The Historical Of Shwemawdaw Pagoda

Hello Everyone.Nice To Meet You Again.
Steemit Member များအားလုံးပြန်​လည်​ ဆုံ​တွေ့ရတာ
ဝမ်းသာပါတယ်​။ ကျွန်​​တော်​ အခု​တ​လော ​ရေးချင်​တာ​လေးရှိ​နေတယ်​။ ကျွန်​​တော်​ ​ရေးချင်​တာ​လေးက သမိုင်းဝင်​ ဆံ​တော်​ရှင်
ရွှေ​မော်​​ဓော ​စေတီ​တော်​မြတ်​ကြီး၏ သမိုင်းတချို့ ကို ပြန်​လည်
ရေးသားပူ​ဇော်​ချင်​ပါသည်​။ ​ဆက်​လက်​ ဖတ်​ရူ့​ပေးကြပါဦး။

image

လူအများစု ဟာ ရန်​ကုန်​လို့ ​ပြောလိုက်​တာနဲ့ ​ရွှေတိဂုံ ​စေတီ​တော်
မြတ်​ကြီးကိုပါ တွဲမြင်​လာကြသလို ။ပဲခူး လို့ ဆိုလိုက်​တာနဲ့ သမိုင်းဝင်​ ​ရွှေ​မော်​​ဓော ​စေတီ​တော်​ကို မသိသူ အလွန်​ပင်​ ရှားပါးလှ
သည်​။ ကျွန်​​တော်​က ပဲခူး ဇာတိ ဖြစ်​တဲ့အတွက်​ ပဲခူးက သမိုင်း
ဝင်​​နေရာ​​တော်​​တော်​ များများကို သိပါတယ်​။ ဒါ​ပေမယ့်​ ​စေတီ​တော်​မြတ်​ကြီး၏ ဘုန်းတန်​ခိုး ​ကျော်​​စော်​မှု နဲ့ စာရင်​ မ​ပြောပ​လောက်​​ပေ။အခု စတင်​​ရေးချင်​တာက​တော့ ​စေတီ​တော်​မြတ်​ကြီး၏
သမိုင်း အချို့ကို ​ဖော်​ပြချင်​ပါတယ်။

ရွှေ​မော်​​ဓော ​စေတီ​တော်​မြတ်​ကြီး ဟာ မြတ်​စွာဘုရားရှင်​၏
ဆံ​တော်​ကို ဌာပနာထည့်​သွင်းကာ တည်​ထားကိုးကွယ်​ခဲ့ကြသည်​။ မြတ်​စွာဘုရားရှင်​သည်​ ဟံသာဝတီပြည်​ သုဒဿ န​တောင်​၌
ဌာပနာ၍ ​စေတီ​တော်​ တည်​ထားကိုးကွယ်​ရန်​ ဗျာဒိတ်​စကားမိန့်
ကြားပြီး စူဠသလ၊မဟာသာလ ညီ​နောင်​နှစ်​ဦးကို ဆံ​တော်​မြတ်
နှစ်​ဆူ​ပေးသနား​တော်​ မူခဲ့သည်​။ ညီ​နောင်​နှစ်​ဦးသည်​ ဆံ​တော်
မြတ်​နှစ်​ဆူအား ရာဇဂြိုလ်​မြို့(အိန္ဒိယ)မှ ဒုံဇိုင်းတူမြို့(​ဇောင်းတူ)
သို့ ပင်​လယ်​ခရီးဖြင့်​ ပင့်​​ဆောင်​လာခဲ့ကြသည်​။ ညီ​နောင်​နှစ်​ဦး
သည်​ မြတ်​စွာဘုရား၏ ဗျာဒိတ်​​တော်​အတိုင်း သုဒဿ န​တောင်​ကို
ရှာ​ဖွေကြ​လေသည်​။

