ယို့ယွင်းပျက်ဆီးနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရအောင်

image

သဘာဝပတ်ဝန်းကျင်သည် လူသားတို့၏ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင် စသည်တို့တွင် ပတ်သက်စပ် ဆက်နွယ်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ခြင်းသည် မိမိနိုင်ငံအတွက်သာမက ကမ္ဘာကြီး၏ သာယာလှပမှု၊ ဂေဟစနစ်ကိုပါ ထိန်းသိမ်းပြုပြင်ခြင်းလည်း ဖြစ်သည်။ လူသားများသည် သဘာဝပတ်ဝန်းကျင်အား မှီခိုနေထိုင်ကြပြီး တပြိုင်နက်ထဲမှာပင် သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးနေသည်ကလည်း လူသားများပင်ဖြစ်ပေသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုသော ခေါင်းစဉ်အောက်တွင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ပျက်ဆီးပျောက်ဆုံးသွားလေ့ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာသည်နှင့်အမျှ သဘာဝအရင်းအမြစ်များ လျော့ပါးပျောက်ကွယ်လာသကဲ့သို့ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ သစ်တော၊ တောင်တန်းများ ပျက်ဆီးမှုများ ဖြစ်ပေါ်လာစေသည်။ ဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင်၊ အခွင့်အလမ်းများစွာရရှိနိုင်သကဲ့သို့ ခေတ်မီလာသော ပညာရေးစနစ်၊ ကျန်းမာရေးဝန်ဆောင်မှုအစရှိသော ကောင်းကျိုးများကို ရရှိခံစားစေပါသည်။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မော်တော်ယာဉ်သုံးစွဲမှုများ၊ စက်ရုံလည်ပတ်မှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ တူးဖော်မှုလုပ်ငန်များ များပြားလာသည်နှင့်အညီ ထိုအရာများမှ ထွက်ပေါ်လာသော ညစ်ညမ်းစွန့်ပစ်ပစ္စည်းများမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်ဆီးစေသည်။ သဘာဝအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲမှုများ၊ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာ စွန့်ပစ်မှုစသော သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများကို အနာဂတ်တွင် ရှင်သန်နေထိုင်သွားရမည့် လူသားများက ပိုမိုခံစားရမည်ဖြစ်သည်။
“ကျွန်မတို့နိုင်ငံမှာ အလွန်လှပတဲ့ ၀န်းကျင်ရှိပါတယ်။ အဲ့ဒီပတ်ဝန်းကျင်ကို မထိန်းထားနိုင်ရင် ခဏလေးနဲ့ ပျက်ဆီးသွားမှာပါ။ အခြားနိုင်ငံတွေမှာ ဘယ်လိုပျက်စီးသွားတယ်ဆိုတာ သင်ခန်းစာယူပြီး ကျွန်မတို့နိုင်ငံ နောက်မကျမီ ထိန်းသိမ်းရမှာပါ” ဟု ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ် ဓာတ်ပုံပြပွဲဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပေသေးသည်။
လူဦးရေတိုးပွားလာသည်နှင့်အမျှ သစ်တောများအား စိုက်ခင်းအဖြစ်သော်လည်းကောင်း၊ မြို့ပြလူနေအိမ်ယာများအဖြစ်လည်းကောင်း ချဲ့ထွင်လာကြသည်မှ အစပြုပြီး ခုတ်ထွင်ရှင်းလင်းလာကြရမှ သဘာဝပတ်ဝန်းကျင် ယို့ယွင်းပျက်ဆီးလာပြီး ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်လာရသည်။ အဆိုပါ လူတို့၏ ပယောဂကြောင့်ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုသည် မမျှော်လင့်ထားလောက်အောင် လွန်ကဲသောအဆင့်သို့ ဦးတည်နေသည်ကို မြင်တွေ့နေရသည်ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာကြီး၏အပူချိန်သည် သဘာဝပတ်ဝန်ကျင် ယို့ယွင်းပျက်ဆီးမှုမရှိခဲ့ပါကမူ နှစ်ပေါင်း ၁၀၀၀၀ လောက်အကြာမှ 1°C သာ မြင့်တက်လာနိုင်သော်လည်း ယခုအခါ လူတွေရဲ့ ပယောဂကြောင့် နောင်လာမည့် နှစ်ပေါင်း ၈၀ ခန့် ၂၁၀၀ တွင် ကမ္ဘာကြီး၏ အပူချိန်ဟာ 5°c ထိမြင့်တက်လာနိုင်တယ်လို့ သိပံ္ပပညာရှင်များက ခန့်မှန်းထားကြသည်။
