက်​စရာကြုံလျှင်​ မ​ခေါ်ကြ၊မ​ပြောကြ​တော့​ပေ။
image

ဤစကားပုံသည်​​ရှေးကတည်းက​ပေါ်​ပေါက်​ခဲ့​သောစကားပုံဖြစ်​သည်​။စကားပုံအတွင်းမှရဟန်းကြီးကဲ့သို့​သောလူများမှာယ​နေ့တိုင်​ရှိတုန်း၊ရှိကြအုံးမည်​သာဖြစ်​သည်​။ထိုသူများသည်
အရာအရာကိုဆင်​​ခြေဆင်​လက်​​လေးနှင့်​လည်း​ပြောတတ်​ကြ​သေးသည်​။မည်​သို့ပင်​ဖြစ်​​စေမိမိကို​ကောင်း​စေချင်​ရန်​​ပြော​သောမိဘ၊မိတ်​​ဆွေ၊ဆရာသမားတို့၏စကားကို​တော့နား​ထောင်​ရန်​သင့်​ကြသည်​။မိမိမှာရှိ​သောဥစ္စာ၊ပညာဟူသည်​ ကရဏိယထက်​မပို​သေးဘူးဆိုတာ ရယ်​၊ ဆက်​လက်​​လေ့လာစရာ​တွေတစ်​ပုံကြီးရှိ​သေးတယ်​ဆိုတာရယ်​ကို​တော့လက်​ခံကြရ​ပေမည်​။ထိုသို့မဟုတ်​ဘဲ ကရဏိယ နှင့်​ပဲဆက်​ပြီးဆွမ်းစားမယ်​ဆိုရင်​​တော့လည်းမိမိတို့သ​ဘောသာဖြစ်​ပါ​ကြောင်း။

Credit;google & facebook images
ဆက်​လက်​​ဖော်​ပြပါအုံးမည်​။
image

အားလုံးကျန်းမာချမ်းသာကြပါ​စေ
Ye Thiha Kyaw
@yethihakyaw
Msc-093
15.2.2018,Thu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center