အဖြူရောင်မုသား (white lie)

ydn.jpg

တစ်ပါးသူ ကြည်နူးအောင် ပျော်အောင် မနာကျင်ရလေအောင် မုသားလေးအနည်းငယ်ထည့်ပြောရတာမျိုးကိုတော့
ဖြူစင်သောအလိမ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်အကျိုးထက် သူများအကျိုးကိုဦးတည်ပြီးပြောတာမျိုးပေါ့နော်။
ကိုယ့်အပြစ်နည်းအောင် ဒါမှမဟုတ် သူတစ်ပါးကအထင်အမြင်ကြီးစေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေလဲပါနိုင်ပါသေးတယ်။
သို့သော်လည်း ယခုလိုလိမ်လည်ခြင်းဖြင့် အကျိုးအမြတ်တစ်စုံတစ်ရာရယူရန်အတွက်အားထုတ်တာမဟုတ်ပါဘူး။
စာမေးပွဲဖြေတဲ့အခန်းထဲကထွက်အလာ အပြင်ကစောင့်ကြိုနေတဲ့ မေမေက သမီးလေးဖြေနိုင်ရဲ့လား တဲ့။စိတ်မပူပါနဲ့
မေမေရယ် အားလုံးဖြေနိုင်ပါတယ်။စိုးရိမ်စိတ်တွေနဲ့ရင်ထဲကသောကတွေကို မေမေမမြင်တွေ့အောင် ဟန်ဆောင်ထားရ
တာက လွယ်တော့မလွယ့်ပါ။

e.gif

အောင်စာရင်း ထွက်မလာခင်ထိတော့ မေမေ့ကိုစိတ်မဆင်းရဲစေချင်ဘူးလေ။မေမေစိတ်ချမ်း
သာပါစေတော့ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။ တကယ်တမ်းအောင်စာရင်းလဲထွက်လာရော ကိုယ့်နာမည်ကပါမလာ ။
ကျပါပြီလေစာမေးပွဲ။ စိတ်ဆိုးဒေါသထွက်နေမှာဖြစ်တဲ့မေ့မေ့မျက်နှာကိုမျက်နှာချင်းမဆိုင်ဝံ့ခဲ့ဘူး။ သမီးစာမေးပွဲမအောင်လို့
ဒေါသထွက်နေတဲ့မေမေဟာ သူများကိုလိမ်ရပါပြီ။ ရှင့်သမီးလေး စာမေးပွဲအောင်တယ် ဂုဏ်ထူးတွေလည်းပါတယ်လို့
ကြားရတော့ ၀မ်းသာလိုက်တာတော်။ အိမ်ကကလေးကတော့ နောက်တစ်နှစ်ဆက်တက်ရဦးမယ် မအောင်ဘူးလေ။
တကယ်တော့ မေမေ၀မ်းသာမိတာ မဖြစ်နိုင်ပါဘူး။မေမေ၀မ်းမသာပါဘူး။လောကသလောအရ ဒီလိုပဲပြောမှဖြစ်မယ်
မဟုတ်ပါလား။

wef.jpg

ဆေးရုံဆရာဝန် ၀န်ထမ်းတွေကလည်း လူနာများအပေါ်စိတ်ချမ်းသာမှုပေးစေသောအလိမ်လေးတွေလဲရှိပါတယ်။
မကြာခင်ကောင်းသွားမှာပါ။သတ်သာသွားမှာပါ။ဟုပြောလိုက်လျှင် လူနာရှင်များမှာ စိတ်သက်သာရာရကြလေသည်။
ခင်ဗျားတို့လူနာက အခြေအနေမကောင်းနိုင်ဘူး။သေမှာပါ။ သေချာပေါက်သေမှာ။ဆေးဖိုးဝါးခ စမ်းသပ်ခတွေအတွက်
ဆုဆောင်းသိမ်းဆည်းထားတာလေးတွေကုန်တဲ့အချိန်အသက်လည်းကုန်မှာပါပဲ။ဆက်ကုမနေပါနဲ့။ ငွေကုန်တာအဖတ်တင်
လိမ့်မယ်လို့ ပြောလို့မသင်တော်ဘူး ။ပြောလို့မဖြစ်ဘူးမဟုတ်လား။ စိတ်မပူပါနဲ့ မကြာခင်သတ်သာသွားမှာပါ။ ပျောက်ကင်း
သွားပါလိမ့်မယ်။ဟု လူနာနှင့်လူနာရှင်တို့ စိတ်ချမ်းသာစေဖို့ ပြောရမယ်မဟုတ်ပါလား။သေခါမှသေရော။သူ့ကံပေါ့လေနော်။
မသေခင်အချိန်လေး အတွင်းတော့စိတ်ချမ်းသာမှုလေးတွေကိုရစေပါတယ်။ စိုးရိမ်ကြောင့်ကြ သောကဗျာပါဒ တွေကိုလျှော့
ပါးစေပါတယ်။