မြန်မာစကားပုံတစ်ခုရှိသည်။ "ဥတုရာသီ တောကိုမှီ" တဲ့။ မြန်မာနိုင်သည် ယခင်က သစ်တောများဖြင့် ဝေဆာသာယာလှပသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သစ်တောများ အဆမတန်ခုတ်ထွင်ခဲ့မှု့ကြောင့် သစ်တောများ ပြုန်းတီခဲ့ရပေပြီ။ ခုတ်ထွင်မှု့ရှိပြီး ပြန်လည်စိုက်ပျိုးမှု အားနည်းခဲ့သောကြောင့် ကမ္ဘာ့သစ်တော ပြုန်းတီးမှု့အများဆုံးနိုင်ငံစာရင်းတွင် အဆင့်(၄)တွင် ရောက်ရှိနေပေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုလျှင် သစ်တော၏ လက်ကျန် ဧရိယာမှာ ၂၄% သာရှိပါတော့သည်။ သစ်တောပြုန်းတီးမှု့များကြောင့် အပူချိန်တိုးမြင့်လာခြင်း၊ အိုဇုန်းလွှာပိုမိုပါးလွှာလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းများ ဖြစ်ပေါ်လာခြင်းများက သက်သေခံနေပါသည်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၏ အကျိုးဆက်ကား အလွန်အမင်း ဖျက်ဆီးနိုင်စွမ်း ကြီးမာလာခြင်းဖြစ်သည်။ ရေခဲမြစ်များနှင့် ရေခဲပြင်များ အရည်ပျော်လာပြီး မိုးသည်းထန်စွာရွာသွန်းမှု့များ၊ ရေလွှမ်းမို့မှု့ဖြစ်စဉ်များ ပိုမိုကြုံတွေ့နိုင်လာသည်။ မိုးခေါင် ပူပြင်းသောရာသီဥတုကိုလည်း ကြုံတွေ့လာရသည်။ မုန်တိုင်းများနှင့် သဘာဝဘေးကပ်ဆိုးများ ပိုမိုရင်ဆိုင်တွေ့လာရသည်။ မြန်မာနိုင်ငံသည် ယို့ယွင်းပျက်ဆီးနေသော သဘာဝပတ်ဝန်းကျင်ကြောင့် ရာသီဥတုဖောက်ပြန်ပျက်ဆီးခြင်း၏ အကျိုးရလဒ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၅ ခုနှစ်ကပင် လောလောလတ်လတ်ကြုံတွေ့ခံစားခဲ့ရသည်။ နိုင်ငံနှင့်အဝှမ်း ရေကြီးရေလျှ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ကျေးရွာတစ်ချို့မှာ ရွာလုံးကျွတ်ပျက်ဆီးဆုံးရှုံးခဲ့ကြရသည်။ သီးနှံစိုက်ခင်းများ ပျက်ဆီးဆုံးရှုံးမှု ဒါဏ်ကို ခံစားခဲ့ကြရသည်။
သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော အကြောင်းအရာသည် ကြီးမားကျယ်ပြန့်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ပါဝင်ပတ်သက် ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် နည်းလမ်းများစွာရှိသည်။
သဘာဝပတ်ဝန်းကျင်၏ အရေးပါသော အခန်းကဏ္ဍ၊ မိမိတို့ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်ဆီးနိုင်မှု နှင့် သဘာဝပတ်ဝန်းကျင်၏ လူသားတို့အပေါ် ရိုက်ခတ်လာနိုင်မှုတို့ကို လူအများ သိရှိနားလည် သဘောပေါက်စေရန် အသိပညာပေး စည်းရုံးလှုံဆော်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးသင့်သည်။
စီးပွားရေးလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှု၊ ရင်းနှီးမြှပ်နှံသူများနှင့် အခြား ရင်းနှီးမြှပ်နှံသူတို့၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုလုပ်ရပ်များကို ဖော်ထုတ်တားဆီးခြင်းသည်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တစ်မျိုးဖြစ်သည်။ ပြည်သူလူထုမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းသည်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သည့် အလုပ်တစ်ခုဖြစ်ပေသည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှသာ ကာကွယ်စောင့်ရှောက်ရာ ရောက်မည်မဟုတ်။ သဘာဝအတိုင်း ဆက်လက်ရပ်တည်နေနိုင်အောင် ပြုလုပ်ခြင်းသည်ပင်လျှင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနည်း တစ်မျိုးဖြစ်ပေတော့သည်။
image
Writer @wailinn
MSC - 144

H2
H3
H4
3 columns
2 columns
1 column
Join the conversation now