အခက်​အခဲ အကျပ်​အတည်း

rcrz8xdtdj.jpg

ရုန်းကန်​လှူပ်​ရှားရင်း အသက်​​မွေးဝမ်း​ကျောင်းတစ်​ခုအတွက်​ရှာ​နေကြသည်​မှာကျ​နော်​တို့လူသားတိုင်းဖြစ်​​ပေသည်​၊ကျ​နော်​တို့လို​ကျောင်းသား​ကျောင်းသူ​တွေအတွက်​ဖို့စီးပွား​ရေးဆိုသည်​ကိုအ​ဝေးဆုံးမှာထားကာ​ပျော်​ပါးမှူ၌သာကုန်​ဆုံး​နေကြသည်​၊စာ​မေးပွဲ​ဖြေခါနီးမှသာထကျက်​ကြသည်​၊ဒါ​ကြောင့်​ကျ​နော်​တို့​ကျောင်းသား​ကျောင်းသူတိုင်းသည်​စာကိုစိတ်​မဝင်​စားဘဲ​တစ်​နှစ်​တစ်​တန်း​အောင်​နိုင်​​ရေးအတွက်​သာ​ရှေးရှူပြီး​စာကျက်​ကြသည်​၊

မိမိဘဝတွင်​ကြုံ​တွေ့လာရမယ့်​အခက်​အခဲအကျပ်​အတည်း​တွေကိုမူမ​တွေးဘဲ​ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စားအ​တွေးနဲ့သာ​ရှေ့ဆက်​ခဲ့ကြသည်​၊ထိုအရာမှအဆင့်​ဆင့်​အသက်​ကြီးအိမ်​​ထောင်​ကျသည့်​အခါတွင်​တိုးတက်​မှူထက်​တ​နေ့တ​နေ့ထမင်းတလုပ်​စားဖို့အ​ရေးသာအဓိကဖြစ်​လာသည်​၊ထမင်းဖိုးရလျှင်​​ကျေနပ်​​နေတတ်​ကြ​တော့သည်​၊မိမိဘဝတိုးတက်​ဖို့အတွက်​မ​တွေးကြ​တော့​ပေ၊သက်​ရှိလူသားဖြစ်​​နေ​ပေမယ့်​တိရစ္ဆာန်​ကဲ့သို့အ​တွေးများသာရှိ​နေ​ပေ​တော့သည်​၊မနက်​မိုး​သောက်​အချိန်​မှစ၍ထမင်းဖိုးရ​အောင်​ရုန်းကန်​ကြရင်းအချိန်​ကုန်​ဆုံးကြသည်​၊မိမိထမင်းဖိုးရလျှင်​​မှောက်​အိပ်​​နေကြသည်​၊ထိုအပြုအမူများသည်​​တောအုပ်​ထဲတွင်​ကျက်​စား​နေကြ​သောတိရစ္ဆာန်​များပမာ မိမိအစာရလျှင်​ပြန်​အိပ်​​နေတတ်​​သောအ​ကောင်​များနှင့်​တူ​​နေ​ပေ​တော့သည်​၊မိမိလူသားဦး​နှောက်​ကိုအသုံးမချ၊​ရေသာခိုအ​ချောင်​လိုက်​၍ ​ရောင့်​ရဲတင်းတိမ်​​နေတတ်​မှူ​ကြောင့်​ကျ​နော်​တို့မြန်​မာနိုင်​ငံမတိုးတက်​​စေသည့်​အချက်​များထဲမှာ ပါဝင်​​နေပါသည်

