" သိကြားမင်းကြီး…လူ့ ပြည်ဆင်းသည် မဆင်းသည်""

သိကြားမင်းကြီးဆိုတာတော့…တန်ခိုးကြီးတဲ့…
နတ်ဘုရင်ကြီးတစ်ပါးပါ…အတာအိုးဆိုတာကတော့…နေ့ ခုနှစ်နေ့ ကို…
ကိုယ်စားပြုတဲ့အရာတွေထည့်ထားတဲ့အိုးပါ…
ပတ်ဝန်းကျင်ပေါ်မူတည်ပြီး …အဆင်ပြေတဲ့ အရွက် အညွှန့် တွေထည့်ရတာမျိုးပါ…
(အကျယ်တဝင့်မဖော်ပြတော့ပါခင်ဗျာ)…အဓိကဖော်ပြရေးသားချင်မိတာကတော့…

သင်္ကြန်ကာလမှာ သိကြားမင်းကြီး လူ့ ပြည်ကို "ဆင်းတယ် မဆင်းဘူး"ဆိုတာပါပဲ…
သင်္ကြန်စာရောင်းတဲ့ သူတွေကလည်း ရောင်းကောင်းအောင်လို့ …
" ဒီနှစ်တော့ သိကြားမင်းကြီး …ဘီလူးစီးဆင်းမယ်…ကျွဲစီးဆင်းမယ်…
"ဘယ်လိုဆင်းမယ်…ဘယ်လိုလုပ်မယ်ပေါ့…ကာတွန်းဆရာတွေကလည်း…
သိကြားမင်းကြီး …လူပြည်ဆင်းတဲ့ကာတွန်းတွေကအရေးများတော့.…
သိကြားမင်းက…တစ်ကယ်ပဲဆင်းလာသလားပေါ့…
ပိုဆိုးတာကတော့…မြန်မာနိုင်ငံကတစ်ကယ့်အထင်ကရ
(စော်ကားတာမဟုတ်ပါဗျာ)ဗေဒင်ဆရာတွေကလည်း…ဖော်ပြထားပါတယ်…
"ဒီနှစ်သင်္ကြန် သိကြားမင်းကြီး…ကျွဲစီးပြီးဆင်းလာမယ်…လက်တစ်ဘက်က…
ရေအိုးနဲ့ နောက်လက်တစ်ဘက်က…ပန်းကိုင်ပြီးဆင်းလာမယ် "…တဲ့

တစ်ကယ်တော့…(ကျွန်တော်သိထားတာက)သင်္ကြန်စာမှာပါတဲ့…
အချွန်အတက်တွေပါပြီး…ဦးထုပ်ဆောင်းထားတဲ့နတ်ဝတ်တန်ဆာနဲ့ ပုဂ္ဂိုလ်ဟာ…
သိကြားမင်းမဟုတ်ပါဘူး…တနင်္ဂနွေဂြိုဟ်မင်း(နေမင်းကြီး) ပါ…
ဟိုးအရင်ခေတ်က နက္ခတ်ဗေဒပညာရှင်တွေဟာ…တနင်္ဂနွေ…တနင်္လာ…
စသည်ဖြင့်…နေ့ ခုနှစ်နေ့ ကို နတ်ဒေဝါတွေလို့ သတ်မှတ်ထားကြတော့…
အခုခေတ်ထိ အဲ့ဒီ့အငွေ့ အသက်က …ကျန်နေပါသေးတယ်…
အဲဒါကြောင့်…တနင်္ဂနွေဂြိုဟ်မင်းက…သင်္ကြန်အတက်နေ့ 
ဆင်းလာပြီး…နှစ်ဆန်းတစ်ရက်နေ့ ပြန်တက်သွားတာပါ…
ဒါကိုပဲ သိကြားမင်းဆင်းလာတယ်…ပြန်တက်သွားတယ်
လုပ်နေကြတာတွေ…တွေ့ မြင်ပြီးကြားနေရပါတယ်…
ကျွန်တော်လည်း ဗုဒ္ဓဘာသာပါ…နှစ်ဆန်းတစ်ရက်နေ့ အတာအိုးထိုးပါတယ်…
ပရိတ်ရွတ်ပါတယ်…ဒါပေမယ့်တစ်ချို့ က ပြောပြတာ လက်မခံကြဘူးဗျာ…
သိကြားမင်းပဲဆင်းဆင်း…တနင်္ဂနွေဂြိုဟ်မင်းပဲဆင်းဆင်း…တစ်ကယ်တော့
ကျွန်တော်တို့ ကို မထိခိုက်ပါဘူး…ဘယ်သူ့ မှလည်းမထိခိုက်ပါဘူး
ဒါပေမယ့်…တစ်ကယ့်ဗေဒင်ဆရာကြီးတွေကိုယ်တိုင်က…
သိကြားမင်းလို့ ပြောနေတာတော့…သိပ်သဘာဝမကျလို့ ပါဗျာ..…
ဟိုးအရင်ကတည်းက…အမှတ်မှားလာခဲ့တာ…နောက်ဆုံးအဲ့အမှားကပဲ…
အမှန်တရားလို.…ဖြစ်နေခဲ့တယ်လေ…

ပြီးတော့ နတ်ပြည်နဲ့ လူ့ ပြည်အချိန်ကာလလည်း…အများကြီးကွာပါတယ်
နတ်ပြည်တစ်ရက်.လူ့ ပြည်အနှစ်၅၀ ဆိုလားပဲ…လူ့ ပြည်နှစ် ၅၀ကြာမှ
တစ်ခါဆင်းရရင်တော်သေးတယ်…အခုကတစ်နှစ်တစ်ခါဆင်းနေရင်…
သိကြားမင်းလည်း…နတ်စည်းစိမ်တောင်…ကောင်းကောင်းခံစားနိုင်မှာမဟုတ်ပါဘူး…
တက်လိုက်/ ဆင်းလိုက်နဲ့ …အတော်လေးဒုက္ခရောက်နိုင်ပါတယ်ဗျာ…
အဲ့ဒါကြောင့်…" သိကြားမင်းကြီး…လူ့ ပြည်ဆင်းလား မဆင်းလား" ဆိုတာ
ကိုယ့်ဘာသာကိုယ်.…စဉ်းစားလေ့လာဆုံးဖြတ်ကြပါဗျာ…
ကျွန်တော်က…သိစေချင်တဲ့ ဆန္ဒနဲ့ …ပြောပြတာပါ…
လိုအပ်ချက်များ…မှားယွင်းမှုများရှိခဲ့ရင်လည်း…
ဖြည့်စွက်နားလည်ပေးကြပါလို့ ပြောကြားရင်း စာကိုအဆုံးသတ်ပါတယ်ခင်ဗျာ

Steemitမှညီအကိုမောင်နှမ များအားလုံး
မြန်မာနှစ်သစ်ကူး…အခါသမယမှာ…ကျန်းမာချမ်းသာ…
လိုအင်ဆန္ဒပြည့်ဝနိုင်ကြပါစေ ။

photo creditsး Facebook

MSCး 234

Author >>> winko

H2
H3
H4
3 columns
2 columns
1 column
Join the conversation now