အွန်​လိုင်း​ပေါ်ကချစ်​ဒဏ်​ရာ

20180808_130702.jpg

ယ​နေ့လူတိုင်း​တွေ့ကြုံခံစား
နေရတာလူတိုင်းနီးနီးမကင်း
နိုင်​တာက​တော့ ဖုန်းအသုံးပြု
ခြင်းနဲ့အွန်​လိုင်းကိစ္စမျိုးစုံပါ
ဘဲ၊ ​ငွေ​ကြေးပြည့်​စုံသူဖြစ်​​စေ
မပြည့်​စုံသူဖြစ်​​စေ အရွယ်
ရောက်​သူတိုင်းဟာ ဖုန်းက​လေးတစ်​လုံး​တော့ အများ
နည်းတူ ကိုင်​ချင်​ကြပါတယ်​၊
ဖေ့စ်​ဘုတ်​သုံးမယ်​ ချက်​မယ်
ဒါဟာ လူငယ်​များအတွက်​မရိုးနိုင်​မဲ့ ​တေးတစ်​ပုဒ်​ပါဘဲ၊
မရိုးနိုင်​တဲ့​တေးသွားကိုသီ
ဆိုတီးခတ်​​နေသူများစွာထဲက
တစ်​​ယောက်​က​တော့ ​ချောစု
ပါ၊ ရပ်​ကွက်​ထဲမှာ အိမ်​တစ်
လုံးငှား​နေပြီး ​သင်​တန်းတစ်​ခု
တက်​​နေသလိုလို စီးပွား​ရေး
လုပ်​ငန်းလုပ်​သလိုလိုမျိုးမိန်း
က​လေးဖြစ်​ပြီး အသက်​က
နှစ်​ဆယ့်​သုံးနှစ်​ခန့်​ဖြစ်​ပြီး
ရုပ်​ရည်​သင့်​တင့်​ကာ မျက်​နှာ
ထားချိုတာရယ်​ ပြင်​ဆင်
တတ်​တာရယ်​​ကြောင့်​မြင်​ရ
သူ ဆန့်​ကျင်​ဘက်​ပုရိသများ
နှစ်​ခါပြန်​ကြည့်​ခံရတတ်​သူပါ၊ အခု​ဖေ့စ်​ဘုတ်​သုံးရင်းဖရင့်
က​နေ ချစ်​​ရေးဆိုခြင်းခံ​နေရ
လို့ ဂျင်းမမိ​အောင်​မမှားရ​လေ​အောင်​ ​လေ့လာကြည့်
နေတယ်​၊ ​ချောစု လိုင်း​ပေါ်
က​ ​တော်​ကီမင်းတစ်​​ယောက်
ကို သတိထား​နေတယ်​ ​တော်​ကီမင်းကလည်း ချက်​လို့ရပြီ
စကား​ပြောလို့ရပြီဆိုတာနဲ့
အဆင့်​မ​ကျော်​ဘဲ ရိုးရိုး​လေး
တက်​လာတယ်​၊ တခြားသူ
တွေလို အခု​တွေ့အခုချိန်း
အခုတည်းခိုခန်း​ခေါ်တာ​တွေ
လည်းသိပ်​မလုပ်​ရဲဘူး အဆင့်​ရှိတဲ့မိန်းက​လေး​တွေ
က​တော့ချက်​ခြင်း မလုပ်​ကြ
ဘူး၊ ​ချောစုငယ်​ကလည်း
နပ်​ပါတယ်​ သူ့ဆီချဉ်းကပ်
လာတဲ့​ကောင်​​လေးကို ဗီဒီယို
ချက်​လိုက်​တယ်​ ရုပ်​ကမစိုး
ဘူးသန့်​တယ်​ ဝတ်​စားဆင်
ယဉ်​မူကလည်း အမြင့်​ကြီး
မဟုတ်​​ပေမဲ့ မနိမ့်​ဘူး အ​ပြော
အဆိုကလည်းညက်​တယ်
အ​ပေအ​တေ​တော့မဟုတ်​နိုင်
ဘူးမှတ်​ချက်​ချတယ်​၊ ချက်​ချင်းအပြင်​မှာ​တွေ့ဖို့မပူစာ
ဘူး စကား​ကောင်း​ကောင်း
ပြောတယ်​ အကူအညီလိုရင်
ပြောပါကူညီမယ်​စသဖြင့်
စကား​ပြောရင်းတစ်​​ယောက်​နဲ့တစ်​​ယောက်​ရင်းနှီးလာပြီး
ပြောရဲဆိုရဲလာပြီဆိုမှ ဆိုင်
တစ်​ဆိုင်​မှာစကား​ပြောဖို့
တွေ့ကြတယ်​၊ ​ကောင်​​လေး
နာမည်​က စည်​သူ မိဘမရှိ
တော့ဘူး အ​ဒေါ်နဲ့​နေတယ်
ပွဲစားတစ်​ဖက်​လုပ်​တယ်
စာ​ပေးစာယူတက်​​နေတယ်
လောက်​သိရတယ်​၊ ရုပ်​ရည်​မ
ဆိုဘူး အသားမဖြူမညို
အသားလတ်​​ပေမဲ့ စတစ်
ကော်​လံအဖြူနဲ့ သပ်​သပ်​ရပ်
ရပ်​ဝတ်​ထားပြီး စကား​ပြော
ညင်​သာလို့ခင်​မင်​စရာမျိုး
ပေါ့၊​ချောစုကမိဘ​တွေက
နယ်​က​ဈေးဆိုင်​​တွေဖွင့်​ထား
ပြီး သူကမြို့​ပေါ်မှာ​နေ လို
အပ်​တဲ့ပစ္စည်း​တွေတင်​ပို့​ပေး
တစ်​ဖက်​ကလည်းသင်​တန်း
တက်​ဘာညာ​ပေါ့ အချမ်း
သာကြီးမဟုတ်​​ပေမဲ့ချို့တဲ့သူ
မဟုတ်​ အ​နေထိုင်​ပိရိသူပါ။