dfsdfs.jpg

တစ်ခါတုန်းကပေါ့ အိမ်ရှေ့မှာဖေဖေရေနွေးကြမ်းလေးသောက်ပြီးထိုင်နေတုန်း ခြံထဲကို လူငယ်လေးတစ်ယောက်ရုတ်တရက်
ပြေးဝင်လာပြီးတော့ အိမ်ဘေးက အုတ်ရေကန်ဘေးကိုဝင်သွားတယ်။ ရေကန်ဘေးမှာ ပန်းပင်တွေ အစီအရီစိုက်ထားတယ်
သစ်တိုသစ်စ တွေလည်းပုံထားတော့ ချောင်ကျသလိုဖြစ်နေတာပေါ့။ ဖေဖေလည်းရုတ်တရက်ကြီးဆိုတော့ ဘာမှမမေးနိုင်တော့
ဘူး ရေကန်ဘက်ကိုလှမ်းကြည့်တယ်ဆိုရင်ပဲ ထိုလူငယ်လေးက ဖေဖေကို လက်အုတ်လေးချီပြီးတော့ တောင်းပန်တိုးလျှိုးတဲ့
အကြည့်တွေနဲ့ကြည့်လို့နေတယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ လူလေးငါးယောက် ဒုတ်တွေကိုင်ပြီး ခြံရှေ့ကိုရောက်လာတယ်
လူတစ်ယောက်ပြေးလာတာ တွေ့မိသလားလို့ ဖေဖေ့ကိုမေးတယ် ဖေဖေက မသိဘူးမတွေ့ဘူးလို့ပြောလိုက်တယ်။ သူတို့လဲ
သိပ်တော့ကျေနပ်ပုံတော့မရဘူး ဖေဖေ့ကိုသေချာကြည့်တယ် ခြံထဲကိုလည်း လှမ်းကြည့်တယ်။

country-boy-ko.jpg

ပြီးတော့ အိမ်ရှေ့ကလမ်းအတိုင်းလမ်းတစ်လျှောက်ရှာဖွေကြရင်း ထွက်ခွာသွားကြတယ်။ ခဏအကြာမှာ အုတ်ကန်ဘေးကလူငယ်လေးထွက်လာပြီး ခြံပြင်ကို
ထွက်သွားတော့တယ်။သူထွက်သွားတော့ ဖေဖေလဲ စကားမဆိုမေးခွန်းမမေးသလို သူလဲဘာစကားတစ်ခွန်းမှမဆိုသွားခဲ့ဘူး။
ဖေဖေ့ကိုကျေးဇူးတင်တဲ့အကြည့်တွေနဲ့ကြည့်လို့နေမယ်ဆိုတာ သေချာပါတယ်။
သူဘာဖြစ်လာသလဲ ဘာလုပ်ခဲ့သလဲက ဖေဖေ့အတွက် အရေးမကြီးပါဘူး။ ခုလိုဖေဖေနေပေးလိုက်လို့ သူ့အတွက်တော့ ချမ်းသာ
ရာရစေတာအမှန်ပေါ့။ သူ့ကိုရှာတဲ့လူတွေနဲ့သာတွေ့ခဲ့မယ်ဆိုရင် သူ့အတွက် ဒုက္ခတွေ့စေနိုင်ပါတယ်။ဘာဖြစ်မယ်ဆိုတာတောင်
မပြောနိုင်ပါဘူး ပြောဖို့ခက်ပါတယ်။ကိုယ်သာဖေ့ဖေ့နေရာမှာဆိုရင်ဘယ်လိုပြောမိမလဲမသိပါဘူး။ဖေဖေပြောပြတာတွေပြန်နားထောင်
ရင်းတောင် ကြောက်စိတ်တွေရင်ထဲမှာဖြစ်လာတယ်။

အထက်မှာဆိုခဲ့သလိုပေါ့နော်။လူ့လောကအလယ်မှာ ကောင်းကျိုးအလိမ်လေးတွေလည်းရှိပါတယ်။
ပေါင်းသင်းဆက်ဆံရေး ချောမွေ့စေရုံသက်သက် အတွက်ပဲမဟုတ်ပါဘူး။သူတစ်ပါး အကျိုးစီးပွား ဖြစ်ထွန်းမှုအတွက်
ကိုယ်ကျိုးမဖက်ဘဲ လိမ်ရတာမျိုးတွေလဲရှိလို့နေပါတယ်။

@yadanar
msc - 065
photo - google image.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now