အမျိုးသမီးဆိုင်းဂီတအဖွဲ့

အမျိုးသမီးဆိုင်းဂီတအဖွဲ့
image

image

image

ခု​ခေတ်​မှာအမျိုးသမီး​တွေဟာအမျိုးသား​တွေနဲ့ရင်​​ဘောင်​တန်းပြီးအလုပ်​လုပ်​လာကြတာကို​တွေ့မြင်​နိုင်​ပါတယ်​။နယ်​ပယ်​အသီးသီးမှာပါဝင်​လာကြတာကို​တွေ့နိုင်​ပါတယ်​။လွှတ်​​တော်​ထဲမှာ​တောင်​အမျိုးသမီး​တွေပါဝင်​လာကြပါပြီ။ကျွန်​​တော်​တို့ Steemit ဆိုဒ်​မှာလည်း​တော်​​တော်​များများအမျိုးသမီး​တွေပါဝင်​​ရေးသား​နေကြပါတယ်​။
image

မြန်​မာ့ဂီတဖြစ်​တဲ့ဆိုင်း​လောကမှာလည်းအမျိုးသား​တွေကြီးပဲရှိရာက​နေ​နောက်​ပိုင်းမှာအမျိုးသမီး​တော်​​တော်​များများလည်း​နေရာယူလာကြပါပြီ။ဒါက​တော့​ကောင်းတဲ့လက္ခဏာတစ်​ခုပါ။သို့​သော်​တစ်​ချို့ကြ​တော့လည်းခုတုံးလုပ်​ပြီးဆိုင်းကိုဆိုင်းလိုမတီးပဲလုပ်​စားတဲ့သူ​တွေလည်းရှိလာပါတယ်​။အမျိုးမျိုးပဲ​ပေါ့ဗျာ။လူ့​လောကဆိုတာက​တော့။
image

ဒီ​နေ့ကျွန်​​တော်​တို့ရွာမှာအလှူရှိပါတယ်​။ဧည့်​ခံဆိုင်းလည်းပါပါတယ်​။အမျိုးသမီးဆိုင်းပါပဲ။ခေါင်း​ဆောင်​ကစလို့နှဲ၊​ကြေး​နှောင်​​တွေအမျိုးသမီး​တွေပါ။နောက်​​ပြောက​တော့​အမျိုးသား​တွေပါ။မန္တ​လေးတို့လိုမြို့ကြီး​ပေါ်ကဆိုင်း​တော့မဟုတ်​ပါဘူး။နယ်​ဘက်​ကပါပဲ။သို့​သော်​​တော်​​တော်​​လေးတီးနိုင်​ပါတယ်​။ဆိုင်းကိုဝုန်းဝုန်းဝုန်းနဲ့တီးဝိုင်း​တွေနဲ့​ရောရိုက်​တဲ့ပုံစံမဟုတ်​ပါဘူး။ဈေးကလည်းမြို့ဆိုင်း​တွေ​လောက်​မ​ပေးရပါဘူး။မိန်းက​လေးတီးတဲ့ဆိုင်းဆို​ပေမယ့်​၊နယ်​ဆိုင်းဆို​ပေမယ့်​၊မြို့​ပေါ်ဆိုင်းနာမည်​ခံပြီး အ​နောက်​တိုင်းတီးဝိုင်း​တွေနဲ့ သီချင်း​တွေလိုက်​ဆို​နေတဲ့ အမျိုးသား​တွေထက်​ကို သာပါတယ်​။
ဆိုင်းဆရာက​တော့​ဌေး​ဌေး​အေးပါတဲ့။
image

အားလုံးကျန်းမာချမ်းသာကြပါ​စေ
Ye Thiha Kyaw
@yethihakyaw
MSC-093
8.2.2018,Thu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center