ထို့​နောက်​ သုဒဿ န ​တောင်​ကို ရှာ​ဖွေ​တွေ့ရှိခဲ့သည်​။ ​ညီ​နောင်
နှစ်​ဦးလည်း ဗျာဒိတ်​​တော်​အတိုင်း ​စေတီတည်​ရန်​ပြင်​ဆင်​ကြ
လေသည်​။ ဌာပနာတည်​ရန်​အတွက်​ ဆံ​တော်​မြတ်​ကိန်းဝပ်​ရာ
ရတနာ​ရွှေကြုတ်​​တော်​အား ဒုံဇိုင်းတူမြို့ (​ဇောင်းတူ)မှ မြင်းရထား
ဖြင့်​ ပင့်​​ဆောင်​လာခဲ့သည်​။ဆံ​တော်​မြတ်​ ကိန်းဝပ်​ရာဌာပနာ
တိုက်​ကို လုံခြံစွာ ဖုံးပိတ်​၍ ဥာဏ်​​တော်​အ​တောင်​(၅၀)ရှိ​သော
မူလ​စေ​တီ​တော်​အား ​ရွှေ၊​ငွေ၊ပတ္တမြား၊​ကျောက်​သံ စသည့်​အုတ်​တို့ဖြင့်​ အဆင့်​ဆင့်​တည်​ထားခဲ့ရာ မဟာသက္ကရာဇ်​(၁၁၅)ခု၊
တန်​ခူးလဆန်း(၁)ရက်​​နေ့တွင်​ ​အောင်​မြင်​စွာ ပြီးစီး၍ တည်​ထား
ကိုးကွယ်​ကြသည်​။

ကောဇာသက္ကရာဇ်​ ၃၃၄ ခုနှစ်​တွင်​ နန်းတတ်​သည့်​ ဟံသာဝတီ
ဘုရင်​ အနရာမမင်းလက်​ထက်​တွင်​ ဥာဏ်​​တော်​(၂၂) တိုးမြှင့်​၍
ဥာဏ်​​တော်​ (၁၂၆) ​တောင်​အမြင့်​​ဆောင်​ကာ ပြန်​လည်​တည်​ထားရာတွင်​ မူလဌာပနာ အနီး၌ ဥမင်​လှိုဏ်​​ခေါင်းတူးပြီး
ဗုဒ္ဓ၏သွား​တော်​ဓာတ်​(၁)ဆူကို ဌာပနာထည့်​သွင်းကာတည်​ထားခဲ့သည်​။ ​ကောဇာသက္ကရာဇ်​ (၇၄၅)ခုနှစ်​၌ နန်းတတ်​သည့်
ရာဇဓိရာဇ်​မင်းက သီဟိုဋ်​ဘုရင်​ ပဏ္ဍုရာမမင်းဆက်​သ​သော
ရွှေသပိတ်​​တော်​နှင့်​ ဗုဒ္ဓစွယ်​​တော်​တို့ကို ထပ်​မံဌာပနာထည့်​သွင်း
၍ ဥာဏ်​​တော်​(၁၆၅)အထိ တိုးမြှင့်​ပြီး ပြန်​လည်​တည်​ထားကိုး
ကွယ်​ခဲ့ကြသည်​။