ဒီလိုနဲ့​ချောစုနဲ့စည်​သူတို့
ယုံကြည်​မူဖြစ်​လာပြီး ချစ်​သူ
ဖြစ်​လာကြသည်​။ စည်​သူက
အ​ဒေါ်အိမ်​မှာ မသထာ​ရေစာ
စား​နေရပြီး အ​ဒေါ်​လင်​ဖြစ်
သူကအမြဲပြသနာရှာ​နေသူ
ဟု သိရသဖြင့်​ စည်​သူတစ်
ယောက်​ ​ချောစုအိမ်​မှာအ​နေ
များလာသည်​။ဈေးဝယ်​တာ​တွေ ပစ္စည်းတင်​ပို့တာ​တွေ
စည်​သူကကူညီလုပ်​​ပေးလာ
ပါသည်​။ ​ချောစုနယ်​သို့ခဏ
ပြန်​ရင်​​တောင်​ ပစ္စည်းတင်
ပေး​ဈေးဝယ်​​ပေးစိတ်​ချရပြီး
ချောစုတို့ လူ​ရွေးမှန်​ပြီဟု
ပီတိ​ဝေရ​လေပြီ၊ စည်​သူတစ်
ယောက်​လဲအချိန်​တိုင်းလိုလို
ချောစုအိမ်​​ရောက်​​နေရာမှ
တစ်​ခါတစ်​ရံညပိုင်းပါဂျူတီ
ဝင်​လာသည်​။နှစ်​ဖက်​မိဘ
များကိုဖွင့်​​ပြောပြီး လက်​ထပ်​ရန်​စီစဉ်​ကာ စည်​သူအတွက်
အဝတ်​အစားဝယ်​​ပေး ​ငွေ
ကြေးကိစ္စများပါကိုင်​ခိုင်း
လာသည်​။စည်​သူကလည်း
ကြွေးတာယူ​ပေးတာစားပြီး
ပြောစရာမရှိပါ ယူမထား
သေး​ပေမဲ့လင်​မယားလိုဖြစ်
နေပြီး ​ချောစုတစ်​​ယောက်
စည်​သူကိုမရှက်​တမ်း​ပြောရ
ရင်​ချစ်​ခင်​စွဲလန်း​နေပါပြီ၊
နောက်​လနယ်​ပြန်​လျှင်​စည်
သူကိုအလည်​​ခေါ်မည်​မိဘ
များနှင့်​​တွေ့​ပေးမည်​၊ စီစဉ်​ထားပြီး​ကျေနပ်​ပီတိဖြစ်​​နေ
ချိန်​​ချောစုတစ်​​ယောက်​ကြာ
ကြာ​ပျော်​ချိန်​မရလိုက်​ပါ။
တစ်​​နေ့မနက်​​စော​စော (၈း၀၀)နာရီခန့်​အချိန်​ ​ချောစု
အိမ်​​ရှေ့သို့အမျိုးသမီးတစ်
ဦးက​လေးငယ်​တစ်​​ယောက်
လက်​ဆွဲပြီး​ရောက်​လာသည်
"ဘယ်​သူနဲ့​တွေ့ခြင်​လို့ပါလဲ"​ချောစုကလှမ်း​မေးလိုက်​ရာ
"​မ​ချောစုနဲ့​တွေ့ချင်​လို့ပါ"
"ဟုတ်​ကဲ့ကျမပါဘာကိစ္စရှိ
လို့ပါလဲအိမ်​ထဲဝင်​ပါ"
မမြင်​ဘူး​သောဧည့်​သည်​မို့
ပျူပျူငှာငှာကြိုဆိုရင်းက
"ညီမရယ်​မ​ပြောမဖြစ်​လို့သာ
လိုက်​လာရတာညီမကိုလဲ
အားနားတယ်​ ညီမအိမ်​ကို
ဝင်​ထွက်​​နေတဲ့စည်​သူဆိုတာ
အစ်​​မ​ယောင်္ကျားပါ အကျိုး
အ​ကြောင်းသိရ​အောင်​လာ
မေးတာပါအစ်​မနဲ့စိတ်​ဆိုးပြီး
အိမ်​က​နေဆင်းသွားတာ(၃)
လ​လောက်​ရှိပြီ မ​နေ့ကမှ
ဒီရပ်​ကွက်​ထဲမှာ​နေတဲ့ အစ်​မ
အသိတစ်​​ယောက်​ စည်​သူ
ကို​တွေ့​နေတာကြာပြီ ဒီအိမ်​ကိုအဝင်​အထွက်​ရှိ​နေတယ်
ကြည့်​ရတာ ညိ​နေတယ်
ထင်​တာဘဲ ​ပြောလို့ လိုက်​တာပါညီမရယ်​ ညီမကို
အ​နှောက်​အယှက်​လဲမ​ပေးပါ
ဘူး သား​လေးကလဲ ​ဖေ​ဖေ
ကြီးပြန်​မလာ​သေးဘူးလား
နေ့တိုင်း​မေး​နေလို့ သားစိတ်
နဲ့လိုက်​လာမိတာပါ သူစိတ်​ချမ်းသာမယ်​ဆိုရင်​အစ်​မ
ကွာ​ပေးပါမယ်​"ဆိုပြီးငို​နေ​ပါ
တော့သည်​။
ချောစုရင်​ထဲမှာဆို့နင့်​​ကြေ
ကွဲလာသည်​ ။အပြစ်​မဲ့​သော
က​လေးငယ်​နှင့်​အစ်​မကို
ကြည့်​ရင်းစည်​သူကို​ဒေါသ
ဖြစ်​လာသည်​။ ကာမပိုင်​ဇနီး
မယားရှိပါလျှက်​လိမ်​လည်
ပြီးမိမိကိုယ်​ဖြား​ယောင်းသူ
လူယုတ်​မာကြည့်​ရ​တော့သူမဟုတ်​သလိုမျိုး
စော​စောသိရလို့​ပေါ့ ယူပီးမှများသိရလျှင်​မ​တွေး
ရဲစရာ မိဘနှင့်​​ဆွေမျိုးကြား
မှာ​ခေါင်း​ဖော်​ရဲမည်​မထင်
တွေ့ကြ​သေးတာ​ပေါ့စည်​သူ
ရယ်​။

