စိတ်​အင်​အားသတ္တိများ

စိတ်​အင်​အားသတ္တိဆိုတာ
နဲ့လွန်​ခဲ့တဲ့(၁၅)နှစ်​​ကျော်​က
အဖြစ်​အပျက်​တစ်​ခုကို သတိ
ရမိလာတယ်​ မြန်​မာပြည်​အထက်​ပိုင်းရွာတစ်​ရွာမှာ
ကျ​နော်​အပြင်းအထန်​ဖျား
နေတယ်​ ငှက်​ဖျားထင်​တာ
ဘဲ ​ဆေးထိုး​ပေမဲ့မသက်​သာ
ဘူး မထနိုင်​တဲ့အ​ခြေအ​နေ
မျိုးသတိမ​ကောင်းတဲ့အ​ခြေ
အ​နေမျိုးဖြစ်​​နေတယ်​ အ​ဝေး
ရောက်​လို့အားငယ်​​နေတယ်
သတိမရတစ်​ချက်​ရတစ်​ချက်
ဖြစ်​​နေရင်း ကိုယ်​ဟာကိုယ်
သေ​တော့မယ်​လို့ထင်​​နေတယ်
ခံစား​နေမိတယ်​ ​ဘေးကအသိ
မိတ်​​ဆွေအစ်​မကို လဲ​သေ​တော့မယ်​လို့​ပြော​နေမိတယ်​၊
န​ဘေးကအစ်​မကလည်း
ချက်​ချင်းကျ​နော့်​စိတ်​ကို
ဖတ်​မိသွားတယ်​ ကျ​နော့်​ကို
လှုပ်​နိုး​ပေးရင်း ဘာမှမဖြစ်​ဘူး သတိထား​နော်​ ဘာမှမဖြစ်​ဘူး သတိထား
ခဏခဏအကြိမ်​ကြိမ်​သတိ
ပေးစကား​ပြော​ပေးတယ်​၊
ခဏခဏအကြိမ်​ကြိမ်​​ပြော
တော့ အားအင်​တစ်​ခုဖြစ်
လာပြီး ချက်​ခြင်းပြန်​​ကောင်း
လာတယ်​ ခဏ​နေ​တော့
ချက်​ချင်းထိုင်​နိုင်​လာတယ်​၊
နောက်​ရက်​ကစပြီး ​နေမ
ကောင်းတာ​ပျောက်​သွား
တယ်​ ကျ​နော်​သိပါတယ်
ဒီအမျိုးသမီးကျ​နော်​ကို
ကယ်​လိုက်​တယ်​ဆိုတာကို
ကျ​နော်​ယ​နေ့ထိသူ့​ကျေးဇူး
ကိုမ​မေ့နိုင်​​သေးဘူး ဒီအဖြစ်​အပျက်​ကိုမ​မေ့နိုင်​​သေးဘူး၊

တစ်​​ကယ်​​တော့ဒါဟာ​အောက်
ရောက်​​နေတဲ့ကျ​နော့်​စိတ်​ကို
စိတ်​ဓာတ်​မြှင့်​တင်​​ပေးလိုက်
တာ စိတ်​ညှိ့ပြီး​ခေါ်လိုက်
သလိုမျိုးပါ တကယ်​ကျ​နော့်
ကိုယ်​​တွေ့ကြုံခဲ့ရတာပါ၊