မင်းငါးဆက်​တိုင်​တိုင်​မပြု ပြင်​နိုင်​ဘဲ ပြိုကျပျက်​စီး​နေသည့်​ ​စေတီ
တော်​မြတ်ကြီးကို ဘိုး​တော်​မင်းတရားကြီးက ဥာဏ်​​တော်​(၁၉၈)
တောင်​အမြင့်​​ဆောင်​ကာ ပြန်​လည်​တည်​ထားခဲ့ရာ ​ကောဇာသက္ကရာဇ်​ (၁၁၅၁)ခုနှစ်​၊တန်​ခူးလပြည့်​​နေ့တွင်​ ပြီးစီးခဲ့၍ ​ရွှေ​မော်​​ဓော
စေတီ​တော်​မြတ်​ဟု ​ခေါ်တွင်​ကာ ကိုးကွယ်​ပူ​ဇော်​ခဲ့ကြသည်​။
၁၂၇၉ ခုနှစ်​ပထမ ၀ါဆိုလဆုတ်​ ၂ ရက်​ (၅.၇.၁၉၁၇)​နေ့တွင်
စတုတ္ထအကြိမ်​​​မြေငလျှင်​​ကြောင့်​ ဘိုး​တော်​ဘုရားတည်​ခဲ့​သော
စေတီ​တော်​မြတ်​ကြီး၏ ​ခေါင်း​လောင်းပုံအထက်​​ဖောင်း ၃ ရစ်​မှ
ပြိုကျခဲ့ရာ ငှက်​​ပျောဖူး​တော်​တပိုင်းမှာ ​ကြေမွပျက်​စီးခြင်းမရှိဘဲ
မြေခခဲ့ရသည်​။ ၁၂၈၂ ခုနှစ်​တွင်​ ပြိုကျခဲ့​သော ​ခေါင်း​လောင်းပုံအထက်​ပိုင်းအား ဥာဏ်​​တော်​(၄)​တောင်​ (၂)မိုက်​တိုးမြှင့်​၍ ပြန်​လည်​တည်​ထားခဲ့ပြီး ​မြေခခဲ့​သော ငှက်​​ပျော်​ဖူး​တော်​တပိုင်းအား
မ​ရွှေ့​ပြောင်းဘဲ အ​ပေါ်၌ အထိမ်အမှတ်​ ​စေတီတစ်​ဆူ တည်​ထား
ခဲ့သည်​။

၁၂၈၂ ခုနှစ်​တွင်​ ​ရွှေ​မော်​​ဓော ​စေတီ​တော်​မြတ်​ကြီး၏ ဥာဏ်
တော်​(၂၀၂)​တောင်​ ၂ မိုက်​အထိ ရှိခဲ့သည်​။ ၁၂၉၂ ခုနှစ်​တွင်
ပဉ္စမအကြိမ်​ ​မြေငလျှင်​​ကြောင့်​ ပြိုကျခဲ့သည်​။ ​မြေငလျှင်​ဒဏ်
ကြောင့်​ ​စေတီ​တော်​ကြီး၏ ပစ္စယာအထိ ပြိုကျပျက်​စီးခဲ့​သော်​လည်း ​မြေခငှက်​​ပျောဖူး​တော်​နှင့်​ အထိမ်းအမှတ်​​စေတီတို့မှာ
အနည်းငယ်​ ထိခိုက်​ပျက်​စီးခြင်းမရှိဘဲ ကျန်​​နေခဲ့သည်​။
ဂျပန်​​ခောတ်​အလွန်​ စစ်​ပြီးကာလတွင်​ ​ဂေါပကအဖွဲ့  နှင့်​ မြို့​ပေါ်မှ ပုဂ္ဂိုလ်​များပါဝင်​သည့်​ ပြန်​လည်​တည်​​ဆောက်​​ရေးအဖွဲ့က
ကြီးကြပ်​၍ ​စေတီ​တော်​ကြီးအား ပြန်​လည်​တည်​ထားကိုးကွယ်
ခဲ့ကြသည်​။

image

ကျွန်​​တော်​ အခုလို ​ရွှေ​မော်​​ဓော ဘုရား၏ သမိုင်းတချို့ကို ​ရေးသားရန်​အတွက်​ ဘုရား၏ သမိုင်းပြတိုက်​မှ ရှာ​ဖွေကာ အများသူဌာတို့ သိ​စေရန်​အလို့ငှါ ​​ရေးသားပူ​ဇော်​လိုက်​ရပါသည်​။အခုလို ​စေတီ​တော်​မြတ်​ကြီး၏ သမိုင်း​ကြောင်းကို ​ရေးရတဲ့အတွက်​ အလွန်​ပင်​ ကြည်​နူးမိသည်​။

အဆုံးထိဖတ်​​ပေး​နေတယ့်​ Steemit member များအားလုံးကိုလည်း ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာcomments & votes လည်း​ပေးဖို့ မ​မေ့နဲ့ဦး​နော်​ ☺☺ ☺
Credit ....Fb photo

@yelinn

MSC - 241

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center