လူငယ်​တစ်​ဦးအ​နေဖြင့်​​ရေးသားသဖြင့်​ကျ​နော်​လူငယ်​မသိ​သေး​သောအခက်​အခဲအကျပ်​အတည်းများစွာ​ရှိ​နေ​ပေအုန်းမည်​၊သို့​ပေမယ့်​ကျ​နော်​​ရေးသား​သောအချက်​များမှာမူ မှားသည်မဟုတ်​​ပေ၊ ကျ​နော်​​ရေးသား​သောအရာများသည်​ စာဖတ်​သူအဖို့ အနည်းငယ်​​သော အ​တွေးတခု​ပေါက်​သွားလျှင်​ပင်​များစွာ အကျိုးရပါမည်​၊ဝမ်းသာရမည်​ဖြစ်​သည်​ကျ​နော်​လူငယ်​အ​တွေး ​ခေါင်း​သေး​သေးနဲ့​ရေးထားသဖြင့်​ မှားတာပါလျှင်​ ​ကြိုတင်​​တောင်းပန်​အပ်​ပါသည်​၊​ရောင့်​ရဲတင်းတိမ်​တတ်​​သောလူသားများအဖို့တိုးတက်​ခြင်းဆိုသည်​မှာ မည်​သည့်​အချိန်​မှဖြစ်​လာမည်​မဟုတ်​​ပေ၊​ရှေ့ဆက်​မည့်​လမ်းတွင်​ ဦး​နှောက်​သုံရမည့်​ကိစ္စဆိုလျှင်​ ​နောက်​ဆုတ်​တတ်​​သောအကျင့်​ရှိကြသူများ သည်​ အများအပြားရှိ​နေ​ပေသည်​၊

IMG_20170824_070118.jpg

ဒါ​ကြောင့်​လည်းမတိုးတက်​တာဖြစ်​​ပေသည်​၊ Game ​ဆော့သကဲ့သို့ အဆင့်​များ​အောင်​လာ​လေ​လေ ပိုခက်​ခဲ​လေ​လေ ဖြစ်​သဖြင့်​ ထိုအခက်​အခဲများကို မရင်​ဆိုင်​ရဲကြ​သော၊သတ္တိနည်း​သောသူများ​၊​သွေးနည်း​သောသူများ များစွာရှိ​နေပသည်​၊ဒါ​ကြောင့်​လည်း ကျ​နော်​လူငယ်​ ​ပြောချင်​​သောစကားမှာ ထိုကဲ့သို့မ​နေဘဲ တိုးတက်​ချင်​​သောစိတ်​ထား၊ရင်​ဆိုင်​ရဲ​သော သတ္တိအပြည့်​ဖြင့်​သာ ​ရှေ့ဆက်​ကြ​စေလို​​​ကြောင်း ကျ​နော်​ဒီစာ​လေးနဲ့ တိုက်​တွန်းပါရ​စေ...
Steemit အဖွဲ့​တော်​သားများကိုလည်း ကျ​နော်​တို့​ရှေ့ဆက်​မယ့်​လမ်းမှာ အခက်​အခဲ​တွေ၊ဦး​နှောက်​​ခြောက်​​စေမယ့်​နည်းလမ်း​တွေ ရှိ​နေပါ​သေးတယ်​ လက်​မတွန့်​ ​နောက်​မဆုတ်​ပဲ ​ရှေ့ဆက်​ကြ​စေလိုပါသည်​၊ တချိန်​တုန်းက 0.01 အခုချိန်​မှာ 8.,9.,10.စသဖြင့်​ များများရလာသည်​မှာ လက်​​တွေ့ပင်​ဖြစ်​သည်​ ထိုနည်ူဖြင့်​ မိတ်​ရကာ တချိန်​မှာ dollars များစွာပိုင်​ဆိုင်​​နေ​သော လူငယ်​များ၊လူကြီးများဖြစ်​လာမှာ ဧကန်​မလွဲ​ပေ၊ ကျ​နော်​တို့​ရေး​သောpost dollars​ရ​နေလျှင်​ အတိုင်းမသိ​ပျော်​ရွှင်​ရပါတယ်​ ဒီခံစားချက်​ကို ကျ​နော်​ခံစားရဖူးပါတယ်​၊ဒါ​ပေမယ့်​အခက်​အခဲနည်းအကျင်းကို ​တွေ့ကြုံခဲ့လျှင်​ အလွယ်​တကူအရှူံး​မ​ပေးဘဲ ​ရှေ့ဆက်​​လျှောက်​လှမ်းကြ​စေလို​ကြောင်း ကျ​နော်​ ဒီစာဖြင့်​ အကြံပြုပါရ​စေလားဗျာ....

Written by @yairthiha
Steemit Myanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center