"ကဲလူယုတ်​မာ ဖြန်း"
အိမ်​သို့​ရောက်​လာ​သော
စည်​သူကို​တွေ့​တွေ့ခြင်း
စိတ်​မထိန်းနိုင်​ဘဲပါးရိုက်​သည့်​​ချောစု လက်​ညိုး
ငေါက်​​ငေါက်​ထိုးပြီး​ပြော
မိသည်​။"နင့်​မိန်းမနဲ့က​လေး
အိမ်​လာသွားတယ်​ အကုန်​လုံးငါသိပြီ နင်​လူယုတ်​မာ
နင်​မျက်​နှာမကြည့်​ချင်​ဘူး
ထွက်​သွားအခုထွက်​သွား"
ခေါင်းငိုက်​စိုက်​ချရင်းထွက်​သွား​သောစည်​သူကိုကြည့်
ရင်း ​ချောစုမျက်​ရည်​​တွေ
ကြလာသည်​။အွန်​လိုင်း​ပေါ်
မှာ​တွေ့ပြီး မစူးစမ်းမ​လေ့
လာဘဲအ​ပေါ်ယံကြည့်​ပြီး
ဘဝနဲ့ပုံပြီးမှားခဲ့သည်​။
အွန်​လိုင်း​ပေါ်က အချစ်​ဆို
တာဖြူစင်​ရိုးသားမူမပါ
ကြဘူးဆိုတာသိလိုက်​ရလို့
နောင်​တရလိုက်​မိရင်း စိုစွတ်
နေ​သောမျက်​ရည်​များကို
သုတ်​ရင်းဘဝသစ်​ကိုတည်
ဆောက်​ဖို့​ချေလှမ်းသစ်​များ
ကိုဆက်​​လျှောက်​​ရပါ​တော့မည်​။
winnaingoo.Msu.No.74

H2
H3
H4
3 columns
2 columns
1 column
Join the conversation now