လူတိုင်းလူတိုင်းမှာကျဆုံးမူ
စိတ်​ဓာတ်​ကြမူ အ​ခြေအ​နေ
ဆိုးမူ​တွေ့တစ်​​နေ့မဟုတ်
တစ်​​နေ့ကြုံ​တွေ့လာကြမှာပါ
ဒီအချိန်​ကြရင်​သာစိတ်​ဓာတ်
မကျဘဲ အတင်းပြန်​ထနိုင်​ဖို့
ခွန်​အား​ပေးသူ ​ဖေးကူသူ
လိုအပ်​ပါတယ်​၊။
စိတ်​ဆိုတာအင်​မတန်​နက်​ရှိုင်း
လေးနက်​​သော အသိရခက်
သောအင်​အားကြီး​သော
နယ်​ပယ်​ရပ်​ဝန်းတစ်​ခုဖြစ်​ပါ
တယ်​၊စိတ်​ပညာ​ရှင်​​မြောက်​များစွာ​သောသူများဟာ
စိတ်​ရဲ့ဆန်းကျယ်​နက်​ရှိုင်း
မူကို​လေ့လာ​နေကြဆဲပါ၊
တကယ်​​တော့လူတိုင်းဟာ
မိမိဘဝတိုးတက်​သာယာမူ
တွေ​အောင်​မြင်​​မူ​တွေကို
စိတ်​အင်​အားမြင့်​မြင့်​နဲ့
ငါဟာ​အောင်​မြင်​မဲ့သူ ငါဟာ
တိုးတက်​မဲ့သူ မုချ​အောင်
မြင်​တိုးတက်​မယ်​လို့ ယုံကြည်
မူအင်​အားပြင်းပြင်းနဲ့ စိတ်​ဓာတ်​အင်းအားမြှင့်​တင်​နိုင်
မယ်​ဆိုရင်​ တကယ်​​အောင်
မြင်​သူဖြစ်​လာမယ်​လို့ စိတ်
ပညာရှင်​အားလုံးက လက်​ခံ
လိုက်​ကြပါပြီ။
မိမတို့ပတ်​ဝန်းကျင်​မှာ
အတူ​နေထိုင်​​နေကြတဲ့မိတ်
ဆွေ​တွေ ​ဆွေမျိုးသားချင်း
တွေကို အခက်​အခဲ​တွေကြုံ
လာရင်​စိတ်​ဓာတ်​မြင့်​တင်
ပေးပါ အား​ပေးပါ အခက်​အခဲ​တွေကြုံ​နေသူကိုစိတ်
ဓာတ်​မြှင်​တင်​​ပေးပါ၊ဒုက္ခ
ရောက်​​နေသူ​တေ့ကိုအား​ပေး
ပါ လဲ​နေသူ​တွေကိုအမြန်​ပြန်
ထနိုင်​​အောင်​ကူညီ​ပေးပါ
အောင်​မြင်​သူ​တွေအားလုံး
ဟာလဲကျဘူးသူ​တွေ ဖြစ်
တယ်​ အကြိမ်​ကြိမ်​ပြန်​ထပြီး
မှသာ​အောင်​မြင်​လာတယ်
ဆိုတာ သိ​အောင်​စိတ်​ဓာတ်
တွန်းအား​ပေးနိုင်​​အောင်
တွန်းတင်​​ပေးလိုက်​ပါ၊
တကယ်​​တော့ စိတ်​ဆိုတာဟာ
ကမ္ဘာ​လောကကြီးကို စိုးမိုးအုပ်​ချုပ်​နိုင်​​သောစွမ်း
ရည်​ရှိပါတယ်​ သူ့ကိုသာ
ချုပ်​ထိန်း​စေခိုင်းနိုင်​ရင်
ဖြစ်​လိုရာကိုဖြစ်​​စေနိုင်​ပါသည်​။လူတိုင်းလူတိုင်း
မိမိတို့ဘဝတိုးတက်​ရာ
တိုးတက်​​ကြောင်း ဘဝ​အောင်​မြင်​ရာ​အောင်​မြင်​​ကြောင်း
မိမိတို့စိတ်​အင်​အားသတ္တိများ
ဖြင့်​ မြှင့်​တင်​အား​ပေးပြီး
အောင်​မြင်​သူများဖြစ်​ကြ​စေ
ဖို့​မျှော်​လင်​ပါသည်​။
photo-credit pdfcity
winnaingoo/msu no.74

Screenshot_20180813-000017.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now