ကဒူးရွာ တစ်​​ခေါက်​ ၁

ဗန်း​မောက်​မြို့အ​နောက်​ဘက်
ကဒူးရွာ​တွေဖြစ်​တဲ့
နားယကာရွာနဲ့ စက်​​တောရွာကို
မနက်​​စော​စော လှည့်​ပတ်​ကြည့်​မိတယ်
သစ်​လုံးအကြီးကြီး​တွေနဲ့ ကဒူးအိမ်​ကြီး​တွေ မြင်​ရ​တော့
နောင်​တစ်​ချိန်​ အုတ်​တိုက်​​တွေ
ဆောက်​ပြီး အဲဒီအိမ်​ကြီး​တွေ ​ပျောက်​ကွယ်​သွားမှာ စိုးရိမ်​လိုက်​တာ
အိမ်​ကြီး​တွေက ၆ပင်​ ပတ်​လည်​​တွေ
ပျဉ်​​ထောင်​အိမ်​ကြီး​တွေ
ဗုဒ္ဓဘာသာကို ရို​သေကိုင်းရှိုင်းတဲ့လူမျိုး​တွေဆိုတာကို ဘုရား​စေတီ ဘုန်းကြီး​ကျောင်းကြီး​တွေ မြင်​တာနဲ့ သိသာထင်​ရှားပါတယ်
ဗန်း​မောက်​မြို့မှာ​တောင်​ ​ခေတ်​မီတိုက်​​တွေ အစားထိုး​ဆောက်​​နေကြပြီ
ဒါ​ပေမယ့်​ ရိုးရာ ဟင်း​ပေါင်း
( မုန်​ညှင်း​ပေါင်း ၊ နံနံ​ပေါင်း၊)
အသုတ်​မျိုးစုံ( နရွဲရွက်
ဧကရစ်​ရွက်​၊ စမိတ်​ရွက်​ ၊ ​ညောင်​ချဉ်​ဖူး၊
မလိုင်​သီး၊ ​ရေညှိ၊ ​ရေဥ)၊
ဟင်း​လှော်​( သူတို့က ဆီမသုံးဘဲ ချက်​တဲ့ ဟင်း​တွေ)
အဲဒါ​တွေ​တော့ စား​နေကြဆဲပဲ၊
အသားက​တော့ မစားသ​လောက်​ပဲ၊
အသီးအရွက်​​တွေကို များများစား၊
အသားမစား ဆီမစား​တော့ သူတို့
အသားအ​ရေ​တွေက စို​ပြီး ဖြူ​ ​ဖွေး​နေတယ်
တခြားတိုင်းရင်းသား​တွေလို နီစပ်​စပ်​ ကြမ်းကြမ်း မဟုတ်​ဘူး၊ ဖြူ​ဖွေး နုဖပ်​​နေကြတာပဲ၊ ​မေ ဒီမှာ​နေတဲ့၁၀ရက်​အတွင်း အသီးအရွက်​နဲ့ ငါးစားရတာများ
တယ်​၊ ​တောထူ​တော့ ​တော​ကောင်​သား​တွေ အစုံရတယ်​၊
ကျေးဇူးတင်​ပါတယ်
. image image
@yemin
photo credit:google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now